Quran with Burmese translation - Surah Al-Mu’minun ayat 45 - المؤمنُون - Page - Juz 18
﴿ثُمَّ أَرۡسَلۡنَا مُوسَىٰ وَأَخَاهُ هَٰرُونَ بِـَٔايَٰتِنَا وَسُلۡطَٰنٖ مُّبِينٍ ﴾
[المؤمنُون: 45]
﴿ثم أرسلنا موسى وأخاه هارون بآياتنا وسلطان مبين﴾ [المؤمنُون: 45]
Ba Sein ၄၅။ ထို့နောက်ငါသည် တမန်တော်မူစာနှင့် သူ၏အစ်ကိုတမန်တော်ဟာရွန်တို့ကို ငါ၏သာဓကတော်များ၊ ထင်ရှား သောဗျာဒိတ်တော်များနှင့်တကွ စေလွှတ်တော်မူ၏။ |
Ghazi Mohammad Hashim ထို့နောက် ငါအရှင်မြတ်သည် (နဗီတမန်တော်) မူစာအားလည်းကောင်း၊ ထို(နဗီတမန်တော်)မူစာ၏နောင်တော် (နဗီတမန်တော်)ဟာရုန်အားလည်းကောင်း၊ မိမိ အမိန့်ပညတ်တော်များနှင့် ထင်ရှားလှစွာသော သက်သေသာဓကနှင့်တကွ စေလွှတ်တော်မူခဲ့၏။ |
Hashim Tin Myint ထို့နောက် ငါအရှင်မြတ်သည် (တမန်တော်)မူစာနှင့် ၎င်း၏အစ်ကို (တမန်တော်)ဟာရူန်ကို အရှင်မြတ်၏အာယသ်တော်များသာမက ထင်ရှားသော သက်သေသာဓက (လွှမ်းမိုးအောင်နိုင်မှု)များနှင့်တကွ စေလွှတ်တော်မူခဲ့သည်။ |