×

သို့ရာတွင် စင်စစ်မှာမူကား (မယုံကြည်သူများနှင့်အမှန်တရားကို ဖီဆန်ငြင်းပယ်ကြသော) သူတို့သည် ထိုအရှင်မြတ်မှလွဲ၍ (သက်ရှိသက်မဲ့များအနက်မှ ကိုးကွယ်ရာများအဖြစ် မှတ်ယူကြသော) သူတို့၏ထိုကိုးကွယ် ရာများသည် မည်သည့် 25:3 Burmese translation

Quran infoBurmeseSurah Al-Furqan ⮕ (25:3) ayat 3 in Burmese

25:3 Surah Al-Furqan ayat 3 in Burmese (البورمية)

Quran with Burmese translation - Surah Al-Furqan ayat 3 - الفُرقَان - Page - Juz 18

﴿وَٱتَّخَذُواْ مِن دُونِهِۦٓ ءَالِهَةٗ لَّا يَخۡلُقُونَ شَيۡـٔٗا وَهُمۡ يُخۡلَقُونَ وَلَا يَمۡلِكُونَ لِأَنفُسِهِمۡ ضَرّٗا وَلَا نَفۡعٗا وَلَا يَمۡلِكُونَ مَوۡتٗا وَلَا حَيَوٰةٗ وَلَا نُشُورٗا ﴾
[الفُرقَان: 3]

သို့ရာတွင် စင်စစ်မှာမူကား (မယုံကြည်သူများနှင့်အမှန်တရားကို ဖီဆန်ငြင်းပယ်ကြသော) သူတို့သည် ထိုအရှင်မြတ်မှလွဲ၍ (သက်ရှိသက်မဲ့များအနက်မှ ကိုးကွယ်ရာများအဖြစ် မှတ်ယူကြသော) သူတို့၏ထိုကိုးကွယ် ရာများသည် မည်သည့် တစ်စုံတစ်ရာကိုမျှ အလျှင်း ဖွဲ့စည်းဖြစ်တည်စေနိုင်စွမ်း မရှိသည့်အပြင် ယင်းတို့သည် လည်း (အရှင့်စည်းမျဉ်းနိယာမတော်နှင့်အညီ) ဖွဲ့စည်းဖြစ်တည်စေခြင်းခံကြရသော အ ရာများသာဖြစ်ကြပြီး ယင်း တို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည် အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့ မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) များအတွက် မည်သည့်ကောင်းကျိုး ဆိုးကျိုးကိုမျှ (အတိုးအ လျော့ဖြစ်စေရန်) စိုးမိုးထိန်းချုပ်နိုင်စွမ်းမရှိရုံသာမက သေစေခြင်း အသက်ရှင်သန်စေခြင်းနှင့်ရှင်ပြန်ထစေခြင်းကို လည်း စိုးမိုးထိန်းချုပ်နိုင်စွမ်း အလျှင်း မရှိပေ။

❮ Previous Next ❯

ترجمة: واتخذوا من دونه آلهة لا يخلقون شيئا وهم يخلقون ولا يملكون لأنفسهم, باللغة البورمية

﴿واتخذوا من دونه آلهة لا يخلقون شيئا وهم يخلقون ولا يملكون لأنفسهم﴾ [الفُرقَان: 3]

Ba Sein
၃။ သို့ပါလျက်သူတို့သည် အလ္လာဟ်အရှင်မြတ်မှတပါး တစ်စုံတစ်ရာမဖန်ဆင်းနိုင်ပဲ မိမိပင်လျှင် ဖန်ဆင်းခြင်းခံ ရသောဘုရားတုများကို ဆည်းကပ်ပူဇော်ကြ၏၊ ထိုဘုရားပျက်တို့သည် သူတို့အတွက်ပင်လျှင် အကျိုးအပြစ် မပြုစွမ်းနိုင်ချေ၊ သေခြင်း၊ ရှင်ခြင်း၊ သေသူကို ပြန်ရှင်စေသောအာဏာစသည်တို့ကို မပိုင်ဆိုင်ကြချေ။
Ghazi Mohammad Hashim
သို့ရာတွင် ၎င်း(မုရှ်ရစ်က်)တို့သည် ထိုအရှင်မြတ်အပြင် အခြားအကြင်ကိုးကွယ်ရာများ ပြုလုပ်ခဲ့ကြကုန်၏။ ယင်းကိုးကွယ်ရာများသည် မည်သည့် တစ်စုံတစ်ရာကိုမျှ မဖန်ဆင်းကြသည့်ပြင် ၎င်းတို့ကိုယ်တိုင်ပင် ဖန်ဆင်းခြင်းခံကြရလေသည်။ ထို့ပြင် ၎င်းတို့သည် မိမိတို့ကိုယ်တိုင်နှင့်ပက်သက်၍ပင် မည်သည့် အကျိုးယုတ်စေမှုကိုလည်း ပိုင်ဆိုင်ကြသည်မဟုတ်၊ မည်သည့် အကျိုးဖြစ်ထွန်းစေမှုကိုလည်း ပိုင်ဆိုင်ကြသည်မဟုတ်ပေ။ ထိုမှတစ်ပါး (တစ်စုံတစ်ယောက်အား) အသက်သေဆုံးခြင်းကိုလည်းကောင်း၊ (တစ်စုံတစ်ယောက်အား) အသက်ရှင်စေခြင်းကိုလည်းကောင်း၊ (တစ်စုံတစ်ယောက်အား) ရှင်ပြန်ထစေခြင်းကိုလည်းကောင်း၊ အလျှင်း ပိုင်ဆိုင်ကြသည်လည်း မဟုတ်ပေတကား။
Hashim Tin Myint
ထို့ပြင် ထို(မုရှ်ရိက်)များသည် အရှင်မြတ်အပြင် အခြားကိုးကွယ်ရာများကို ပြုလုပ်ကိုးကွယ်ခဲ့ကြသည်။ ထိုကိုးကွယ်ရာများသည် မည်သည့်အရာကိုမျှ မဖန်ဆင်းနိုင်ကြသည့်အပြင် သူတို့ကိုယ်တိုင်ပင် ပြုလုပ်ဖန်ဆင်းခံထားကြရသည်။ ထို့ပြင် သူတို့သည် သူတို့ကိုယ်တိုင်နှင့်ပတ်သက်၍ပင် မည်သည့် ဆိုးကျိုး‌ကောင်းကျိုးမှ ပိုင်ဆိုင်ကြသည်မဟုတ်‌ပေ။ ထို့ပြင် (မည်သူ့ကိုမျှ)အသက်‌သေ‌စေခြင်း၊ ရှင်‌စေခြင်း၊ ပြန်ရှင်ထ‌စေခြင်းတို့အား ပိုင်ဆိုင်ကြသည်လည်း မဟုတ်‌ပေ။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek