Quran with Burmese translation - Surah Al-hajj ayat 71 - الحج - Page - Juz 17
﴿وَيَعۡبُدُونَ مِن دُونِ ٱللَّهِ مَا لَمۡ يُنَزِّلۡ بِهِۦ سُلۡطَٰنٗا وَمَا لَيۡسَ لَهُم بِهِۦ عِلۡمٞۗ وَمَا لِلظَّٰلِمِينَ مِن نَّصِيرٖ ﴾
[الحج: 71]
﴿ويعبدون من دون الله ما لم ينـزل به سلطانا وما ليس لهم﴾ [الحج: 71]
| Ba Sein ၇၁။ ထို့အပြင်မိစ္ဆာမိုက်တို့သည် အရှင်မြတ်မှတပါး ဘုရားတုကို ကိုးကွယ်ဆည်းကပ်ကြသည်၊ ယင်းသို့ပြုလုပ်ရန် သူတို့မှာ အကိုးအကားတစ်စုံတစ်ရာမရှိချေ၊ ထို့အပြင်သူတို့သည် မိမိတို့၏ဘုရားပျက်အကြောင်းကို တစ်စုံတစ်ရာ မသိရှိကြချေ၊ အကြောင်းမူကားဒုစရိုက်မကောင်းမှုကို ကျူးလွန်သူများအဖို့အရာ ကူညီစောင်မသူလုံးဝမရှိချေ။ |
| Hashim Tin Myint ထို့ပြင် သူတို့သည် အလ္လာဟ်အရှင်မြတ်အား စွန့်၍ အကြင်အရာများကို ကိုးကွယ်ကြသည်။ ထိုအရာများ(အား ကိုးကွယ်ရန်)အရှင်မြတ်က မည်သည့်သက်သေခံမှ ချပေးတော်မူခဲ့သည် မရှိပေ။ ထိုအရာများနှင့်ပတ်သက်၍ (ကိုးကွယ်ရန်)သူတို့တွင် မည်သည့် အသိပညာအထောက်အထားမှလည်း မရှိပေ။* ထို့ပြင် မတရားသူများအား ကူညီမည့်သူလည်း တစ်ဦးမှရှိမည် မဟုတ်ပေ။ |