×

ထို့ပြင် ငါအရှင်မြတ်သည် မိုးကောင်းကင်မှ မိုးရေကို (သင့်တော်သော) အတိုင်းအတာ၊ အချိန်အဆ အားဖြင့် ရွာသွန်းစေတော်မူပြီးနောက် ယင်းကို မြေကမ္ဘာထဲသို့ စိမ့်ဝင်၍ 23:18 Burmese translation

Quran infoBurmeseSurah Al-Mu’minun ⮕ (23:18) ayat 18 in Burmese

23:18 Surah Al-Mu’minun ayat 18 in Burmese (البورمية)

Quran with Burmese translation - Surah Al-Mu’minun ayat 18 - المؤمنُون - Page - Juz 18

﴿وَأَنزَلۡنَا مِنَ ٱلسَّمَآءِ مَآءَۢ بِقَدَرٖ فَأَسۡكَنَّٰهُ فِي ٱلۡأَرۡضِۖ وَإِنَّا عَلَىٰ ذَهَابِۭ بِهِۦ لَقَٰدِرُونَ ﴾
[المؤمنُون: 18]

ထို့ပြင် ငါအရှင်မြတ်သည် မိုးကောင်းကင်မှ မိုးရေကို (သင့်တော်သော) အတိုင်းအတာ၊ အချိန်အဆ အားဖြင့် ရွာသွန်းစေတော်မူပြီးနောက် ယင်းကို မြေကမ္ဘာထဲသို့ စိမ့်ဝင်၍ (နေထားတကျ ဖြစ်အောင်) ရပ် တည်စေတော်မူ၏။ စင်စစ်သော်ကား ငါအရှင်မြတ်သည် ထိုမိုးရေကို (တဖြည်းဖြည်း ဆုတ်ယုတ်စေတော်မူ၍) ကုန်ခန်းပျောက်စေခြင်းငှာ တတ်စွမ်းနိုင်တော်မူသောအရှင်လည်း ဖြစ်တော်မူ၏။

❮ Previous Next ❯

ترجمة: وأنـزلنا من السماء ماء بقدر فأسكناه في الأرض وإنا على ذهاب به, باللغة البورمية

﴿وأنـزلنا من السماء ماء بقدر فأسكناه في الأرض وإنا على ذهاب به﴾ [المؤمنُون: 18]

Ba Sein
၁၈။ ၎င်းအပြင်ငါသည် မိုးကောင်းကင်မှ မိုးရေကို သင့်လျော်ရုံမျှရွာသွန်းချ၍ မြေထဲတွင် နေရာပေးထားတော်မူ၏၊ စင်စစ်အားဖြင့် ငါသည် ထိုမိုးရေကို ရုပ်သိမ်းနိုင်တော်မူ၏။
Ghazi Mohammad Hashim
ထို့ပြင် ငါအရှင်မြတ်သည် မိုးကောင်းကင်မှ (မိုး) ရေကို (သင့်တော်သော) အတိုင်းအတာ ချိန်ဆချက်နှင့်တကွ ရွာသွန်းစေတော်မူခဲ့၏။ တစ်ဖန် ငါအရှင်မြတ်သည် ထို(မိုး) ရေကို ပထဝီမြေဝယ် ရပ်တည်စေတော်မူခဲ့၏။ စင်စစ်သော်ကား ငါအရှင်မြတ်သည် ထို(မိုး)ရေကို ပပျောက်စေခြင်းငှာ တတ်စွမ်းနိုင်တော်မူသော အရှင်လည်း ဖြစ်တော်မူပေသည်။
Hashim Tin Myint
ထို့ပြင် ငါအရှင်မြတ်သည် မိုး‌ကောင်းကင်မှ(မိုး)‌ရေကို အတိုင်းအတာ အချိန်အဆနှင့်တကွ ရွာသွန်း‌စေ‌တော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် ထို(မိုး)‌ရေကို ‌မြေပထဝီတွင် ရပ်တည်(ကိန်း‌အောင်း)‌စေ‌တော်မူခဲ့သည်။ ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် ထို(မိုး)‌ရေကို ပ‌ပျောက်‌အောင် လုပ်နိုင်‌တော်မူ‌သောအရှင်လည်း ဖြစ်‌တော်မူသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek