Quran with Burmese translation - Surah Al-Mu’minun ayat 44 - المؤمنُون - Page - Juz 18
﴿ثُمَّ أَرۡسَلۡنَا رُسُلَنَا تَتۡرَاۖ كُلَّ مَا جَآءَ أُمَّةٗ رَّسُولُهَا كَذَّبُوهُۖ فَأَتۡبَعۡنَا بَعۡضَهُم بَعۡضٗا وَجَعَلۡنَٰهُمۡ أَحَادِيثَۚ فَبُعۡدٗا لِّقَوۡمٖ لَّا يُؤۡمِنُونَ ﴾
[المؤمنُون: 44]
﴿ثم أرسلنا رسلنا تترى كل ما جاء أمة رسولها كذبوه فأتبعنا بعضهم﴾ [المؤمنُون: 44]
Ba Sein ၄၄။ ထို့နောက်ငါသည် ငါ၏တမန်တော်များကို တစ်ယောက်ပြီးတစ်ယောက်စေလွှတ်တော်မူ၏၊ လူမျိုးတစ်စုထံသို့ သူတို့၏ တမန်တော်ပွင့်လာသောအခါ သူတို့သည် ထိုတမန်တော်ကို မယုံကြည်ငြင်းပယ်ကြ၏၊ ထို့ကြောင့် ငါသည် ထိုလူမျိုးတို့အား တစ်မျိုးပြီးတစ်မျိုးပျက်စီးစေတော်မူ၏၊ သူတို့ကို ဥဒါဟရုဏ်များဖြစ်စေတော်မူ၏၊ မယုံကြည်သူအား မရှုမလှဖျက်ဆီးပယ်ရှားတော်မူ၏။ |
Ghazi Mohammad Hashim ထို့နောက် ငါအရှင်မြတ်သည် မိမိရစူလ်တမန်တော်များအား တစ်ပါးပြီးတစ်ပါး စေလွှတ်တော်မူခဲ့၏။ မည်သည့်အခါမျိုးမဆို အုပ်စုတစ်စု၏ထံသို့ ၎င်း၏ ရစူလ်တမန်တော်သည်(ပွင့်)ရောက်ခဲ့ပါလျှင် ယင်းအုပ်စုသည် ထိုရစူလ်တမန်တော်အား မဟုတ်မမှန်ဟူ၍ ငြင်းပယ်ခဲ့ကြသည်သာ။ သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် ၎င်းတို့အား တစ်ဦး၏နောက်သို့ တစ်ဦးကို လိုက်စေတော်မူခဲ့၏။ ထို့ပြင် ငါအရှင်မြတ်သည် ၎င်းတို့အား(တရားရဖွယ်ရာအကြောင်းများ) ပြုလုပ်တော်မူခဲ့ ၏။ သို့ဖြစ်ပေရာ သက်ဝင် ယုံကြည်ခြင်းမရှိသောသူတို့သည် (ကရုဏာတော်မှ) ကင်းဝေးခဲ့ကြရလေသတည်း။ |
Hashim Tin Myint ထို့နောက် ငါအရှင်မြတ်သည် ငါအရှင်မြတ်၏တမန်တော်များကို တစ်ပါးပြီးတစ်ပါး စေလွှတ်တော်မူခဲ့သည်။ မည်သည့်အခါဖြစ်စေ အုပ်စုတစ်စုထံသို့ တမန်တော်ရောက်လာခဲ့လျှင် ထိုအုပ်စုသည် ထိုတမန်တော်အား မဟုတ်မမှန်ဟု ငြင်းပယ်ခဲ့ကြသည်ချည်းပင် ဖြစ်သည်။ သို့ဖြစ်ရာ ငါအရှင်မြတ်သည် သူတို့အား တစ်ဦး၏နောက်ကို တစ်ဦး လိုက်စေတော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် သူတို့အား (သင်ခန်းစာယူဖွယ်ရာ) အကြောင်းများ ပြုလုပ်တော်မူခဲ့သည်။ သို့ဖြစ်ရာ မယုံကြည်သည့်သူများသည် (ကရုဏာမှ) ကင်းဝေးခဲ့ကြရသည်။ |