Quran with Burmese translation - Surah Al-Furqan ayat 6 - الفُرقَان - Page - Juz 18
﴿قُلۡ أَنزَلَهُ ٱلَّذِي يَعۡلَمُ ٱلسِّرَّ فِي ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِۚ إِنَّهُۥ كَانَ غَفُورٗا رَّحِيمٗا ﴾
[الفُرقَان: 6]
﴿قل أنـزله الذي يعلم السر في السموات والأرض إنه كان غفورا رحيما﴾ [الفُرقَان: 6]
Ba Sein ၆။ အို--မိုဟမ္မဒ်၊ သင်သည် ထိုသူမိုက်တို့အား ဟောကြားလော့၊ မိုးကောင်းကင်နှင့် ကမ္ဘာမြေပေါ်ဝယ် လျှို့ဝှက် နက်နဲသောအရာဟူသမျှကို သိတော်မူသောအရှင်မြတ်သည် ဤကျမ်းတော်ကို ထုတ်ပြန်ပို့ချပေးသနားတော်မူ၏၊ မှတ်သားကြလော့၊ အလ္လာဟ်အရှင်မြတ်သည် အမြဲအပြစ်လွှတ်တော်မူသောအရှင်၊ ကောင်းကြီးမင်္ဂလာပေးသနား တော်မူသောသခင်ဖြစ်တော်မူ၏။ |
Ghazi Mohammad Hashim (အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အား ဤသို့)ပြောဆို(ဖြေကြား)ပါလေ။ (အချင်းတို့၊) ဤ(ကုရ်အာန် ကျမ်းတော်)ကို မိုးကောင်းကင်များနှင့် ပထဝီမြေ၌ရှိကုန်သော လျှို့ဝှက်ချက်တို့ကို သိရှိတော်မူသော အရှင်မြတ်က ချပေးသနားတော်မူခဲ့ပေသည်။ ဧကန်မလွဲ ထိုအရှင်မြတ်သည် အလွန်တရာ လွတ်ငြိမ်းချမ်းသာခွင့် ပေးတော်မူသော၊ အလွန်တရာ သနားကြင်နာတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။ |
Hashim Tin Myint (အို- တမန်တော်)အသင်ပြောလိုက်ပါ- “ဤက(ကုရ်အာန်ကျမ်းတော်မြတ်)အား မိုးကောင်းကင်များနှင့် မြေပထဝီတွင်ရှိသော လျှို့ဝှက်ချက်ကို သိတော်မူသောအရှင်မြတ်က ချပေးတော်မူခဲ့ခြင်းဖြစ်သည်။* အမှန်စင်စစ် အရှင်မြတ်သည် အလွန်လွတ်ငြိမ်းချမ်းသာခွင့်ပေးတော်မူသောအရှင်၊ အလွန်သနားကြင်နာတော်မူသောအရှင် ဖြစ်တော်မူသည်။“ |