×

ထို့ပြင် ထိုမယုံကြည်သူ (အမှန်တရားကို ဖီဆန်ငြင်းပယ်) သူတို့က (ဤကုရ်အာန်ကျမ်းမြတ်၌ ပါဝင်သော အကြောင်းအရာများသည်) သူရေးမှတ်စေခဲ့သည့် လွန်လေပြီးသော ရှေးခေတ်လူတို့၏ (အခြေအမြစ်မဲ့) 25:5 Burmese translation

Quran infoBurmeseSurah Al-Furqan ⮕ (25:5) ayat 5 in Burmese

25:5 Surah Al-Furqan ayat 5 in Burmese (البورمية)

Quran with Burmese translation - Surah Al-Furqan ayat 5 - الفُرقَان - Page - Juz 18

﴿وَقَالُوٓاْ أَسَٰطِيرُ ٱلۡأَوَّلِينَ ٱكۡتَتَبَهَا فَهِيَ تُمۡلَىٰ عَلَيۡهِ بُكۡرَةٗ وَأَصِيلٗا ﴾
[الفُرقَان: 5]

ထို့ပြင် ထိုမယုံကြည်သူ (အမှန်တရားကို ဖီဆန်ငြင်းပယ်) သူတို့က (ဤကုရ်အာန်ကျမ်းမြတ်၌ ပါဝင်သော အကြောင်းအရာများသည်) သူရေးမှတ်စေခဲ့သည့် လွန်လေပြီးသော ရှေးခေတ်လူတို့၏ (အခြေအမြစ်မဲ့) ဒဏ္ဍာရီများသာ ဖြစ်ပြီး ယင်းတို့ကို (လူတို့က သူတို့၏အိမ်များအတွင်း၌ ရှိနေစဉ်) သူ့ရှေ့ဝယ် နံနက်ယံ၌ လည်းကောင်း၊ ညနေချမ်း၌ လည်းကောင်း၊ ရွတ်ဖတ်ခြင်းပင် ဖြစ်၏။” ဟု ပြောဆိုကြ၏။

❮ Previous Next ❯

ترجمة: وقالوا أساطير الأولين اكتتبها فهي تملى عليه بكرة وأصيلا, باللغة البورمية

﴿وقالوا أساطير الأولين اكتتبها فهي تملى عليه بكرة وأصيلا﴾ [الفُرقَان: 5]

Ba Sein
၅။ တဖန်သူတို့က ပြောသည်မှာ ရှင်မိုဟမ္မဒ်သည် ရှေးလူဟောင်းတို့စီရင်သောဒဏ္ဍာရီပုံဝထ္ထုများကို ရေးသားထား၍ ထိုပုံဝထ္ထုများကို နေ့ညဉ့်မပြတ်သူ့အား ရွတ်ဖတ်ပြကြ၏ဟု ဆိုကြ၏။
Ghazi Mohammad Hashim
၎င်းပြင် ထိုကာဖိရ် သွေဖည်ငြင်းပယ်သော သူတို့က"(ဤကုရ်အာန်ကျမ်းမြတ်သည်)ဤသူ ရေးမှတ်စေခဲ့သော ရှေးသူဟောင်းတို့၏ အခြေအမြစ် မရှိသောပုံပြင်များသာ ဖြစ်သည်။ တစ်ဖန် ထိုအခြေအမြစ်မရှိသော၊ ပုံပြင်များကို ဤသူ၏ရှေ့ဝယ် နံနက်ယံ၌လည်းကောင်း၊ ညနေချမ်း၌လည်းကောင်း ဖတ်ကြားရလေသည်" ဟု ပြောဆိုကြကုန်၏။
Hashim Tin Myint
ထို့ပြင် ထိုကာဖိရ်များက “(ဤကုရ်အာန်ကျမ်း‌တော်မြတ်သည်) ၎င်း(တမန်‌တော်မုဟမ္မဒ်-ဆွ)‌ရေးခိုင်းထား‌သော ‌ရှေးယခင်ကလူများ၏ အ‌ခြေအမြစ်မရှိသည့် ပုံပြင်များပင်ဖြစ်သည်။ ထို့ပြင် ထိုအ‌ခြေအမြစ်မရှိသည့်ပုံပြင်များကို ၎င်း၏‌ရှေ့၌ နံနက်နှင့်ည‌နေတွင် ဖတ်ကြားခံရသည်“ဟု ‌ပြောဆိုကြသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek