×

ဧကန်ပင်၊ အလ္လာဟ်အရှင်မြတ်သည် မိုးကောင်းကင်နှင့်ကမ္ဘာဂြိုဟ်၌ ရှိသမျှတို့ကို သိနေတော်မူကြောင်း အသင် သိပြီ မဟုတ်လော။ ဧကန်စင်စစ် ထို (အရာအားလုံး) သည် 22:70 Burmese translation

Quran infoBurmeseSurah Al-hajj ⮕ (22:70) ayat 70 in Burmese

22:70 Surah Al-hajj ayat 70 in Burmese (البورمية)

Quran with Burmese translation - Surah Al-hajj ayat 70 - الحج - Page - Juz 17

﴿أَلَمۡ تَعۡلَمۡ أَنَّ ٱللَّهَ يَعۡلَمُ مَا فِي ٱلسَّمَآءِ وَٱلۡأَرۡضِۚ إِنَّ ذَٰلِكَ فِي كِتَٰبٍۚ إِنَّ ذَٰلِكَ عَلَى ٱللَّهِ يَسِيرٞ ﴾
[الحج: 70]

ဧကန်ပင်၊ အလ္လာဟ်အရှင်မြတ်သည် မိုးကောင်းကင်နှင့်ကမ္ဘာဂြိုဟ်၌ ရှိသမျှတို့ကို သိနေတော်မူကြောင်း အသင် သိပြီ မဟုတ်လော။ ဧကန်စင်စစ် ထို (အရာအားလုံး) သည် မှတ်တမ်းစာအုပ်၌ မှတ်တမ်းတင်ထားပြီ ဖြစ်၏။ ဧကန်မလွဲ၊ ထိုသို့ (မှတ်တမ်းတင်ခြင်းသည်) အလ္လာဟ်အရှင်မြတ်အတွက် အလွန်ပင် လွယ်ကူလှပေ၏။

❮ Previous Next ❯

ترجمة: ألم تعلم أن الله يعلم ما في السماء والأرض إن ذلك في, باللغة البورمية

﴿ألم تعلم أن الله يعلم ما في السماء والأرض إن ذلك في﴾ [الحج: 70]

Ba Sein
၇ဝ။ အလ္လာဟ်အရှင်မြတ်သည် အထက်မိုးကောင်းကင်၊ အောက်ကမ္ဘာကြီးပေါ်ဝယ်ရှိရှိသမျှကို သိတော်မူကြောင်း၊ သင်သိပြီမဟုတ်လော၊ မှတ်သားကြလော့၊ ၎င်းသည် မှတ်ပုံစာအုပ်ကြီး၌ အမှန်ရှိ၏၊ ထိုအရာသည် အလ္လာဟ် အရှင်မြတ်အဖို့ အမှန်လွယ်ကူ၏။
Ghazi Mohammad Hashim
ဧကန်အမှန် အလ္လာဟ်အရှင်မြတ်သည် မိုးကောင်းကင်၌ ရှိသမျှတို့ကိုလည်းကောင်း၊ ပထဝီမြေ၌ ရှိသမျှတို့ကိုလည်းကောင်း၊ (အကြွင်းမဲ့)သိရှိတော်မူသည်ကို အသင်မသိလေသလော။ ဧကန်စင်စစ် ထို(အရာများ)သည် မှတ်တမ်းတွင်ရှိပေသည်။ ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်အဖို့ ယင်း(အဆုံးအဖြတ်)ကား လွယ်ကူလှပေသတည်း။
Hashim Tin Myint
အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် မိုး‌ကောင်းကင်တွင် ရှိသမျှနှင့် ‌မြေပထဝီတွင် ရှိသမျှအား သိ‌တော်မူသည်ကို အသင်မသိသ‌လော။ အမှန်စင်စစ် ထိုအရာများသည် မှတ်တမ်းရှိသည်။ အမှန်စင်စစ် ထိုအရာသည် အလ္လာဟ်အရှင်မြတ်အတွက် လွယ်ကူသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek