Quran with Burmese translation - Surah Al-Furqan ayat 29 - الفُرقَان - Page - Juz 19
﴿لَّقَدۡ أَضَلَّنِي عَنِ ٱلذِّكۡرِ بَعۡدَ إِذۡ جَآءَنِيۗ وَكَانَ ٱلشَّيۡطَٰنُ لِلۡإِنسَٰنِ خَذُولٗا ﴾
[الفُرقَان: 29]
﴿لقد أضلني عن الذكر بعد إذ جاءني وكان الشيطان للإنسان خذولا﴾ [الفُرقَان: 29]
Ba Sein ၂၉။ အကျွနု်ပ်ထံသို့ တရားတော်ကျရောက်လာပြီးမှ သူသည် အကျွနု်ပ်ကို တရားတော်မှ တိမ်းသွားစေလေ၏၊ ရှိုင်တန်မာရ်နတ်သည် အကူအညီလိုသောအချိန်၌ လူသားကို စွန့်ပစ်သွားသူဖြစ်၏။ |
Ghazi Mohammad Hashim မုချဧကန် ၎င်းသည် ကျွန်ုပ်ထံသို့ ဆုံးမဩဝါဒရောက်ရှိလာပြီး နောက်မှပင် ထိုဆုံးမဩဝါဒ(ကိုလိုက်နာခြင်း) မှ လွဲချော်စေခဲ့သည်။ စင်စစ် သော်ကား ရှိုင်တွာန်မိစ္ဆာကောင်သည် လူသားတို့အား စွန့်ပစ်ထားသူပင် ဖြစ်ချေသတည်း။ |
Hashim Tin Myint “အမှန်စင်စစ် ထိုသူ(မည်သူမည်ဝါ)သည် ကျွန်ုပ်ထံသို့ ဆုံးမဩဝါဒ ရောက်လာပြီးနောက်မှပင် ကျွန်ုပ်ကို ထိုဆုံးမဩဝါဒမှ လွဲချော်စေခဲ့သည်။“ (အရှင်မြတ်က မိန့်တော်မူမည်) ထို့ပြင် ရှိုင်သွာန်သည် လူသားများကို မကူညီဘဲ စွန့်ပစ်တတ်သူဖြစ်သည်။ |