Quran with Burmese translation - Surah Al-Anbiya’ ayat 83 - الأنبيَاء - Page - Juz 17
﴿۞ وَأَيُّوبَ إِذۡ نَادَىٰ رَبَّهُۥٓ أَنِّي مَسَّنِيَ ٱلضُّرُّ وَأَنتَ أَرۡحَمُ ٱلرَّٰحِمِينَ ﴾
[الأنبيَاء: 83]
﴿وأيوب إذ نادى ربه أني مسني الضر وأنت أرحم الراحمين﴾ [الأنبيَاء: 83]
Ba Sein ၈၃။ တဖန်တမန်တော်အိုင်ယူး(ဘ်)၊ သူသည် မိမိ၏အရှင်သခင်အား ကြွေးကြော်တင်လျှောက်သည်မှာ အို---အကျွနု်ပ်၏ ကျေးဇူးတော်သခင်၊ အကျွနု်ပ်သည် အတိဒုက္ခရောက်နေပါရပါ၏၊ အရှင်မြတ်သည် သနားဂရုဏာ ပြသူတကာတို့တွင် အထွဋ်အခေါင်ဖြစ်တော်မူထသော မဟာဂရုဏာတော်အရှင်ဖြစ်တော်မူပါ၏။ |
Ghazi Mohammad Hashim ၎င်းပြင် (အို-နဗီတမန်တော်၊ အသင်သည် နဗီတမန်တော်)အိုက်ယူးဗ်(၏အတ္ထုပ္ပတ္တိအကြောင်း) ကို(လည်းထုတ်ဖော်ပြောကြားပါလေ)။ တစ်ရံသော အခါဝယ် ထိုအိုက်ယူးဗ်သည် မိမိအား ဖန်ဆင်းမွေးမြူ တော်မူသောအရှင်မြတ်အား (အို-ကျွန်တော်မျိုးအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊) ဧကန်မလွဲ ကျွန်တော်မျိုး၌ ဘေးဥပဒ်သက်ရောက်ပါပြီ။စင်စစ် သော်ကား အရှင်မြတ်သည် သနားကရုဏာ ပြုတတ်သူတို့တွင် သနားကရုဏာ ပြုတော်မူဆုံးသော အရှင်မြတ်ပင်ဖြစ်တော်မူပါသည်ဟု ဟစ်ခေါ်တသ ပန်ကြားခဲ့လေ၏။ |
Hashim Tin Myint ထို့ပြင် (တမန်တော်)အိုင်ယူဗ်(အကြောင်းကိုလည်း ထုတ်ဖော်ပြောကြားပါ)။ တစ်ခါက ၎င်းသည် ၎င်းအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်အား ဟစ်ခေါ်ပန်ကြားခဲ့သည်- “အရှင်မြတ်သည် သနားသည့်သူများထဲတွင် အသနားဆုံးအရှင်ဖြစ်နေတော်မူပါလျက် အမှန်စင်စစ် ကျွန်ုပ်တွင် ဒုက္ခခံစား(နေ)ရပါသည်။ (သို့ဖြစ်ရာ အရှင်မြတ်သည် ကျွန်ုပ်အား သနားတော်မူပါ)“ |