Quran with Burmese translation - Surah Al-hajj ayat 67 - الحج - Page - Juz 17
﴿لِّكُلِّ أُمَّةٖ جَعَلۡنَا مَنسَكًا هُمۡ نَاسِكُوهُۖ فَلَا يُنَٰزِعُنَّكَ فِي ٱلۡأَمۡرِۚ وَٱدۡعُ إِلَىٰ رَبِّكَۖ إِنَّكَ لَعَلَىٰ هُدٗى مُّسۡتَقِيمٖ ﴾
[الحج: 67]
﴿لكل أمة جعلنا منسكا هم ناسكوه فلا ينازعنك في الأمر وادع إلى﴾ [الحج: 67]
Ba Sein ၆၇။ ငါအရှင်မြတ်သည် လူမျိုးတိုင်းကို ၎င်းတို့လိုက်နာဆောင်ရွက်ဖို့ရာ ကျင့်စဉ်များချပေးသနားတော်မူခဲ့ပြီ၊ ဤသူ တို့အား သာသနာတော်ရေးနှင့်စပ်လျဉ်း၍ သင့်အား မငြင်းခုံကြစေလင့်၊ သို့သော်သူတို့အား သင်၏ အသက် သခင်ကျေးဇူးရှင်ဘက်တော်သို့ ဖိတ်မန္တကပြုလော့၊ မှတ်သားလော့၊ သင်သည် မှန်သောညွှန်ပြချက်ကို လိုက်နာ သူအမှန်ဖြစ်၏။ |
Ghazi Mohammad Hashim ငါအရှင်မြတ်သည် သာသနာဝင်အုပ်စုတိုင်းအဖို့ (ကိုးကွယ်ဆည်းကပ်ရန်) ပညတ်တရားတစ်ခုကို သတ်မှတ်ပြဋ္ဌာန်း၍ ပေးတော်မူခဲ့ရာ ၎င်းတို့သည် ယင်းပညတ်တရားနှင့်အညီ ကိုးကွယ်ဆည်းကပ် လိုက်နာသူများ ဖြစ်ခဲ့ကြကုန်၏။ သို့ဖြစ်ပေရာ (ဤသူတို့သည်) ယင်းအရေးကိစ္စ၌ အသင်နှင့် ငြင်းခုံခြင်းကို မပြုကြရချေ။ ၎င်းပြင် အသင်သည်(လည်း)မိမိအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ဘက်သို့ (၎င်းတို့အား)ဖိတ်ခေါ်လျက်ရှိပါလေ။ ဧကန်မလွဲ အသင်သည် ဖြောင့်မတ်မှန်ကန်သော တရားလမ်းစဉ်ပေါ်၌ တည်ရှိပေသည်။ |
Hashim Tin Myint ငါအရှင်မြတ်သည် သာသနာဝင်အုပ်စုတိုင်းအတွက် (ကိုးကွယ်ရန်)နည်းလမ်းတစ်ခုကို သတ်မှတ်ပေးတော်မူခဲ့သည့်အတွက်* သူတို့သည် ထိုနည်းလမ်းအတိုင်း ကိုးကွယ်လိုက်နာသူများ ဖြစ်ခဲ့ကြသည်။ သို့ဖြစ်ရာ (သူတို့သည်) ထိုအရေးကိစ္စတွင် အသင်နှင့် ငြင်းခုံမှု မပြုရပေ။ ထို့ပြင် အသင်သည် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်ဘက်သို့ ဖိတ်ခေါ်နေပါ။ အမှန်စင်စစ် အသင်သည် ဖြောင့်မတ်မှန်ကန်သော လမ်းပေါ်တွင် အမှန် တည်ရှိသည်။ |