Quran with Burmese translation - Surah Al-hajj ayat 71 - الحج - Page - Juz 17
﴿وَيَعۡبُدُونَ مِن دُونِ ٱللَّهِ مَا لَمۡ يُنَزِّلۡ بِهِۦ سُلۡطَٰنٗا وَمَا لَيۡسَ لَهُم بِهِۦ عِلۡمٞۗ وَمَا لِلظَّٰلِمِينَ مِن نَّصِيرٖ ﴾
[الحج: 71]
﴿ويعبدون من دون الله ما لم ينـزل به سلطانا وما ليس لهم﴾ [الحج: 71]
Ba Sein ၇၁။ ထို့အပြင်မိစ္ဆာမိုက်တို့သည် အရှင်မြတ်မှတပါး ဘုရားတုကို ကိုးကွယ်ဆည်းကပ်ကြသည်၊ ယင်းသို့ပြုလုပ်ရန် သူတို့မှာ အကိုးအကားတစ်စုံတစ်ရာမရှိချေ၊ ထို့အပြင်သူတို့သည် မိမိတို့၏ဘုရားပျက်အကြောင်းကို တစ်စုံတစ်ရာ မသိရှိကြချေ၊ အကြောင်းမူကားဒုစရိုက်မကောင်းမှုကို ကျူးလွန်သူများအဖို့အရာ ကူညီစောင်မသူလုံးဝမရှိချေ။ |
Ghazi Mohammad Hashim စင်စစ်သော်ကား ၎င်းတို့သည် အလ္လာဟ်အရှင်မြတ်အား စွန့်၍ အကြင်အရာများကို ကိုးကွယ် ဆည်းကပ်ကြကုန်၏။ ထိုအရှင်မြတ်သည် ယင်းအရာများ(ကို ကိုးကွယ်နိုင်ခွင့်ရှိကြောင်းနှင့်စပ်လျဉ်း၍) မည်သည့်သက်သေခံ တစ်စုံတစ်ရာကိုမျှ ချပေးတော်မူခဲ့သည်မရှိပေ။ ယင်းအရာများ(ကိုကိုးကွယ် ဆည်းကပ်မှု)နှင့် စပ်လျဉ်း၍ ၎င်းတို့၌ မည်သည့်အသိပညာ အထောက်အထား တစ်စုံတစ်ရာမျှလည်း မရှိချေ။၎င်းပြင် မတရားသောသူတို့အား ကူညီစောင့်မမည့်သူ ဟူ၍လည်း တစ်ဦးတစ်ယောက်မျှ ရှိလိမ့်မည် မဟုတ်ပေ။ |
Hashim Tin Myint ထို့ပြင် သူတို့သည် အလ္လာဟ်အရှင်မြတ်အား စွန့်၍ အကြင်အရာများကို ကိုးကွယ်ကြသည်။ ထိုအရာများ(အား ကိုးကွယ်ရန်)အရှင်မြတ်က မည်သည့်သက်သေခံမှ ချပေးတော်မူခဲ့သည် မရှိပေ။ ထိုအရာများနှင့်ပတ်သက်၍ (ကိုးကွယ်ရန်)သူတို့တွင် မည်သည့် အသိပညာအထောက်အထားမှလည်း မရှိပေ။* ထို့ပြင် မတရားသူများအား ကူညီမည့်သူလည်း တစ်ဦးမှရှိမည် မဟုတ်ပေ။ |