×

ထို့ပြင် ကျွန်ုပ်၏ရင်သည် မွန်းကြပ်ကျဉ်းကျပ်နေသည့်အပြင် ကျွန်ုပ်၏နှုတ်လျှာ (စကားပြောဆိုမှုတွင်လည်း အရှင့် သတင်းစကားအား သူတို့ထံ ထိရောက်စွာ တင်ပြရန်အလို့ငှာ) သွက်လက်ပြေပြစ်ခြင်း မရှိပါ။ 26:13 Burmese translation

Quran infoBurmeseSurah Ash-Shu‘ara’ ⮕ (26:13) ayat 13 in Burmese

26:13 Surah Ash-Shu‘ara’ ayat 13 in Burmese (البورمية)

Quran with Burmese translation - Surah Ash-Shu‘ara’ ayat 13 - الشعراء - Page - Juz 19

﴿وَيَضِيقُ صَدۡرِي وَلَا يَنطَلِقُ لِسَانِي فَأَرۡسِلۡ إِلَىٰ هَٰرُونَ ﴾
[الشعراء: 13]

ထို့ပြင် ကျွန်ုပ်၏ရင်သည် မွန်းကြပ်ကျဉ်းကျပ်နေသည့်အပြင် ကျွန်ုပ်၏နှုတ်လျှာ (စကားပြောဆိုမှုတွင်လည်း အရှင့် သတင်းစကားအား သူတို့ထံ ထိရောက်စွာ တင်ပြရန်အလို့ငှာ) သွက်လက်ပြေပြစ်ခြင်း မရှိပါ။ သို့ဖြစ်ပါ၍ (ကျွန်ုပ်၏နောင်တော်) ဟာရူန် (၏ထံသို့လည်း တမန်တော်အဖြစ် ရွေးချယ်တော်မူကြောင်း အမိန့် ထုတ်ပြန်မူ၍ ကျွန်ုပ်နှင့်အတူ သူ့) ကိုလည်း စေလွှတ်တော်မူပါ။

❮ Previous Next ❯

ترجمة: ويضيق صدري ولا ينطلق لساني فأرسل إلى هارون, باللغة البورمية

﴿ويضيق صدري ولا ينطلق لساني فأرسل إلى هارون﴾ [الشعراء: 13]

Ba Sein
၁၃။ အကျွန်ုပ်သည် စိတ်ကျပ်တည်းလှပါမည်၊ အကျွနု်ပ်၏ နှုတ်လျှာသည် ပြေလည်အောင်စကားချေတင်ပြောဆိုခြင်း မှာ စွမ်းနိုင်မဟုတ်ပါ၊ ထို့ကြောင့်အကျွနု်ပ်အစ်ကိုဟာရွန်ကို အကျွနု်ပ်အား ကူညီဖို့ရာ ထည့်တော်မူပါ။
Ghazi Mohammad Hashim
၎င်းပြင် ကျွန်တော်မျိုးသည် စိတ်ကျဉ်းကျပ်သည့်ပြင် ကျွန်တော်မျိုး၏လျှာမှာလည်း သွက်လက်ခြင်းမရှိပါ။ သို့ဖြစ်ပါ၍ အရှင်မြတ်သည်(ကျွန်တော်မျိုး၏နောင်တော်) ဟာရူန်၏ထံသို့လည်း(ဝဟ်ယ်)အမိန့် တော်ပို့သတော်မူပါ။
Hashim Tin Myint
ထို့ပြင် ကျွန်ုပ်သည် စိတ်ကျဉ်းကျပ်သည့်အပြင် ကျွန်ုပ်၏လျှာသည်လည်း သွက်လက်မှုမရှိ‌ပေ။ သို့ဖြစ်ရာ အရှင်မြတ်သည် (ကျွန်ုပ်၏အစ်ကို)ဟာရူန်ထံသို့လည်း (နဗီဖြစ်ခြင်း၏အမိန့်‌တော်)ပို့‌တော်မူပါ။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek