Quran with Burmese translation - Surah Al-Mu’minun ayat 26 - المؤمنُون - Page - Juz 18
﴿قَالَ رَبِّ ٱنصُرۡنِي بِمَا كَذَّبُونِ ﴾
[المؤمنُون: 26]
﴿قال رب انصرني بما كذبون﴾ [المؤمنُون: 26]
Ba Sein ၂၆။ ထိုအခါတမန်တော်နူဟိုသည် အို-အကျွနု်ပ်၏ အသက်သခင်ကျေးဇူးရှင်၊ ဤလူများသည် အကျွနု်ပ်ကို ငြင်းပယ် ကြပါသည်၊ အကျွနု်ပ်ကို မှိုင်းမတော်မူပါဟု အလ္လာဟ်အရှင်မြတ်အား တင်လျှောက်၏။ |
Ghazi Mohammad Hashim ထို(နဗီတမန်တော်) နူဟ်က အို-ကျွန်တော်မျိုးအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ ၎င်းတို့သည် ကျွန်တော်မျိုးအား မဟုတ်မမှန်ဟူ၍ ငြင်းပယ်ခဲ့ကြသောကြောင့် အရှင်မြတ်သည် ကျွန်တော်မျိုးအား ကူညီစောင်မတော်မူပါဟု လျှောက်ထားအသနားခံခဲ့လေသည်။ |
Hashim Tin Myint ၎င်း(တမန်တော်နူးဟ်)က ပြောဆိုလျှောက်ထားသည်၊ အို- ကျွန်ုပ်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ သူတို့သည် ကျွန်ုပ်ကို မဟုတ်မမှန်ဟု ငြင်းပယ်ခဲ့သည့်အတွက် အရှင်မြတ်သည် ကျွန်ုပ်ကို ကူညီတော်မူပါ။ |