Quran with Burmese translation - Surah Al-hajj ayat 66 - الحج - Page - Juz 17
﴿وَهُوَ ٱلَّذِيٓ أَحۡيَاكُمۡ ثُمَّ يُمِيتُكُمۡ ثُمَّ يُحۡيِيكُمۡۗ إِنَّ ٱلۡإِنسَٰنَ لَكَفُورٞ ﴾
[الحج: 66]
﴿وهو الذي أحياكم ثم يميتكم ثم يحييكم إن الإنسان لكفور﴾ [الحج: 66]
Ba Sein ၆၆။ အလ္လာဟ်အရှင်မြတ်သည် သင်တို့ကို အသက်ရှင်စေတော်မူသောအရှင်၊ ထို့နောက်သေစေတော်မူမည့်အရှင်၊ တဖန်ရှင်ပြန်ထမြောက်စေတော်မူမည့်အရှင်ဖြစ်တော်မူ၏၊ မှတ်သားကြလော့၊ လူသားသည် ကျေးဇူးကန်းသူ အမှန်ဖြစ်၏။ |
Ghazi Mohammad Hashim ထိုအရှင်မြတ်သည်ပင်လျှင် အသင်တို့အား အသက်ရှင်ခြင်းကို ချီးမြှင့်တော်မူခဲ့သောအရှင် ဖြစ်တော်မူသည်။ တစ်ဖန် ထိုအရှင်မြတ်သည် အသင်တို့အား အသက်သေစေတော်မူမည်။ ထို့နောက်တစ်ဖန် ထိုအရှင်မြတ်သည် အသင်တို့အား အသက်ရှင်စေတော်မူမည်ဖြစ်သည်။ ဧကန်မလွဲ လူသားသည် အလွန်တရာကျေးဇူးကန်သူ အမှန်ပင် ဖြစ်ချေသတည်း။ |
Hashim Tin Myint ထို့ပြင် အရှင်မြတ်ပင် အသင်တို့အား အသက်ရှင်ခြင်းကို ပေးတော်မူသောအရှင် ဖြစ်တော်မူသည်။ ထို့ပြင် အရှင်မြတ်သည် အသင်တို့အား သေစေတော်မူမည်။ ထို့ပြင် အရှင်မြတ်သည် အသင်တို့အား ရှင်စေတော်မူဦးမည်ဖြစ်သည်။ အမှန်စင်စစ် လူသားသည် အလွန်ကျေးဇူးကန်းသူ အမှန်ပင်ဖြစ်သည်။ |