Quran with Burmese translation - Surah An-Nur ayat 1 - النور - Page - Juz 18
﴿سُورَةٌ أَنزَلۡنَٰهَا وَفَرَضۡنَٰهَا وَأَنزَلۡنَا فِيهَآ ءَايَٰتِۭ بَيِّنَٰتٖ لَّعَلَّكُمۡ تَذَكَّرُونَ ﴾
[النور: 1]
﴿سورة أنـزلناها وفرضناها وأنـزلنا فيها آيات بينات لعلكم تذكرون﴾ [النور: 1]
Ba Sein ၁။ ဤစူရာဟ်တော်သည် ငါအရှင်မြတ်ချမှတ်ပြဋ္ဌာန်းတော်မူသောစူရာဟ်တော်တည်း၊ သင်တို့ရိုသေလေးစားကောင်း လေးစားဖို့ရာ ဤစူရာဟ်တော်တွင် အဓိပ္ပါယ်ရှင်းလင်းထင်ရှားသောပညတ်တော်များကို ပြဋ္ဌာန်းချပေးတော်မူ၏။ |
Ghazi Mohammad Hashim (ဤသည်)ကဏ္ဍတစ်ခုပင် ငါအရှင်မြတ်သည်ပင် ယင်းကဏ္ဍကို ချပေးတော်မူခဲ့သည်။ ၎င်းပြင် ငါအရှင်မြတ်သည်ပင် ယင်းကဏ္ဍကို သတ်မှတ်ပြဋ္ဌာန်းတော်မူခဲ့သည်။ ထိုမှတစ်ပါး ငါအရှင်မြတ်သည် အသင်တို့ တရားရကြအံ့သောငှာ ယင်းကဏ္ဍ၌ ထင်ရှားစွာသော အာယတ်တော်များကို ချပေးတော်မူခဲ့သည်။ |
Hashim Tin Myint (ဤသည်) ကဏ္ဍတစ်ခုပင်ဖြစ်သည်။ ငါအရှင်မြတ်သည်ပင် ထိုကဏ္ဍကို ချပေးတော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည်ပင် ထိုကဏ္ဍကို ပြဋ္ဌာန်းတော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် အသင်တို့ တရားရကြရန်အတွက် ဤကဏ္ဍတွင် ထင်ရှားသောအာယသ်တော်များကို ချပေးတော်မူခဲ့သည်။ |