Quran with Burmese translation - Surah Al-Mu’minun ayat 14 - المؤمنُون - Page - Juz 18
﴿ثُمَّ خَلَقۡنَا ٱلنُّطۡفَةَ عَلَقَةٗ فَخَلَقۡنَا ٱلۡعَلَقَةَ مُضۡغَةٗ فَخَلَقۡنَا ٱلۡمُضۡغَةَ عِظَٰمٗا فَكَسَوۡنَا ٱلۡعِظَٰمَ لَحۡمٗا ثُمَّ أَنشَأۡنَٰهُ خَلۡقًا ءَاخَرَۚ فَتَبَارَكَ ٱللَّهُ أَحۡسَنُ ٱلۡخَٰلِقِينَ ﴾
[المؤمنُون: 14]
﴿ثم خلقنا النطفة علقة فخلقنا العلقة مضغة فخلقنا المضغة عظاما فكسونا العظام﴾ [المؤمنُون: 14]
Ba Sein ၁၄။ ထို့နောက်ထိုမျိုးစေ့မှ သွေးခဲ၊ သွေးခဲမှ သားတစ်၊ သားတစ်မှ အရိုးများ၊ထိုအရိုးများအပေါ်၌ အသားအရေ၊ ခြေလက်၊ မျက်စိ၊ နား၊ နှာစသောကိုယ်အင်္ဂါအစိတ်အပိုင်းများကို အစဉ်အတိုင်းစုံလင်စေတော်မူ၏၊ ထို့နောက် ဖန်ဆင်းသောအရာတစ်ခုဖြစ်အောင် ဖန်ဆင်းတော်မူ၏၊ ထို့ကြောင့်အလ္လာဟ်အရှင်မြတ်သည် ကောင်းကြီးမင်္ဂလာ အဖြာဖြာနှင့်ပြည့်စုံတော်မူ၏၊ ဖန်ဆင်းသူတို့အပေါင်းတို့တွင် အထွဋ်အခေါင်ဖြစ်တော်မူ၏။ |
Ghazi Mohammad Hashim ထို့နောက် ငါအရှင်မြတ်သည် ယင်း ကလလရေကြည်ကို သွေးခဲအဖြစ် ဖန်ဆင်းတော်မူခဲ့ပြန်၏။ တစ်ဖန် ငါအရှင်မြတ်သည် ယင်းသွေးခဲကို အသားတုံးအဖြစ် ဖန်ဆင်းတော်မူခဲ့ပြန်၏။ တစ်ဖန် ငါအရှင်မြတ်သည် ယင်းအသားတုံးကို အရိုးများအဖြစ် ဖန်ဆင်းတော်မူခဲ့ပြန်၏။ ထို့နောက် ငါအရှင် မြတ်သည် ယင်းအရိုးများကို အသားဖြင့် တန်ဆာဆင်မြန်း၍ ပေးတော်မူခဲ့၏။ ထို့နောက် ငါအရှင်မြတ်သည် ယင်း(အသားဖြင့် ဆင်မြန်းပြီးဖြစ်သောအရိုးများ)ကို အခြားဖန်ဆင်းအပ်သော အရာတစ်ခုအဖြစ် ဖြစ်ပေါ်၍လာစေတော်မူခဲ့၏။ သို့ဖြစ်ပေရာ အကောင်းဆုံးသော ဖန်ဆင်းတော်မူသော အလ္လာဟ်အရှင်မြတ်သည် အဘယ်မျှ ထူးကဲမြင့်မြတ်လှဘိပါသနည်း။ |
Hashim Tin Myint ထို့နောက် ငါအရှင်မြတ်သည် ထိုသုက်ရည်မှ(မျိုးအောင်ပြီးနောက် သားဥသန္ဓေသားအဖြစ်မှ) သွေးခဲအဖြစ် ဖန်ဆင်းတော်မူသည်။ ထို့ပြင် ထိုသွေးခဲကို ဝါးဖတ်ကဲ့သို့ အသားတုံးအဖြစ် ဖန်ဆင်းတော်မူသည်။ ထို့ပြင် ထိုဝါးဖတ်ကဲ့သို့ အသားတုံးကို အရိုးများ(ထည့်ပြီး) ဖန်ဆင်းတော်မူသည်။ ထိုု့ပြင် ထိုအရိုးများကို အသားနှင့် ဆင်မြန်းတော်မူသည်။ ထို့နောက် ငါအရှင်မြတ်သည် ထို(အသားဖြည့်ထားသည့်အရိုး)ကို အခြားဖန်ဆင်းခံတစ်ခု (လူသား)အဖြစ် ဖြစ်ထွန်းလာအောင် ပြုလုပ်တော်မူခဲ့သည်။ သို့ဖြစ်ရာ အားလုံးသော ပြုလုပ်ဖန်ဆင်းသူများထက် အကောင်းဆုံး ဖန်ဆင်းပြုလုပ်တော်မူသော အလ္လာဟ်အရှင်မြတ်သည် အဘယ်မျှ ထူးကဲမြင့်မြတ်တော်မူလိုက်လေသနည်း။ |