Quran with Burmese translation - Surah Al-Mu’minun ayat 55 - المؤمنُون - Page - Juz 18
﴿أَيَحۡسَبُونَ أَنَّمَا نُمِدُّهُم بِهِۦ مِن مَّالٖ وَبَنِينَ ﴾
[المؤمنُون: 55]
﴿أيحسبون أنما نمدهم به من مال وبنين﴾ [المؤمنُون: 55]
Ba Sein ၅၅၊၅၆။ ငါအရှင်မြတ်သည် သူတို့အား ပေးသနားတော်မူသောဥစ္စာပစ္စည်း၊သားသမီးအခြွေအရံများဖြင့် ငါသည် သူတို့ အကျိုးကို အဆောတလျင်ဆောင်ရွက်တော်မူသည်ဟု သူတို့ထင်ကြသလော၊ ယင်းသို့မဟုတ်ချေ၊ သို့သော် သူတို့သည် မမြင်ကြချေ။ |
Ghazi Mohammad Hashim အသို့ပါနည်း။ ၄င်းတို့သည် ထင်မှတ်ကြလေသလော။ ငါအရှင်မြတ်သည် ၎င်းတို့အား ဥစ္စာပစ္စည်း နှင့်သားရတနာများ ပေးသနားတော်မူသည်မှာ၊ |
Hashim Tin Myint သူတို့သည် (ဤသို့)ထင်မှတ်နေကြသလော။ ငါအရှင်မြတ်သည် သူတို့အား ပစ္စည်းဥစ္စာများနှင့် သားရတနာများကို ပေးသနားတော်မူခြင်းသည်၊ |