×

ထိုအရှင်မြတ်သည် မိုးကောင်းကင်များနှင့်ကမ္ဘာဂြိုဟ် (ကို ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ဖွံ့ဖြိုးစေတော်မူလျက် လှည့်ပတ်လှုပ်ရှားစေသောကြောင့် ယင်းတို့) ၏ဩဇာအာဏာသည် ထိုအရှင်မြတ် (၏စည်း မျဉ်းတော်နှင့်အညီ အသုံးချရန်) 25:2 Burmese translation

Quran infoBurmeseSurah Al-Furqan ⮕ (25:2) ayat 2 in Burmese

25:2 Surah Al-Furqan ayat 2 in Burmese (البورمية)

Quran with Burmese translation - Surah Al-Furqan ayat 2 - الفُرقَان - Page - Juz 18

﴿ٱلَّذِي لَهُۥ مُلۡكُ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِ وَلَمۡ يَتَّخِذۡ وَلَدٗا وَلَمۡ يَكُن لَّهُۥ شَرِيكٞ فِي ٱلۡمُلۡكِ وَخَلَقَ كُلَّ شَيۡءٖ فَقَدَّرَهُۥ تَقۡدِيرٗا ﴾
[الفُرقَان: 2]

ထိုအရှင်မြတ်သည် မိုးကောင်းကင်များနှင့်ကမ္ဘာဂြိုဟ် (ကို ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ဖွံ့ဖြိုးစေတော်မူလျက် လှည့်ပတ်လှုပ်ရှားစေသောကြောင့် ယင်းတို့) ၏ဩဇာအာဏာသည် ထိုအရှင်မြတ် (၏စည်း မျဉ်းတော်နှင့်အညီ အသုံးချရန်) အတွက်သာဖြစ်၏။ ထိုအရှင်မြတ်သည် သားတော်တစ်ဦးတစ်ယောက်ကို ရယူဖန်တီး တော်မူခြင်း (ရုပ်ပွား၊ ကိုယ်ပွား၊ ဆင်းတု၊ အယူထား ဖန်တီး၍ ကိုးကွယ်ဆည်းဆပ်ခြင်းကို ခွင့်ပြုတော်မူခြင်း) အလျှင်း မရှိပေ။ ထို့ပြင် အရှင့်စိုးမိုးအုပ်ချုပ်မှုဆိုင်ရာဩဇာအာဏာ၌ တွဲဖော်တွဲဖက်ဟူ၍လည်း မည်သူတစ်ဦး တစ်ယောက်မျှ မရှိချေ။ ထိုအရှင်မြတ်သည်ပင် အရာခပ်သိမ်းတို့ကို ဖွဲ့စည်းဖြစ်တည်စေတော်မူသောကြောင့် (အရာခပ်သိမ်း၌ အရှင့်နိယာမတရားများနှင့်စည်းမျဉ်းတော်များပါရှိ စေတော်မူလျက်) တိုင်းတာသတ်မှတ်သော ပြဌာန်းချက်များကို စနစ်တကျ သတ်မှတ်ပြဌာန်းတော်မူ၏။

❮ Previous Next ❯

ترجمة: الذي له ملك السموات والأرض ولم يتخذ ولدا ولم يكن له شريك, باللغة البورمية

﴿الذي له ملك السموات والأرض ولم يتخذ ولدا ولم يكن له شريك﴾ [الفُرقَان: 2]

Ba Sein
၂။ အရှင်မြတ်သည် မိုးမြေနိုင်ငံတော်ကြီးကို စိုးပိုင်တော်မူ၏၊ အရှင်မြတ်၌ သားသမီးမရှိချေ၊ အချုပ်အချာအာဏာ ၌ အရှင်မြတ်မှာ ဘက်စပ်ပူးပေါင်းသူအလျဉ်းမရှိချေ၊ အရှင်မြတ်သည် အရာဝထ္ထုတိုင်းကို ဖန်ဆင်းတော်မူ၏၊ ၎င်းကို တိကျအောင်စီမံထားတော်မူ၏။
Ghazi Mohammad Hashim
ထိုအရှင်မြတ်သည် အကြင်အရှင်မြတ်ပင်၊ မိုးကောင်းကင်ကို စိုးမိုးအုပ်ချုပ်မှုအာဏာ သည်လည်းကောင်း၊ ကမ္ဘာမြေကို စိုးမိုးအုပ်ချုပ်မှုအာဏာသည် လည်းကောင်း၊ ထိုအလ္လာဟ်အရှင်မြတ်၌သာရှိပေသည်။ စင်စစ် ထိုအရှင်မြတ်သည် တစ်ဦးတစ်ယောက်ကိုမျှလည်း (မိမိ၏)သားအဖြစ် ပြုလုပ်တော်မူခဲ့သည် မဟုတ်ပေ။ ထို့ပြင် ထိုအရှင်မြတ်၌ စိုးမိုးအုပ်ချုပ်မှုတွင် တွဲဖက်ဟူ၍လည်း တစ်ဦးတစ်ယောက်မျှမရှိချေ။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် အရာခပ်သိမ်းတို့ကို ဖန်ဆင်းတော်မူခဲ့သည့်ပြင် ထိုအရာများကို နှိုင်းချိန်တိုင်းဆ ထားတော်မူခဲ့လေသည်။
Hashim Tin Myint
ထိုအရှင်မြတ်သည် အရှင်မြတ်၏ပိုင်ဆိုင်မှုထဲတွင် မိုး‌ကောင်းကင်များနှင့် ‌မြေပထဝီ၏စိုးမိုးအုပ်ချုပ်မှုရှိသည်။ ထို့ပြင် အရှင်မြတ်သည် မည်သူ့ကိုမျှ သားအဖြစ်ပြုလုပ်‌တော်မူခဲ့သည် မဟုတ်‌ပေ။ ထို့ပြင် အရှင်မြတ်အတွက် စိုးမိုးအုပ်ချုပ်မှုတွင် တွဲဖက်လည်း မည်သူမျှ မရှိ‌ပေ။ ထို့ပြင် အရှင်မြတ်သည် အရာအားလုံးကို ဖန်ဆင်း‌တော်မူ၍ ထိုအရာများကို တိုင်းဆထားခဲ့သည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek