×

سورة الشعراء باللغة البورمية

ترجمات القرآنباللغة البورمية ⬅ سورة الشعراء

ترجمة معاني سورة الشعراء باللغة البورمية - Burmese

القرآن باللغة البورمية - سورة الشعراء مترجمة إلى اللغة البورمية، Surah Shuara in Burmese. نوفر ترجمة دقيقة سورة الشعراء باللغة البورمية - Burmese, الآيات 227 - رقم السورة 26 - الصفحة 367.

بسم الله الرحمن الرحيم

طسم (1)
သွာ၊ စီန်၊ မီမ်။
تِلْكَ آيَاتُ الْكِتَابِ الْمُبِينِ (2)
ဤသည် ယင်းကိုယ်တိုင် ထင်ရှားရှင်းလင်းပြီး ထင်ရှားသောရှင်းလင်းချက်များဖော်ပြပါရှိသည့် ကျမ်း တော်မြတ်၏ အာယသ်သက်သေလက္ခဏာတော်များပင် ဖြစ်၏။
لَعَلَّكَ بَاخِعٌ نَّفْسَكَ أَلَّا يَكُونُوا مُؤْمِنِينَ (3)
(အို၊ ရစူလ်တမန်တော်၊ ဤကျမ်းတော်၌ပါရှိသောအမိန့်တော်များကို) သူတို့မယုံကြည်ကြလျှင် ငရဲဘုံ ရောက်မည်ကို ပူဆွေးသောကရောက်) လျက် သူတို့အား ငရဲမီးမှ ကယ်နိုင်ရန် သွန်သင်လို၍ ကြီးမားသောမေတ္တာကရုဏာဖြင့် သူတို့၏ခြေရာနောက်သို့ တကောက်ကောက်လိုက်) နေသောကြောင့် သင်၏နဖ်စ် (ခေါ် မျိုးရိုးဗီဇ ထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်း အစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) ကို စိတ်သောကဖြင့် ညှဉ်းပန်းရာရောက်ပြီး သင့်ကိုသင် သေလုမတတ် ဖြစ်စေနိုင်၏။
إِن نَّشَأْ نُنَزِّلْ عَلَيْهِم مِّنَ السَّمَاءِ آيَةً فَظَلَّتْ أَعْنَاقُهُمْ لَهَا خَاضِعِينَ (4)
အကယ်၍ ငါအရှင်မြတ်သည် အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူလျှင် မိုးကောင်းကင်မှ သက်သေလက္ခဏာတော် တစ်ပါးအား သူတို့အပေါ် ချပေးတော်မူ၍ (ထိုသို့ချပေး သောကြောင့်) သူတို့၏ လည်တိုင်များသည် ယင်းသက်သေလက္ခဏာ၏ရှေ့မှောက်ဝယ် ရိုကျိုးနှိမ့်ချစွာဖြင့် (အတင်းအကျပ်) ကိုင်းညွှတ် စေတော်မူနိုင်၏။
وَمَا يَأْتِيهِم مِّن ذِكْرٍ مِّنَ الرَّحْمَٰنِ مُحْدَثٍ إِلَّا كَانُوا عَنْهُ مُعْرِضِينَ (5)
စင်စစ်သော်ကား အားလုံးအပေါ် အစဉ် သနားညှာတာတော်မူသော ကရုဏာရှင်၏ထံတော်မှ သတိရ တသ၍ ထုတ်ဖော်ဖွင့်ဟစရာ (ကျမ်းတော်) မှ (သတိပေးနှိုးဆော်ရန်နှင့်လမ်းညွှန်တော်မူရန်) အမိန့်တော်သစ်တစ်ခု ရောက်ရှိလာသည့်အခါတိုင်း သူတို့သည် ယင်း (ဆုံးမသြဝါဒတော်) မှ မျက်နှာလွှဲ၍ ကျောခိုင်းသွားလေ့ ရှိ၏။
فَقَدْ كَذَّبُوا فَسَيَأْتِيهِمْ أَنبَاءُ مَا كَانُوا بِهِ يَسْتَهْزِئُونَ (6)
သို့ဖြစ်ပေရာ သူတို့သည် (အရှင့်ထံတော်မှ ဖြစ်သော ထိုသတင်းကောင်းကို ခေါင်းမာမာဖြင့်) မဟုတ်မတရား မမှန်မကန် စွပ်စွဲ၍ ငြင်းပယ်ခဲ့ကြ၏ သူတို့သည် သူတို့ထံရောက်လာခဲ့သမျှ သတင်းစကားများနှင့် စပ်လျဉ်း၍ ပြက်ရယ်ပြုလေ့ရှိကြသော်လည်း ယင်းတို့မှာ အမှန်တရားများကြောင်း မ​ကြာမီ သိနားလည် လာကြလိမ့်မည်။
أَوَلَمْ يَرَوْا إِلَى الْأَرْضِ كَمْ أَنبَتْنَا فِيهَا مِن كُلِّ زَوْجٍ كَرِيمٍ (7)
ငါအရှင်မြတ်သည် ယင်း ၌ တင့်တယ်ကောင်းမြတ်လှစွာသော (အရောင်အဆင်း အနံ့အရသာ မျိုးစုံ သစ်ဥ၊ သစ်ပွင့်၊ သစ်သီး မျိုးစုံ အစရှိသည့် သစ်ပင်ပေါက်ပင်) အမျိုးအစားတိုင်းမှ အဘယ်မျှလောက် များ ပြားစွာ ပေါက်ပွားဖြစ်ထွန်းစေတော်မူသည်ကို သူတို့က ထိုမြေကမ္ဘာဘက်သို့ ရှုမြင်လေ့လာ၍ မဆင်ခြင် မသုံးသပ်ကြသလော။
إِنَّ فِي ذَٰلِكَ لَآيَةً ۖ وَمَا كَانَ أَكْثَرُهُم مُّؤْمِنِينَ (8)
ဧကန်ပင်၊ ထို (ကဲသို့ သစ်ပင်ပေါက်ပင်မျိုးစုံကို ပေါက်ပွားဖြစ်ထွန်းစေတော်မူခြင်း) ၌ မုချပင်၊ အာယသ်သက်သေလက္ခဏာတော်တစ်ရပ် ရှိ၏။ သို့ရာတွင် (လူသားများဖြစ်ကြသော) သူတို့အနက်မှ အများစုမှာမူကား သက်ဝင်ယုံကြည်ကြသည် မဟုတ်ပေ။
وَإِنَّ رَبَّكَ لَهُوَ الْعَزِيزُ الرَّحِيمُ (9)
စင်စစ်သော်ကား အသင့်အား ဖွဲ့စည်းဖြစ်တည်စေ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်သည် ဧကန်ပင်၊ လူသားတို့အား ဂုဏ်ဩဇာများချီးမြှင့်တော်မူသကဲ့သို့ အားလုံးအပေါ်လည်း အရှင့်ဘုန်းတန်ခိုးဖြင့် နိုင်နင်းလွှမ်းမိုးတော်မူသောအရှင်၊ မုချဧကန်၊ အားလုံးအပေါ် အစဉ် သနားညှာတာတော်မူသော အကြင်နာရှင်၊ ဖြစ်တော်မူ၏။
وَإِذْ نَادَىٰ رَبُّكَ مُوسَىٰ أَنِ ائْتِ الْقَوْمَ الظَّالِمِينَ (10)
(ထို့ပြင် သတိရကြလော့။) အသင့်အား ဖွဲ့စည်းဖြစ်တည်စေ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင် မြတ်သည် တမန်တော်မူဆာကို “အရှင့်စည်းမျဉ်းတော်များကို ကျူးလွန်ချိုးဖောက်၍ မဟုတ်မတရား မမှန်မကန် ပြုမူကျင့်ကြံသော လူမျိုးတို့ထံသို့ သွားရောက်ရန် မိန့်တော်မူခဲ့စဉ်။
قَوْمَ فِرْعَوْنَ ۚ أَلَا يَتَّقُونَ (11)
(လူတို့အား နိုင်လိုမင်းထက် နှိပ်စက်ညှဉ်းပန်းသော) ဖါရိုမင်း၏လူမျိုးတို့သို့ (သွားရောက်ရန် မိန့်တော် မူခဲ့စဉ်)။ သူတို့သည် (သူတို့၏မိစ္ဆာဒိဌိကို စွန့်လွတ်၍) အရှင်မြတ်ကို စိုးရွံ့ထိတ်လန့် (လျက် အရှင့်စည်း မျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံးခြင်း) ပြုကြမည်လော။” (ဟု မေးမြန်းဟောပြောလော့။)
قَالَ رَبِّ إِنِّي أَخَافُ أَن يُكَذِّبُونِ (12)
(ထိုအခါ) တမန်တော်မူဆာက အို၊ ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်၊ ဧကန်စင်စစ် ကျွန်တော်မျိုးသည် သူတို့က ကျွန်ုပ်အား မဟုတ်မတရား မမှန်မကန် စွပ်စွဲ၍ ငြင်းပယ်ကြမည်ကို စိုးရိမ်မိပါသည်။” ဟု လျှောက်ထား၏။
وَيَضِيقُ صَدْرِي وَلَا يَنطَلِقُ لِسَانِي فَأَرْسِلْ إِلَىٰ هَارُونَ (13)
ထို့ပြင် ကျွန်ုပ်၏ရင်သည် မွန်းကြပ်ကျဉ်းကျပ်နေသည့်အပြင် ကျွန်ုပ်၏နှုတ်လျှာ (စကားပြောဆိုမှုတွင်လည်း အရှင့် သတင်းစကားအား သူတို့ထံ ထိရောက်စွာ တင်ပြရန်အလို့ငှာ) သွက်လက်ပြေပြစ်ခြင်း မရှိပါ။ သို့ဖြစ်ပါ၍ (ကျွန်ုပ်၏နောင်တော်) ဟာရူန် (၏ထံသို့လည်း တမန်တော်အဖြစ် ရွေးချယ်တော်မူကြောင်း အမိန့် ထုတ်ပြန်မူ၍ ကျွန်ုပ်နှင့်အတူ သူ့) ကိုလည်း စေလွှတ်တော်မူပါ။
وَلَهُمْ عَلَيَّ ذَنبٌ فَأَخَافُ أَن يَقْتُلُونِ (14)
တစ်ဖန် သူတို့အတွက် ကျွန်ုပ်နှင့်ဆန့်ကျင်၍ အရေးယူစရာ အပြစ်တစ်ခုလည်းရှိနေရာ (အရှင့်သတင်း စကားတော်အား သူတို့ထံ တင်ပြခွင့်မရမီ) သူတို့က ကျွန်ုပ်အား သတ်ဖြတ်ကြမည်ကိုလည်း စိုးရိမ်ကြောင့်ကြမိပါသည်။
قَالَ كَلَّا ۖ فَاذْهَبَا بِآيَاتِنَا ۖ إِنَّا مَعَكُم مُّسْتَمِعُونَ (15)
အရှင်မြတ်က “(အို၊ မူဆာ၊ သူတို့သည် အသင့်အား အလျှင်း သတ်ဖြတ်နိုင်ကြမည် မဟုတ်ပေ)။ ထိုသို့ မဖြစ်နိုင်ပေ။ သို့ဖြစ်ပေရာ သင်တို့ (ညီနောင်) နှစ်ဦးသည် ငါအရှင်မြတ်၏အာယသ်သက်သေလက္ခဏာတော်များနှင့်တကွ (ဖါရိုမင်းထံ) သွားကြလော့။ ဧကန်ပင်၊ ငါအရှင်မြတ်သည် သင်တို့နှင့်အတူ (ရှိတော်မူပြီး သင်တို့ နှစ်ဦးနှစ်ဖက် ပြောဆိုကြသည်တို့ကို) နားထောင်လျက်ပင် ရှိတော်မူပေမည်။
فَأْتِيَا فِرْعَوْنَ فَقُولَا إِنَّا رَسُولُ رَبِّ الْعَالَمِينَ (16)
သို့ဖြစ်ပေရာ သင်တို့နှစ်ဦးသည် ဖာရိုမင်းထံသို့ သွား၍ ပြောဆိုခဲ့ကြသည်မှာ “ဧကန်စင်စစ်၊ ကျွန်ုပ်တို့ သည် စကြဝဠာလောကခပ်သိမ်းတို့အား ဖွဲ့စည်းဖြစ်တည်စေ၍ လှည့်ပတ်လှုပ်ရှားစေတော်မူသောအရှင်မြတ်၏ရစူလ်တမန်တော် (သတင်းဆောင်များ) ပင် ဖြစ်ကြသည်။
أَنْ أَرْسِلْ مَعَنَا بَنِي إِسْرَائِيلَ (17)
အစ္စရေးမျိုးနွယ်ဝင်တို့အား ကျွန်ုပ်တို့နှင့်အတူ သွားခွင့်ပြုလော့။ (ဟူသော အရှင့်အမိန့်တော်ကို တင်ပြရန် ရောက်လာခြင်း ဖြစ်၏။)
قَالَ أَلَمْ نُرَبِّكَ فِينَا وَلِيدًا وَلَبِثْتَ فِينَا مِنْ عُمُرِكَ سِنِينَ (18)
(ထိုစဉ်) ဖါရိုမင်းက “(အို၊ မူဆာ၊) ကျွန်ုပ်တို့သည် သင့်အား ကလေးဘဝကတည်းက ကျွန်ုပ်တို့ထံတွင် ကျွေးမွေးစောင့်ရှောက်ခဲ့သည့်အပြင် သင့်ဘဝသက်တမ်းမှ နှစ်ပေါင်းများစွာ ကျွန်ုပ်တို့ထံတွင် နေထိုင်ခဲ့သည် မဟုတ်လော။” ဟု မေးမြန်းခဲ့၏။
وَفَعَلْتَ فَعْلَتَكَ الَّتِي فَعَلْتَ وَأَنتَ مِنَ الْكَافِرِينَ (19)
ထို့ပြင် သင်သည် သင်ပြုလိုသည့် ထိုလုပ်ရပ်ကို လုပ်ခဲ့ပြီး သင်သည် ကျေးဇူးမသိတတ်သူများအနက်မှ တစ်ဦးအပါအဝင် ဖြစ်ခဲ့ပြီ ဖြစ်၏။
قَالَ فَعَلْتُهَا إِذًا وَأَنَا مِنَ الضَّالِّينَ (20)
(တမန်တော်) မူဆာက “ကျွန်ုပ်သည် ယင်း (လုပ်ရပ်) ကို ပြုခဲ့စဉ်က (ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခြင်း မဟုတ်သည့်အပြင် ထိုသို့ အဆုံးသတ်ခဲ့မည်ကိုလည်း ကြိုတင် မသိခဲ့သောကြောင့်) လွဲမှားစွာ လုပ်ခဲ့သူများထဲတွင် ကျွန်ုပ်လည်း အပါအဝင် ဖြစ်ခဲ့၏။
فَفَرَرْتُ مِنكُمْ لَمَّا خِفْتُكُمْ فَوَهَبَ لِي رَبِّي حُكْمًا وَجَعَلَنِي مِنَ الْمُرْسَلِينَ (21)
ထို့နောက် ကျွန်ုပ်သည် သင်တို့အား စိုးရွံ့ထိတ်လန့်ခဲ့သောအခါ သင်တို့ထံမှ ထွက်ပြေး၍ တိမ်းရှောင် နေခဲ့၏။ ထို့နောက် ငါ၏အရှင်မြတ်သည် ကျွန်ုပ်အား (ဓမ္မသတ် တရားစီရင်ရေးဆိုင်ရာ) ဉာဏ်ပညာအမြော် အမြင်ကို ချီးမြှင့်ပေးအပ်တော်မူ၍ ကျွန်ုပ်ကို ရစူလ်တမန်တော်တို့တွင် အပါအဝင် ဖြစ်စေတော်မူ၏။
وَتِلْكَ نِعْمَةٌ تَمُنُّهَا عَلَيَّ أَنْ عَبَّدتَّ بَنِي إِسْرَائِيلَ (22)
ကျွန်ုပ်အပေါ် ကျေးဇူးရှိကြောင်းထောက်ပြ၍ ဤသို့ဂုဏ်ဖော်ပြစ်တင်ခြင်းသည် အစ္စရေးမျိုးနွယ်ဝင်တို့အား (ဆက်လက်၍) ကျွန်ပြုရန်ပင် ဖြစ်၏။
قَالَ فِرْعَوْنُ وَمَا رَبُّ الْعَالَمِينَ (23)
ဖာရိုမင်းက “စကြဝဠာနှင့်လောကခပ်သိမ်းတို့အား ဖွဲ့စည်းဖြစ်တည်စေ၍ လှည့်ပတ်လှုပ်ရှားစေတော်မူသောအရှင်မြတ်ဟူသည် အဘယ်နည်း။ (မည်သူနည်း။)”ဟု မေးမြန်းခဲ့လေ၏။
قَالَ رَبُّ السَّمَاوَاتِ وَالْأَرْضِ وَمَا بَيْنَهُمَا ۖ إِن كُنتُم مُّوقِنِينَ (24)
(တမန်တော်) မူဆာက “အကယ်၍ သင်တို့သည် ယုံကြည်လက်ခံသူများဖြစ်ကြလျှင် ထိုအရှင်မြတ်သည် မိုးကောင်းကင်များနှင့်ကမ္ဘာဂြိုဟ်ကိုလည်းကောင်း၊ ယင်းတို့အတွင်းရှိ၊ ရှိသမျှအရာတို့ကိုလည်း ကောင်း၊ ဖွဲ့စည်းဖြစ်တည်စေ၍ ဖွံ့ဖြိုးပျိုးထောင်စေတော်မူသောအရှင်မြတ်ပင် ဖြစ်တော်၏။”ဟု ဖြေကြားခဲ့၏။
قَالَ لِمَنْ حَوْلَهُ أَلَا تَسْتَمِعُونَ (25)
(ဖာရိုမင်းက) သူ့ပတ်လည်အနီးအနား၌ ရှိကြသူတို့အား (မူဆာက ပြောနေသည်ကို) မကြားကြသ လော။”ဟု (လှောင်ပြောင်) မေးမြန်းလေ၏။
قَالَ رَبُّكُمْ وَرَبُّ آبَائِكُمُ الْأَوَّلِينَ (26)
(တမန်တော်မူဆာက ထိုအရှင်မြတ်သည်) သင်တို့နှင့်ရှေးခေတ်၌ လွန်လေပြီးခဲ့သော သင်တို့၏ ဘိုး၊ ဘေး၊ ဘီ၊ ဘင်တို့အား ဖွဲ့စည်းဖြစ်တည်စေ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ် ဖြစ်တော်မူ၏။” ဟု (ဆက်လက်၍) ဟောပြောခဲ့၏။
قَالَ إِنَّ رَسُولَكُمُ الَّذِي أُرْسِلَ إِلَيْكُمْ لَمَجْنُونٌ (27)
(ဖာရိုမင်းက သူ့မှူးကြီးမတ်ရာတို့အား) ဧကန်စင်စစ်၊ အသင်တို့ထံ စေလွှတ်ခြင်းခံခဲ့ရသော ရစူလ်တမန်တော်သည် အမှန်ပင် စိတ်မနှံ့သူတစ်ဦးသာ ဖြစ်သည်ဟု ဆိုခဲ့ပြန်၏။
قَالَ رَبُّ الْمَشْرِقِ وَالْمَغْرِبِ وَمَا بَيْنَهُمَا ۖ إِن كُنتُمْ تَعْقِلُونَ (28)
(တမန်တော်မူဆာက) အကယ်၍ သင်တို့သည် တွေးခေါ်ဆင်ခြင်၍ သိနားလည်ကြလျှင် (ထိုအရှင် မြတ်သည်) နေထွက်ရာအရှေ့ရပ်နှင့်နေဝင်ရာအနောက်ရပ်ကိုလည်းကောင်း၊ ယင်းတို့ကြား၌ ရှိသမျှတို့ကို လည်းကောင်း၊ ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ဖွံ့ဖြိုးပျိုးထောင်စေတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူ၏။” ဟု ဟောပြောခဲ့ပြန်၏။
قَالَ لَئِنِ اتَّخَذْتَ إِلَٰهًا غَيْرِي لَأَجْعَلَنَّكَ مِنَ الْمَسْجُونِينَ (29)
(ဖာရိုမင်းက အို၊ မူဆာ) အကယ်၍ အသင်သည် ကျွန်ုပ်မှလွဲ၍ အခြားသော ကိုးကွယ်ရာ တစ်ပါးပါးကို ရွေးချယ်ခဲ့ပါလျှင် ဧကန်မလွဲ၊ ကျွန်ုပ်သည် အသင့်အား ထောင်သွင်း အကျဉ်းချရန် စီမံဆောင်ရွက်လိမ့် မည်။” ဟု (ကြုံးဝါး) ပြောဆိုခဲ့လေ၏။
قَالَ أَوَلَوْ جِئْتُكَ بِشَيْءٍ مُّبِينٍ (30)
(တမန်တော်မူဆာက) အကယ်၍ ကျွန်ုပ်သည် အသင့်ထံ ထင်ရှားရှင်းလင်းသော တစ်စုံတစ်ရာဖြင့် (ကျွန်ုပ်၏ပြောဆိုချက်များမှာ အမှန်တရားသာ ဖြစ်ကြောင်းကို ထောက်ပြရန်) ယူဆောင်လာလျှင်ပင် (ကျွန်ုပ်အား အကျဉ်းချဦးမည်) လော။” ဟု မေးမြန်းခဲ့လေ၏။
قَالَ فَأْتِ بِهِ إِن كُنتَ مِنَ الصَّادِقِينَ (31)
(ဖာရိုမင်းက) သို့ဖြစ်လျှင် အကယ်၍ သင်သည် (သင့်ကြွေးကြော်ချက်၌) ဖြောင့်မတ်မှန်ကန်သူ တစ်ဦးဖြစ်လျှင် ထိုအရာကို ထုတ်ဖော်တင်ပြလော့။” ဟု ပြောဆိုခဲ့လေ၏။
فَأَلْقَىٰ عَصَاهُ فَإِذَا هِيَ ثُعْبَانٌ مُّبِينٌ (32)
(ထိုအခါ တမန်တော်မူဆာသည်) သူ့တောင်ဝှေးကို (မြေကြီးပေါ်သို့) ပစ်ချခဲ့ရာ ယင်းမှာ မြင်သာထင်ရှားသော မြွေနဂါးကြီးတစ်ကောင် ဖြစ်သွားလေ၏။
وَنَزَعَ يَدَهُ فَإِذَا هِيَ بَيْضَاءُ لِلنَّاظِرِينَ (33)
ထို့ပြင် (တမန်တော်မူဆာသည်) သူ၏ (ညာ) လက်အား (ယင်းကို တည့်ထားသည့် ချိုင်းကြားမှ အပြင် သို့) ဆွဲထုတ်လိုက်သောအခါ ထိုလက်သည် စောင့်ကြည့်နေကြသူတို့အတွက် တောက်ပဖြူစင်လျက် ဖြစ်နေ (သည်ကို တွေ့မြင်ခဲ့ရ) ၏။
قَالَ لِلْمَلَإِ حَوْلَهُ إِنَّ هَٰذَا لَسَاحِرٌ عَلِيمٌ (34)
(ဖာရိုမင်းက) သူ့ပတ်လည်အနီးအနား၌ ရှိကြသော မှူးကြီးမတ်ရာအကြံပေးအကြီးအကဲတို့အား “ဧကန်မလွဲ၊ ဤပုဂ္ဂိုလ်မှာ ကျွမ်းကျင်သော မှော်ပယောဂဆရာ တစ်ဦးပင် ဖြစ်၏။” ဟု ပြောခဲ့၏။
يُرِيدُ أَن يُخْرِجَكُم مِّنْ أَرْضِكُم بِسِحْرِهِ فَمَاذَا تَأْمُرُونَ (35)
သူသည် သူ့မှော်အတတ်ပညာဖြင့် သင်တို့အား သင်တို့၏နယ်မြေတိုင်းပြည်မှ နှင်ထုတ်ရန် ကြံရွယ်လျက် ရှိပေသည်။ သို့ဖြစ်ပေရာ သင်တို့သည် မည်သို့ စီမံဆောင်ရွက်ကြ (ရန် အကြံပေးကြ) မည်နည်း။
قَالُوا أَرْجِهْ وَأَخَاهُ وَابْعَثْ فِي الْمَدَائِنِ حَاشِرِينَ (36)
ထိုမှူးကြီးမတ်ရာအကြံပေးအကြီးအကဲတို့က တမန်တော်မူဆာနှင့်သူ့နောင်တော် (ဟာရူန်) အား ရွှေ့ဆိုင်း ခွင့်ပေး၍ (တချိန်တည်းမှာ) ရှေ့ပြေးစည်းရုံးရေးမှူးများကို အမြို့မြို့အနယ်နယ်သို့ စေလွှတ်တော်မူပါ။” ဟု အကြံပေးခဲ့ကြ၏။
يَأْتُوكَ بِكُلِّ سَحَّارٍ عَلِيمٍ (37)
(ထိုရှေ့ပြေးစည်းရုံးရေးမှူးများဖြစ်ကြသော) သူတို့က တတ်မြောက်ကျွမ်းကျင်သော မှော်ပယောဂပညာ ရှင်တိုင်းနှင့်အတူ ရောက်လာ၍ အသင် (ဖာရိုမင်း) ထံ ယူဆောင်ဆက်သကြလိမ့်မည်။
فَجُمِعَ السَّحَرَةُ لِمِيقَاتِ يَوْمٍ مَّعْلُومٍ (38)
ထို့နောက် မှော်ပယောဂအတတ်ပညာရှင်တို့သည် လူအများသိပြီသော ပွဲတော်ကြီးအတွက် ချိန်းဆိုသတ် မှတ်ထားသည့် နေ့ရက်တွင် စုဝေးရောက်ရှိစေခဲ့ကြ၏။
وَقِيلَ لِلنَّاسِ هَلْ أَنتُم مُّجْتَمِعُونَ (39)
ထို့ပြင် ပြည်သူလူထုအား “သင်တို့သည်လည်း စုရုံးတက်ရောက်ကြမည့်သူများ ဖြစ်ကြမည် မဟုတ်လော။” ဟု ဆင့်ခေါ်မိန့်ကြားစေ၏။
لَعَلَّنَا نَتَّبِعُ السَّحَرَةَ إِن كَانُوا هُمُ الْغَالِبِينَ (40)
အကယ်၍ သူတို့သည် အောင်ပွဲခံမည့်သူများ ဖြစ်ခဲ့ကြလျှင် ကျွန်ုပ်တို့သည်လည်း ထိုမှော်ပယောဂအတတ်ပညာရှင်တို့၏လမ်းစဉ်ကိုပင် လိုက်နာနိုင်ကြပေမည်။
فَلَمَّا جَاءَ السَّحَرَةُ قَالُوا لِفِرْعَوْنَ أَئِنَّ لَنَا لَأَجْرًا إِن كُنَّا نَحْنُ الْغَالِبِينَ (41)
ထို့နောက် ထိုမှော်ပယောဂအတတ်ပညာရှင်များ ရောက်ရှိလာကြသောအခါ သူတို့သည် ဖာရိုမင်းအား “အကယ်၍ ကျွန်ုပ်တို့သည် အောင်ပွဲခံမည့်သူများဖြစ်ကြလျှင် ကျွန်ုပ်တို့အတွက် (ကြီးကျယ်သော) ဆုလဒ် အမှန်ပင် ရှိလိမ့်မည်မဟုတ်ပါလော။” ဟု လျှောက်ထားကြလေ၏။
قَالَ نَعَمْ وَإِنَّكُمْ إِذًا لَّمِنَ الْمُقَرَّبِينَ (42)
ဖာရိုမင်းက “ကောင်းပြီ (ဆုလဒ်ရှိမည်)။ ထိုမျှမကသေး (အကယ်၍ ထိုသို့ အောင်ပွဲခံမည့်သူများ ဖြစ် ကြလျှင်) ဧကန်ပင်၊ သင်တို့သည် (ကျွန်ုပ်နှင့်လက်ပွန်းတတီး နေထိုင်ကြသော) အပါးတော်မြဲသူများ အ နက်မှ လည်း မုချပင် ဖြစ်ကြမည်။” ဟု ဆိုခဲ့လေ၏။
قَالَ لَهُم مُّوسَىٰ أَلْقُوا مَا أَنتُم مُّلْقُونَ (43)
(တမန်တော်) မူဆာသည် ထို (မှော်ပယောဂအတတ်ပညာရှင်များဖြစ်ကြသော) သူတို့အား သင်တို့သည် သင်တို့၏ပစ်ချကြရန်ရှိသော အရာများကို ပစ်ချကြလော့။” ဟု ပြောကြားခဲ့၏။
فَأَلْقَوْا حِبَالَهُمْ وَعِصِيَّهُمْ وَقَالُوا بِعِزَّةِ فِرْعَوْنَ إِنَّا لَنَحْنُ الْغَالِبُونَ (44)
သို့ဖြစ်ပေရာ ထိုမှော်ပယောဂအတတ်ပညာရှင်တို့သည် သူတို့၏ကြိုးများနှင့်သူတို့၏တောင်ဝှေးများကို ပစ်ချခဲ့ကြ၍ “ဖာရိုမင်း၏ဘုန်းတန်ခိုးတော်ဖြင့် ဧကန်ပင်၊ ကျွန်ုပ်တို့သည်သာလျှင် အောင်ပွဲခံမည့်သူများဖြစ်ကြမည်။“ ဟု ပြောဆိုခဲ့ကြ၏။
فَأَلْقَىٰ مُوسَىٰ عَصَاهُ فَإِذَا هِيَ تَلْقَفُ مَا يَأْفِكُونَ (45)
ထို့နောက် တမန်တော်မူဆာသည် သူ့တောင်ဝှေးကို ပစ်ချခဲ့ရာ ယင်းသည် (မြွေနဂါးကြီးဖြစ်လာပြီး မှော်ပယောဂပညာရှင်များဖြစ်သော) သူတို့က (လိမ်လည်လှည့်စားရန်) ဖန်တီးထားကြသောအရာများကို မျိုချလေ၏။
فَأُلْقِيَ السَّحَرَةُ سَاجِدِينَ (46)
ထိုအခါ ထိုမှော်ပယောဂအတတ်ပညာရှင်တို့သည် (သူတို့ကိုယ်ကို) မှောက်လဲပျပ်ဝပ်လျက် (အရှင်မြတ်ကို) ဦးချကြ၏။
قَالُوا آمَنَّا بِرَبِّ الْعَالَمِينَ (47)
သူတို့က ကျွန်ုပ်တို့သည် စကြဝဠာနှင့်လောကခပ်သိမ်းတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ လှည့်ပတ် လှုပ်ရှားစေတော်မူသောအရှင်မြတ်ကို သက်ဝင်ယုံကြည်ကြပါပြီ။” ဟု ကြွေးကြော်ကြလေ၏။
رَبِّ مُوسَىٰ وَهَارُونَ (48)
(ထိုအရှင်မြတ်သည် တမန်တော်) မူဆာနှင့်ဟာရူန်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ဖွံ့ဖြိုးပျိုးထောင်စေတော်မူသောအရှင်မြတ်လည်း ဖြစ်တော်မူပါ၏။
قَالَ آمَنتُمْ لَهُ قَبْلَ أَنْ آذَنَ لَكُمْ ۖ إِنَّهُ لَكَبِيرُكُمُ الَّذِي عَلَّمَكُمُ السِّحْرَ فَلَسَوْفَ تَعْلَمُونَ ۚ لَأُقَطِّعَنَّ أَيْدِيَكُمْ وَأَرْجُلَكُم مِّنْ خِلَافٍ وَلَأُصَلِّبَنَّكُمْ أَجْمَعِينَ (49)
(ထိုအခါ) ဖါရိုမင်းက “သင်တို့သည် သင်တို့အား ကျွန်ုပ်ခွင့်မပြုမီပင် သူ့ကို (တမန်တော်မူဆာကို) ယုံကြည်ကြလေသလော။ ဧကန်စင်စစ်၊ သူသည်ကား အသင်တို့ကိုပါ မှော်အတတ်ပညာ သင်ကြားပေးခဲ့သော အကြီးဆုံး (အာစရိယဆရာသခင်) ပင် ဖြစ်၏။ သို့ဖြစ်ပေရာ ဧကန်ပင်၊ ကျွန်ုပ်သည် သင်တို့၏လက်များနှင့် ခြေများကို (ဘယ်ညာ) ဘက်လွှဲ၍ အမှန်ပင် ဖြတ်တောက်ပြီးနောက် သင်တို့ကို ကားစင်ပေါ်သို့ မုချပင် တင်လိမ့်မည်။” ဟု ပြောဆို ကြုံးဝါးခဲ့၏။
قَالُوا لَا ضَيْرَ ۖ إِنَّا إِلَىٰ رَبِّنَا مُنقَلِبُونَ (50)
ထိုမှော်ပယောဂအတတ်ပညာရှင်တို့က “ဧကန်စင်စစ်၊ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့အား ဖွဲ့စည်းဖြစ်တည် စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်ထံတော်သို့ ပြန်သွားကြမည့်သူများပင် ဖြစ်သော ကြောင့် (သင်တို့ ခြိမ်းခြောက်နေသော ပြစ်ဒဏ်သည် ကျွန်ုပ်တို့အား) မည်သို့မျှ ထိခိုက်နစ်နာစေနိုင်မည် မဟုတ်ပေ။” ဟု တုံ့ပြန်ဖြေကြားခဲ့၏။
إِنَّا نَطْمَعُ أَن يَغْفِرَ لَنَا رَبُّنَا خَطَايَانَا أَن كُنَّا أَوَّلَ الْمُؤْمِنِينَ (51)
ဧကန်စင်စစ်၊ ကျွန်ုပ်တို့သည် ဦးဦးဖျားဖျား သက်ဝင်ယုံကြည်သူများ ဖြစ်ကြပေရာ ကျွန်ုပ်တို့အား ဖွဲ့စည်းဖြစ်တည်စေ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်သည် ကျွန်ုပ်တို့၏ပြစ်မှုများကို ခွင့်လွှတ်ချမ်း သာ ပေးတော်မူမည်။” ဟု (ထက်ထက်သန်သန် လိုလားတောင့်တလျက်) မျှော်လင့်ကြပါ၏။
۞ وَأَوْحَيْنَا إِلَىٰ مُوسَىٰ أَنْ أَسْرِ بِعِبَادِي إِنَّكُم مُّتَّبَعُونَ (52)
ထို့ပြင် ငါအရှင်မြတ်သည် တမန်တော်မူဆာထံသို့ အသင်သည် ငါအရှင်မြတ်၏ (ဤ) အစေခံနှင့်အတူ ညခရီးသွားရန်နှင့်ဧကန်ပင်၊ သင်တို့သည် နောက်မှလိုက်လံခြင်းကိုခံကြရမည့်သူများပင် ဖြစ်ကြမည်။” ဟု ဝဟီအမိန့်တော်ထုတ်ပြန်ချမှတ်ပေးတော်မူခဲ့၏။
فَأَرْسَلَ فِرْعَوْنُ فِي الْمَدَائِنِ حَاشِرِينَ (53)
ထို့နောက် ဖာရိုမင်းသည် ရှေ့ပြေးစည်းရုံးရေးမှူးများကို အမြို့မြို့အနယ်နယ်သို့ စေလွှတ်ခဲ့လေ၏။
إِنَّ هَٰؤُلَاءِ لَشِرْذِمَةٌ قَلِيلُونَ (54)
ဧကန်စင်စစ်၊ ထိုသူတို့သည်ကား အနည်းငယ်မျှသော အုပ်စုကလေးပင် ဖြစ်၏။” ဟု ပြောဆိုလျက်။
وَإِنَّهُمْ لَنَا لَغَائِظُونَ (55)
ထို့ပြင် ဧကန်ပင်၊ သူတို့သည် ကျွန်ုပ်တို့အား အလွန်အမျက်ဒေါသထွက်စေသူများပင် ဖြစ်ကြ၏။ (ကျွန်ုပ်တို့အား ရန်လိုမုန်းတီးကြ၏)။
وَإِنَّا لَجَمِيعٌ حَاذِرُونَ (56)
ထိုမျှမက ဧကန်စင်စစ် ကျွန်ုပ်တို့သည် များပြားညီညွတ်ပြီး သတိ ဝီရိယရှိလျက် အသင့်ပြင်ထားကြ၏။
فَأَخْرَجْنَاهُم مِّن جَنَّاتٍ وَعُيُونٍ (57)
ထို့နောက် ငါအရှင်မြတ်သည် သူတို့အား (သူတို့လောကီစည်းစိမ်ခံစား၍ ပျော်မြူးနေကြသော) ဥယျာဉ် များမှလည်းကောင်း၊ စမ်းချောင်းများမှလည်းကောင်း၊ ထုတ်ပစ်တော်မူခဲ့၏။
وَكُنُوزٍ وَمَقَامٍ كَرِيمٍ (58)
ထိုနည်းတူစွာ ဘဏ္ဍာရတနာသိုက်များမှလည်းကောင်း၊ ခမ်းနားသိုက်မြိုက်လှစွာသော အခြေချနေထိုင်ရာ အိမ်ဗိမာန်များမှလည်းကောင်း၊ (ကင်းဝေးစေတော်မူ၏။)
كَذَٰلِكَ وَأَوْرَثْنَاهَا بَنِي إِسْرَائِيلَ (59)
စင်စစ် ထိုနည်းအတိုင်းပင် ငါအရှင်မြတ်သည် (ထိုပစ္စည်းများကို) အစ္စရေးမျိုးနွယ်ဝင်တို့အား (ပိုင်ဆိုင်စေ၍) အမွေဆက်ခံစေတော်မူ၏။
فَأَتْبَعُوهُم مُّشْرِقِينَ (60)
ထို့နောက် (ဖာရိုမင်းနှင့်သူ့စစ်တပ်သည်) နေထွက်ချိန်၌ အစ္စရေးမျိးနွယ်ဝင်တို့အား နောက်မှလိုက် (၍ မီအောင်ကြိုးစား) ကြ၏။
فَلَمَّا تَرَاءَى الْجَمْعَانِ قَالَ أَصْحَابُ مُوسَىٰ إِنَّا لَمُدْرَكُونَ (61)
တစ်ဖန် အုပ်စုနှစ်ခုလုံးသည် အချင်းချင်း တစ်ဖက်ကို တစ်ဖက် တွေ့မြင်ကြလေသောအခါ (တမန်တော်) မူဆာ၏အပေါင်းပါတို့က “ဧကန်မလွဲ၊ ကျွန်ုပ်တို့သည် အမှန်ပင် လွှမ်းမိုးမှုခံကြရမည်။” ဟု (အ ထိတ်တလန့်) ပြောဆိုခဲ့ကြ၏။
قَالَ كَلَّا ۖ إِنَّ مَعِيَ رَبِّي سَيَهْدِينِ (62)
(ထိုအခါ တမန်တော်မူဆာက) ထိုသို့ (လွှမ်းမိုးခြင်းခံကြရမည်) အလျှင်း မဟုတ်ပေ။ ဧကန်ပင်၊ ကျွန်ုပ် အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်သည် ကျွန်ုပ်နှင့်အတူ ရှိတော်မူပေရာ၊ ယခုပင် ကျွန်ုပ်အား (ပင်လယ်မှ ထွက်နိုင်ရန်) လမ်းညွှန်တော်မူမည်ဟု တုံ့ပြန်ပြောကြားခဲ့လေ၏။
فَأَوْحَيْنَا إِلَىٰ مُوسَىٰ أَنِ اضْرِب بِّعَصَاكَ الْبَحْرَ ۖ فَانفَلَقَ فَكَانَ كُلُّ فِرْقٍ كَالطَّوْدِ الْعَظِيمِ (63)
ထိုစဉ် ငါအရှင်မြတ်သည် တမန်တော်မူဆာအား “သင့်တောင်ဝှေးဖြင့် ပင်လယ်ကို ရိုက်ခတ်လော့။” ဟု အမိန့်တော် ထုတ်ပြန်ချမှတ်ပေးတော်မူရာ (တမန်တော်က အမိန့်တော်အတိုင်း ရိုက်ခတ်သော်) ထိုပင် လယ်မှာ ကွဲအက်သွား၍ အစိတ်အပိုင်းတစ်ခုချင်းစီမှာ ကြီးမားလှစွာသော တောင်မြင့်ပမာ ဖြစ်သွားခဲ့လေ၏။
وَأَزْلَفْنَا ثَمَّ الْآخَرِينَ (64)
တစ်ဖန် ငါအရှင်မြတ်သည် အခြားအုပ်စု (ဖြစ်သော ဖာရိုမင်းနှင့်သူ့စစ်တပ်ပါ အုပ်စု) ကိုလည်း ထိုနေရာအနားသို့ ရောက်စေတော်မူခဲ့၏။
وَأَنجَيْنَا مُوسَىٰ وَمَن مَّعَهُ أَجْمَعِينَ (65)
ထို့နောက် ငါအရှင်မြတ်သည် တမန်တော်မူဆာအားလည်းကောင်း၊ သူနှင့်အတူရှိခဲ့ကြသော သူ့အပေါင်း ပါတို့အားလည်းကောင်း၊ အားလုံးကိုပင် ကယ်တင်တော်မူခဲ့၏။
ثُمَّ أَغْرَقْنَا الْآخَرِينَ (66)
ထို့နောက် ငါအရှင်မြတ်သည် အခြားအုပ်စု (ဖြစ်သော ဖာရိုမင်းနှင့်သူ့စစ်တပ်) ကို (ပင်လယ်နီတွင်) နှစ်မြှုပ်တော်မူခဲ့၏။
إِنَّ فِي ذَٰلِكَ لَآيَةً ۖ وَمَا كَانَ أَكْثَرُهُم مُّؤْمِنِينَ (67)
မလွဲဧကန်၊ ထို (ဖြစ်ရပ်) ၌ ကြီးကျယ်လှစွာသော သင်ခန်းစာနှင့်သက်သေလက္ခဏာတော် တစ်ရပ်ရှိ သော်လည်း (မယုံကြည်သူများနှင့်အမှန်တရားကို ဖီဆန်ငြင်းပယ်သူများဖြစ်ကြသော) သူတို့အနက်မှ အ များစု သက်ဝင်ယုံကြည်သူများ မဖြစ်ခဲ့ကြချေ။
وَإِنَّ رَبَّكَ لَهُوَ الْعَزِيزُ الرَّحِيمُ (68)
စင်စစ်သော်ကား အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ် သည် ဧကန်ပင်၊ လူသားတို့အား ဂုဏ်ဩဇာများချီးမြှင့်တော်မူသကဲ့သို့ အားလုံး အပေါ်လည်း အရှင့်ဘုန်း တန်ခိုး တော်ဖြင့် နိုင်နင်းလွှမ်းမိုးတော်မူသောအရှင်၊ အားလုံးအပေါ် အစဉ် သနားညှာတာတော်မူသော အကြင်နာရှင်၊ မုချဧကန်၊ ဖြစ်တော်မူ၏။
وَاتْلُ عَلَيْهِمْ نَبَأَ إِبْرَاهِيمَ (69)
(အို၊ ရစူလ်တမန်တော်၊) အသင်သည် (မယုံကြည်သူများနှင့်အမှန်တရားကို ဖီဆန်ငြင်းပယ်သူများ ဖြစ်ကြသော) သူတို့၏ရှေ့ဝယ် (တမန်တော်) အီဗ်ရာဟီးမ် (၏စံနမူနာယူဖွယ်ရာ သမိုင်းကြောင်းနှင့်) သတင်း အချက်အလက်များကို ရွတ်ပြလော့။
إِذْ قَالَ لِأَبِيهِ وَقَوْمِهِ مَا تَعْبُدُونَ (70)
(တမန်တော်) အီဗ်ရာဟီးမ်သည် သူ့ဖမည်းတော်နှင့်သူ့လူမျိုးတို့အား “သင်တို့သည် မည်သည့်အရာကို ကိုးကွယ်ဆည်းကပ်လျက် ရှိကြသနည်း။” ဟု မေးမြန်းဟောပြောခဲ့စဉ်။
قَالُوا نَعْبُدُ أَصْنَامًا فَنَظَلُّ لَهَا عَاكِفِينَ (71)
သူတို့က “ကျွန်ုပ်တို့သည် ရုပ်ပွားဆင်းတုများကို ကိုးကွယ်ဆည်းကပ်ကြသည့်အပြင် ယင်းရုပ်ပွားဆင်း တုများအတွက် (သဒ္ဒါကြည်ညိုစွာ ဖက်တွယ်လျက် အချိန်၊ ဥစ္စာဓနနှင့်စွမ်းအားတို့ကို) လုံးလုံးလျားလျား မြှုပ်နှံထားသူများဖြစ်ကြ၏။” ဟု ဖြေဆိုခဲ့ကြ၏။
قَالَ هَلْ يَسْمَعُونَكُمْ إِذْ تَدْعُونَ (72)
(တမန်တော်) အီဗ်ရာဟီမ်းက “သင်တို့ ဟစ်ခေါ်ဆုတောင်းကြသောအခါ ထိုရုပ်ပွားဆင်းတုများသည် သင်တို့၏ဟစ်ခေါ်ဆုတောင်းသံကို ကြားကြသလော။” ဟု မေးမြန်းခဲ့၏။
أَوْ يَنفَعُونَكُمْ أَوْ يَضُرُّونَ (73)
သို့တည်းမဟုတ်၊ ယင်း (ရုပ်ပွားဆင်းတု) တို့သည် (သင်တို့အား) အကျိုးပြုကြသလော။ သို့မဟုတ် ယင်း တို့သည် (သင်တို့အား) အကျိုးယုတ်စေနိုင်ကြသလော။
قَالُوا بَلْ وَجَدْنَا آبَاءَنَا كَذَٰلِكَ يَفْعَلُونَ (74)
(ထိုရုပ်ပွားဆင်းတုများကို ကိုးကြသော) သူတို့က “အမှန်စင်စစ်မှာကား ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ဘိုး၊ ဘေး၊ ဘီ၊ ဘင်တို့အား ထိုကဲ့သို့ပင် ပြုမူကျင့်ကြံကိုးကွယ်ဆည်းကပ်ကြသည်ကို တွေ့ရှိခဲ့ကြပါသည်။” ဟု ဖြေကြားခဲ့ကြ၏။
قَالَ أَفَرَأَيْتُم مَّا كُنتُمْ تَعْبُدُونَ (75)
(တမန်တော်) အီဗ်ရာဟီမ်းက “သင်တို့သည် သင်တို့ ကိုးကွယ်ဆည်းကပ်လျက်ရှိကြသော အရာများ၏ (အရည်အချင်းနှင့်အခြေအနေ) ကို စဉ်းစားဆင်ခြင် တွေ့မြင်သုံးသပ်ကြသလော။” ဟု မေးမြန်းခဲ့၏။
أَنتُمْ وَآبَاؤُكُمُ الْأَقْدَمُونَ (76)
သင်တို့နှင့် (သင်တို့မတိုင်မီ) ရှေးခေတ်၌ လွန်လေခဲ့ကြသောသင်တို့၏ဘိုး၊ ဘေး၊ ဘီ၊ ဘင်တို့သည် လည်း (ကောင်း၊ ထိုရုပ်ပွားဆင်းတုများ၏အရည်အချင်းနှင့်အခြေအနေ အပေါ်လည်းကောင်း၊ စဉ်းစားဆင် ခြင်တွေ့မြင် သုံးသပ်ကြခြင်း မရှိသလော။)
فَإِنَّهُمْ عَدُوٌّ لِّي إِلَّا رَبَّ الْعَالَمِينَ (77)
သို့ဖြစ်ပေရာ ဧကန်ပင်၊ စကြဝဠာနှင့်လောကခပ်သိမ်းတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ဖွံ့ဖြိုးပျိုး ထောင်စေတော်မူသောအရှင်မြတ်မှအပ ယင်း (ရုပ်ပွားဆင်းတုများ) တို့သည် ကျွန်ုပ်၏ရန်သူများပင် ဖြစ်ကြ၏။
الَّذِي خَلَقَنِي فَهُوَ يَهْدِينِ (78)
ထိုအရှင်မြတ်သည် ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူသောအရှင် ဖြစ်တော်မူပြီး ထိုအရှင်မြတ်သည်ပင်လျှင် ကျွန်ုပ်အား တရားလမ်းမှန် ညွှန်ပြတော်မူ၏။
وَالَّذِي هُوَ يُطْعِمُنِي وَيَسْقِينِ (79)
ထို့ပြင် ထိုအရှင်မြတ်သည်ပင် ကျွန်ုပ်အား အစားအစာများကို ပေးအပ် (တော်မူ၍ ကျွေးမွေး) တော်မူ သည့်အပြင် ထိုအရှင်မြတ်သည်ပင် ကျွန်ုပ်အား သောက်စရာ (ရေ) ပေးအပ်၍ တိုက်ကျွေးတော်မူ၏။
وَإِذَا مَرِضْتُ فَهُوَ يَشْفِينِ (80)
တစ်ဖန် ကျွန်ုပ်သည် နာဖျားမှုကိုခံစားရသောအခါ ထိုအရှင်မြတ်သည်ပင်လျှင် ကျွန်ုပ် (၏ဝေဒနာ) ကို သက်သာပျောက်ကင်းစေတော်မူ၏။
وَالَّذِي يُمِيتُنِي ثُمَّ يُحْيِينِ (81)
ထိုမျှမက ထိုအရှင်မြတ်သည်ပင် ကျွန်ုပ်အား (ကွယ်လွန်သေဆုံးရန်သတ်မှတ်ချိန်တွင်) သေစေတော်မူ ပြီးနောက် ထိုအရှင်မြတ်သည်ပင် ကျွန်ုပ်အား (ရှင်ပြန်ထမြောက်ရမည့်နေ့တွင်) ရှင်စေတော်မူမည် ဖြစ် ၏။
وَالَّذِي أَطْمَعُ أَن يَغْفِرَ لِي خَطِيئَتِي يَوْمَ الدِّينِ (82)
တစ်ဖန် ထိုအရှင်မြတ်သည်ပင် တမလွန်တရားစီရင်မည့်နေ့တွင် ကျွန်ုပ် (၏မှားယွင်းချွတ်ချော်မှုများ) အား ခွင့်လွှတ်ချမ်းသာပေးတော်မူမည်။” ဟု ကျွန်ုပ် (ထက်သန်စွာ) မျှော်လင့်တောင့်တပါ၏။
رَبِّ هَبْ لِي حُكْمًا وَأَلْحِقْنِي بِالصَّالِحِينَ (83)
အို၊ ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်၊ ကျွန်ုပ်အား (ဓမ္မသတ်ဆိုင်ရာ) ဉာဏ်ပညာအမြော်အမြင်ကို ချီးမြှင့်ပေးသနားတော်မူပါ။ ထို့ပြင် ကျွန်ုပ်အား ဖြောင့် မတ်မှန် ကန်စွာ ပြုမူကျင့်ကြံသော သူတော်စင်များနှင့်အတူ (ပေါင်းဆုံ) ပါဝင်စေတော်မူပါ။
وَاجْعَل لِّي لِسَانَ صِدْقٍ فِي الْآخِرِينَ (84)
ထို့ပြင် အရှင်မြတ်သည်ပင် ကျွန်ုပ်အတွက် နောင်လာနောက်သားများတွင် ဖြောင့်မတ်မှန်ကန်မှု (နှင့် သီလကောင်းဖြင့်) ကျော်ကြားကြောင်းကို (သတိရစေရန် သတင်းကောင်းပါးနိုင်သည်အထိ) ဖြစ်စေတော်မူပါ။
وَاجْعَلْنِي مِن وَرَثَةِ جَنَّةِ النَّعِيمِ (85)
ထို့ပြင် အရှင်မြတ်သည် ကျွန်ုပ်အား ဂုဏ်ကျက်သရေ ကျေးဇူးတော်နှင့်ပြည့်စုံသော သုခဘုံဥယျာဉ်၏ အမွေစားအမွေခံအဖြစ် ဖြစ်စေတော်မူပါ။
وَاغْفِرْ لِأَبِي إِنَّهُ كَانَ مِنَ الضَّالِّينَ (86)
ထို့ပြင် အရှင်မြတ်သည် ကျွန်ုပ်၏ဖခမည်းတော်အား လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူပါ။ ဧကန်စင်စစ်၊ သူသည် လမ်းလွဲသူတို့တွင် အပါအဝင် ဖြစ်ခဲ့၏။
وَلَا تُخْزِنِي يَوْمَ يُبْعَثُونَ (87)
အရှင်မြတ်သည် (လူသတ္တဝါအပေါင်းတို့ကို) ရှင်ပြန်ထမြောက်ရမည့်နေ့တွင် ကျွန်တော်မျိုးအား အရှက်တကွဲ ဖြစ်စေတော်မမူပါနှင့်။
يَوْمَ لَا يَنفَعُ مَالٌ وَلَا بَنُونَ (88)
ထို (ရှင်ပြန်ထမြောက်ရမည့်) နေ့တွင် ဥစ္စာဓနပိုင်ဆိုင်မှုများသည်လည်းကောင်း၊ သားသမီးများသည်လည်းကောင်း၊ (ပြစ်ဒဏ်မှလွတ်မြောက်စေရန်) အသုံးဝင်မည် မဟုတ်ပေ။
إِلَّا مَنْ أَتَى اللَّهَ بِقَلْبٍ سَلِيمٍ (89)
သို့ရာတွင် အလ္လာဟ်အရှင်မြတ်ထံတော်သို့ (မယုံကြည်မှု၊ သီလကြောင်မှု, အရှင်မြတ်နှင့်တွဲဖက်ကိုး ကွယ်မှု စသည်တို့မှ လုံးဝ ကင်းရှင်း၍ ကိုယ်စိတ်နှလုံးကို အရှင့်ထံ အပ်နှင်းသောနှလုံးသားရှင်များ) စင် ကြယ်သန့်ရှင်းသော စိတ်နှလုံးနှင့် တကွ ရောက်ရှိခဲ့သူများသည်သာလျှင် (လွတ်ငြိမ်းချမ်းသာခွင့် ရရှိကြပေမည်)။
وَأُزْلِفَتِ الْجَنَّةُ لِلْمُتَّقِينَ (90)
ထို့ပြင် (ထိုနေ့တွင်) သုခဘုံဥယျာဉ်သည် အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံးကြသော သူတော်စင်တို့အတွက် နီးကပ်စွာတိမ်းညွတ်ထားရှိစေတော်ခြင်း ခံရမည်ဖြစ်၏။
وَبُرِّزَتِ الْجَحِيمُ لِلْغَاوِينَ (91)
ထို့ပြင် ငရဲဘုံသည် သွေဖည်လမ်းလွဲသူတို့အတွက် (သူတို့မျက်ဝါးထင်ထင် တွေ့မြင်ရသည့်အနေအ ထား၌) ထင်ရှားစေခြင်းခံရပေမည်။
وَقِيلَ لَهُمْ أَيْنَ مَا كُنتُمْ تَعْبُدُونَ (92)
တစ်ဖန် သူတို့အား “သင်တို့ (လောကီဘဝ၌) ဆည်းကပ်ကိုးကွယ်ခဲ့ကြသော ကိုးကွယ်ရာများသည် (ယခု) အဘယ်မှာနည်း။” ဟု မေးမြန်းခြင်း ခံကြရပေမည်။
مِن دُونِ اللَّهِ هَلْ يَنصُرُونَكُمْ أَوْ يَنتَصِرُونَ (93)
အလ္လာဟ်အရှင်မြတ်မှလွဲ၍ (သင်တို့ ကိုးကွယ်ခဲ့ကြသော အခြားသက်ရှိသက်မဲ့ အစရှိသည့်) ကိုးကွယ်ရာများသည် (ယခု) သင်တို့အား ကူညီနိုင်ကြသလော။ သို့တည်းမဟုတ် ယင်းတို့သည် ယင်းတို့ကိုယ်ကို ယင်း တို့ကူညီ (၍ ကယ်တင်) နိုင်ကြသလော။
فَكُبْكِبُوا فِيهَا هُمْ وَالْغَاوُونَ (94)
ထို့နောက် (အရှင်မြတ်မှလွဲ၍ အားကိုးတကြီးကိုးကွယ်ခဲ့ကြသော) ယင်းကိုးကွယ်ရာတို့သည်လည်း ကောင်း၊ သွေဖည်လမ်းလွဲသူတို့သည်လည်းကောင်း၊ ထိုငရဲဘုံထဲ၌ ဇောက်ထိုးပစ်ချခြင်းကို ခံကြရပေမည်။
وَجُنُودُ إِبْلِيسَ أَجْمَعُونَ (95)
ထို့ပြင် အီဗ်လီးစ်စေတန်မိစ္ဆာကောင်၏ဗိုလ်ခြေအပေါင်းအပါ အားလုံးတို့ကိုလည်း (ထိုငရဲဘုံထဲ၌ ဇောက်ထိုးပစ်ချခြင်းကို ခံကြရပေမည်။)
قَالُوا وَهُمْ فِيهَا يَخْتَصِمُونَ (96)
ထိုသူတို့ (အားလုံး) သည် ယင်း (ငရဲဘုံထဲ) ၌ (အချင်းချင်း တစ်ဦးကိုတစ်ဦး ပြစ်တင်ရှုတ်ချ၍) အငြင်းအခုံပြုလျက် ပြောဆိုကြပေမည်။
تَاللَّهِ إِن كُنَّا لَفِي ضَلَالٍ مُّبِينٍ (97)
အလ္လာဟ်အရှင်မြတ်အား တိုင်တည်၍ ပြောပါရစေ။ ဧကန်ပင်၊ ကျွန်ုပ်တို့သည် အလွန်ထင်ရှားလှစွာသော လမ်းလွဲမှု၌ပင် ရှိခဲ့ကြ၏။
إِذْ نُسَوِّيكُم بِرَبِّ الْعَالَمِينَ (98)
ကျွန်ုပ်တို့သည် (စေတန်မကောင်းဆိုးဝါးများဖြစ်ကြသော) သင်တို့အား စကြဝဠာနှင့်လောကခပ်သိမ်းတို့ကို ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ဖွံ့ဖြိုးပျိုးထောင်စေတော်မူသောအရှင်မြတ်နှင့်အတူ (တစ်တန်းတည်းထား၍) ဂုဏ်ရည်တူများအဖြစ်ပြုလုပ်ခဲ့ကြစဉ်။
وَمَا أَضَلَّنَا إِلَّا الْمُجْرِمُونَ (99)
စင်စစ်သော်ကား ရာဇဝတ်မှုကျူးလွန်သူတို့မှအပ (အခြားမည်သူကမျှ) ကျွန်ုပ်တို့အား လမ်းလွဲစေ၍ လမ်းမှားရောက်စေခဲ့ကြသည် မဟုတ်ပေ။
فَمَا لَنَا مِن شَافِعِينَ (100)
ယခုသော်ကား ကျွန်ုပ်တို့အတွက် ကြားဝင်အသနားခံပေးမည့်သူဟူ၍ တစ်ဦးတစ်ယောက်မျှပင် မရှိပေ။
وَلَا صَدِيقٍ حَمِيمٍ (101)
ထိုနည်းတူစွာ ချစ်ကျွမ်းဝင်ရင်းနှီးသော မိတ်ဆွေအရင်းအချာဟူ၍လည်း တစ်ဦးတစ်ယောက်မျှပင် မရှိပေ။
فَلَوْ أَنَّ لَنَا كَرَّةً فَنَكُونَ مِنَ الْمُؤْمِنِينَ (102)
သို့ဖြစ်ပေရာ အကယ်၍သာ ကျွန်ုပ်တို့သည် (လူ့လောကသို့) နောက်ထပ်တစ်ကြိမ် ပြန်သွားခွင့်ရရှိ ကြလျှင် ကျွန်ုပ်တို့သည် သက်ဝင်ယုံကြည်သူများအနက်မှပင် ဖြစ်နိုင်ခြေရှိ၏။
إِنَّ فِي ذَٰلِكَ لَآيَةً ۖ وَمَا كَانَ أَكْثَرُهُم مُّؤْمِنِينَ (103)
မလွဲဧကန်၊ ထို (ဖြစ်ရပ်) ၌ ကြီးကျယ်လှစွာသော သင်ခန်းစာနှင့်သက်သေလက္ခဏာတစ်ရပ်ရှိ သော်လည်း (မယုံကြည်သူများနှင့်အမှန်တရားကို ဖီဆန်ငြင်းပယ်သူများဖြစ်ကြသော) သူတို့အနက်မှအများစု သက်ဝင်ယုံကြည်သူများ မဖြစ်ခဲ့ကြချေ။
وَإِنَّ رَبَّكَ لَهُوَ الْعَزِيزُ الرَّحِيمُ (104)
စင်စစ်သော်ကား အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ် သည် ဧကန်ပင်၊ လူသားတို့အား ဂုဏ်ဩဇာများချီးမြှင့်တော်မူသကဲ့သို့ အားလုံး အပေါ်လည်း အရှင့်ဘုန်း တန်ခိုးဖြင့် နိုင်နင်းလွှမ်းမိုးတော်မူသောအရှင် အားလုံးအပေါ် အစဉ် သနားညှာတာတော်မူသော အကြင်နာရှင် မုချဧကန်၊ ဖြစ်တော်မူ၏။
كَذَّبَتْ قَوْمُ نُوحٍ الْمُرْسَلِينَ (105)
(တမန်တော်) နူးဟ်၏လူမျိုးတို့သည် (တမန်တော်နူးဟ်အား မဟုတ်မတရားမမှန်မကန် လိမ်လည် စွပ်စွဲ ၍ ငြင်းပယ်ခြင်းဖြင့်) အရှင့်မြတ်စေလွှတ်တော်မူသော ရစူလ်တမန်တော်များကို ငြင်းပယ်ကြ၏၊
إِذْ قَالَ لَهُمْ أَخُوهُمْ نُوحٌ أَلَا تَتَّقُونَ (106)
(သတိရကြလော့။) သူတို့၏နောင်တော်ဖြစ်သော တမန်တော်နူးဟ်သည် သူတို့အား (သတိပေးနှိုးဆော် သည့်အနေဖြင့်) သင်တို့သည် (အလ္လာဟ်အရှင်မြတ်အား) စိုးရွံ့ထိတ်လန့် (၍ အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံးခြင်း) မပြုကြသလော။ ဟု ဟောပြောခဲ့စဉ်။
إِنِّي لَكُمْ رَسُولٌ أَمِينٌ (107)
ဧကန်ပင်၊ ကျွန်ုပ်သည် သင်တို့အတွက် သစ္စာရှိပြီးယုံကြည်စိတ်ချအပ်သော ရစူလ်တမန်တော်တစ်ပါးပင် ဖြစ်၏။
فَاتَّقُوا اللَّهَ وَأَطِيعُونِ (108)
သို့ဖြစ်ပေရာ အလ္လာဟ်အရှင်မြတ်ကို စိုးရွံ့ထိတ်လန့် (၍ အရှင့်စည်းမျဉ်းတော်များကို အရှင့်သိစိတ်ဖြင့် မြဲမြံစွာ လိုက်နာ) ပြီး ကျွန်ုပ်အား နာခံကြလော့။
وَمَا أَسْأَلُكُمْ عَلَيْهِ مِنْ أَجْرٍ ۖ إِنْ أَجْرِيَ إِلَّا عَلَىٰ رَبِّ الْعَالَمِينَ (109)
စင်စစ် ကျွန်ုပ်သည် ထို (အရှင့်အမိန့်ဗျာဒိတ်တော်များအား သင်တို့ထံ ပို့ချပေးအပ်ခြင်း) အတွက် သင်တို့ထံမှ (မည်သည့်) အကျိုးအမြတ်၊ (အခကြေးငွေ) ကိုမျှ တောင်းဆိုသည်မဟုတ်။ ကျွန်ုပ်၏အကျိုးဆုလဒ်မှာ စကြဝဠာနှင့်လောကခပ်သိမ်းတို့ကို ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ဖွံ့ဖြိုးပျိုးထောင်စေတော်မူသော အရှင်မြတ်အပေါ်၌သာ မူတည်ပါ၏။
فَاتَّقُوا اللَّهَ وَأَطِيعُونِ (110)
သို့ဖြစ်ပေရာ အလ္လာဟ်အရှင်မြတ်ကို စိုးရွံ့ထိတ်လန့် (၍ အရှင့်စည်းမျဉ်းတော်များကို အရှင့်သိစိတ်ဖြင့် မြဲမြံစွာ လိုက်နာ) ပြီး ကျွန်ုပ်အား နာခံကြလော့။
۞ قَالُوا أَنُؤْمِنُ لَكَ وَاتَّبَعَكَ الْأَرْذَلُونَ (111)
(တမန်တော်နူးဟ်၏လူမျိုးများဖြစ်ကြသော) သူတို့က “ကျွန်ုပ်တို့သည် အသင့်အား ယုံကြည်ကြရမည်လော။ အမှန်စင်စစ်၊ ဂုဏ်အသရေသေးသိမ်သူ (အောက်တန်းစား) တို့သာလျှင် အသင်၏နောက်လိုက်များ ဖြစ်ကြသည်။” ဟု တုံ့ပြန်ပြောဆိုခဲ့ကြ၏။
قَالَ وَمَا عِلْمِي بِمَا كَانُوا يَعْمَلُونَ (112)
တမန်တော်နူးဟ်က “(သူတို့သည် ယုံကြည်သူများ မဟုတ်သောကြောင့်) ကျွန်ုပ်သည် သူတို့၏ပြုမူကျင့် ကြံမှုနှင့်စပ်လျဉ်း၍ မည်သည်ကို သိနိုင်မည်နည်း။
إِنْ حِسَابُهُمْ إِلَّا عَلَىٰ رَبِّي ۖ لَوْ تَشْعُرُونَ (113)
သူတို့အား စစ်ဆေး၍ စာရင်းရှင်းရန် တာဝန်မှာ ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်အပေါ်၌သာရှိကြောင်း သင်တို့ သတိမူနားလည်ကြလျှင် ကောင်းလေစွ။
وَمَا أَنَا بِطَارِدِ الْمُؤْمِنِينَ (114)
စင်စစ် ကျွန်ုပ်သည် သက်ဝင်ယုံကြည်သူတို့အား တွန်းကန်မည့်သူအဖြစ် မျှော်မှန်းနိုင်သူတစ်ဦး မဟုတ်ပေ။
إِنْ أَنَا إِلَّا نَذِيرٌ مُّبِينٌ (115)
ကျွန်ုပ်သည် (သတိပေးနှိုးဆော်မှု သက်သက်ကိုသာ တာဝန်ယူဆောင်ရွက်နေသော) ရိုးသားပွင့်လင်းသည့် သတိပေးနှိုးဆော်သူ တစ်ဦးမျှသာ ဖြစ်၏။
قَالُوا لَئِن لَّمْ تَنتَهِ يَا نُوحُ لَتَكُونَنَّ مِنَ الْمَرْجُومِينَ (116)
(တမန်တော်နူးဟ်၏လူမျိုးများဖြစ်ကြသော) သူတို့က “အို၊ နူဟ်။ အကယ်၍ အသင်သည် (သင့် ဆုံးမသြဝါဒပေးခြင်းကို) မရပ်တန့်ခဲ့လျှင် ဧကန်မလွဲ၊ အသင်သည် ခဲပစ်ပေါက် (၍ သတ်ဖြတ်) ခြင်းကိုခံရသူတို့တွင် အပါအဝင် ဖြစ်ပေမည်။
قَالَ رَبِّ إِنَّ قَوْمِي كَذَّبُونِ (117)
တမန်တော်နူဟ်က “အို၊ ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၊ ဧကန်စင်စစ်၊ ကျွန်ုပ်၏လူမျိုးတို့သည် ကျွန်ုပ်အား မဟုတ်မတရား မမှန်မကန် စွပ်စွဲ၍ ငြင်းပယ်ခဲ့ကြလေပြီ။” ဟု လျှောက်ထားပန်ကြားခဲ့လေ၏။
فَافْتَحْ بَيْنِي وَبَيْنَهُمْ فَتْحًا وَنَجِّنِي وَمَن مَّعِيَ مِنَ الْمُؤْمِنِينَ (118)
သို့ဖြစ်ပေရာ အရှင်မြတ်သည် ကျွန်တော်မျိုးနှင့်သူတို့၏အကြား၌ (ထင်ရှားပြတ်သားသောအဆုံး အဖြတ်ကို စီရင်ဆုံးဖြတ်စေမည့်) တံခါးပေါက်ကို ဖွင့်ပေးတော်မူပြီး ကျွန်ုပ်အားလည်းကောင်း ကျွန်ုပ်နှင့်အတူရှိကြသော သက်ဝင်ယုံကြည်သူတို့အားလည်းကောင်း (သူတို့၏ဒုစရိုက်များမှ) ကယ်တင်တော်မူပါ။
فَأَنجَيْنَاهُ وَمَن مَّعَهُ فِي الْفُلْكِ الْمَشْحُونِ (119)
သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် တမန်တော်နူဟ်အားလည်းကောင်း၊ သူနှင့်အတူ ဝန်အပြည့်တင်ထားသော ရေယာဉ်သင်္ဘော၌ စီးပါလာသည့် သက်ဝင်ယုံကြည်သူတို့အားလည်းကောင်း၊ ကယ်တင်တော်မူခဲ့လေ၏။
ثُمَّ أَغْرَقْنَا بَعْدُ الْبَاقِينَ (120)
ထို့နောက် တစ်ဖန် ငါအရှင်မြတ်သည် (ကယ်တင်ခြင်းခံရသူများမှအပ) ကျန်ရှိသူတို့အား နှစ်မြှုပ်တော်မူခဲ့၏။
إِنَّ فِي ذَٰلِكَ لَآيَةً ۖ وَمَا كَانَ أَكْثَرُهُم مُّؤْمِنِينَ (121)
မလွဲဧကန်၊ ထို (ဖြစ်ရပ်) ၌ ကြီးကျယ်လှစွာသော သင်ခန်းစာနှင့်သက်သေလက္ခဏာတစ်ရပ်ရှိသော်လည်း (မယုံကြည်သူများနှင့်အမှန်တရားကို ဖီဆန်ငြင်းပယ်သူများဖြစ်ကြသော) သူတို့အနက်မှ အများစု သက်ဝင်ယုံကြည်သူများ မဖြစ်ခဲ့ကြချေ။
وَإِنَّ رَبَّكَ لَهُوَ الْعَزِيزُ الرَّحِيمُ (122)
စင်စစ်သော်ကား အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်သည် ဧကန်ပင်၊ လူသားတို့အား ဂုဏ်ဩဇာများချီးမြှင့်တော်မူသကဲ့သို့ အားလုံးအပေါ်လည်း အရှင့်ဘုန်း တန်ခိုးဖြင့် နိုင်နင်းလွှမ်းမိုးတော်မူသောအရှင် အားလုံးအပေါ် အစဉ် သနားညှာတာတော်မူသော အကြင်နာရှင် မုချဧကန် ဖြစ်တော်မူ၏။
كَذَّبَتْ عَادٌ الْمُرْسَلِينَ (123)
(တမန်တော်) အားဒ်၏လူမျိုးတို့သည် (တမန်တော်) အားဒ်အား မဟုတ်မတရား မမှန်မကန် လိမ်လည် စွပ်စွဲ၍ ငြင်းပယ်ခြင်းဖြင့်) အရှင့်မြတ်စေလွှတ်တော်မူသော ရစူလ်တမန်တော်များကို ငြင်းပယ်ကြ၏၊
إِذْ قَالَ لَهُمْ أَخُوهُمْ هُودٌ أَلَا تَتَّقُونَ (124)
(သတိရကြလော့။) သူတို့၏နောင်တော်ဖြစ်သော (တမန်တော်) ဟူးဒ်သည် သူတို့အား (သတိပေးနှိုးဆော်သည့်အနေဖြင့်) သင်တို့သည် (အလ္လာဟ်အရှင်မြတ်အား) စိုးရွံ့ထိတ်လန့် (၍ အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံးခြင်း) မပြုကြသလော။” ဟု ဟောပြောခဲ့စဉ်။
إِنِّي لَكُمْ رَسُولٌ أَمِينٌ (125)
ဧကန်ပင်၊ ကျွန်ုပ်သည် သင်တို့အတွက် သစ္စာရှိပြီးယုံကြည်စိတ်ချအပ်သော ရစူလ်တမန်တော် တစ်ပါးပင် ဖြစ်၏။
فَاتَّقُوا اللَّهَ وَأَطِيعُونِ (126)
သို့ဖြစ်ပေရာ အလ္လာဟ်အရှင်မြတ်ကို စိုးရွံ့ထိတ်လန့် (၍ အရှင့်စည်းမျဉ်းတော်များကို အရှင့်သိစိတ်ဖြင့် မြဲမြံစွာ လိုက်နာ) ပြီး ကျွန်ုပ်အား နာခံကြလော့။
وَمَا أَسْأَلُكُمْ عَلَيْهِ مِنْ أَجْرٍ ۖ إِنْ أَجْرِيَ إِلَّا عَلَىٰ رَبِّ الْعَالَمِينَ (127)
စင်စစ် ကျွန်ုပ်သည် ထို (အရှင့်အမိန့်ဗျာဒိတ်တော်များအား သင်တို့ထံ ပို့ချပေးအပ်ခြင်း) အတွက် သင်တို့ထံမှ (မည်သည့်) အကျိုးအမြတ်၊ (အခကြေးငွေ) ကိုမျှ တောင်းဆိုသည်မဟုတ်။ ကျွန်ုပ်၏အကျိုးဆုလဒ်မှာ စကြဝဠာနှင့်လောကခပ်သိမ်းတို့ကို ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ဖွံ့ဖြိုးပျိုးထောင်စေတော်မူသော အရှင်မြတ်အပေါ်၌သာ မူတည်ပါ၏။
أَتَبْنُونَ بِكُلِّ رِيعٍ آيَةً تَعْبَثُونَ (128)
သင်တို့သည် ကုန်းမြင့်တိုင်း၌ အထိမ်းအမှတ်လက္ခဏာတစ်ခုကို အပျော်သဘော အပန်းဖြေစရာနှင့် ပြစားမှုအဖြစ် တည်ဆောက်ကြလေသလော။
وَتَتَّخِذُونَ مَصَانِعَ لَعَلَّكُمْ تَخْلُدُونَ (129)
ထို့ပြင် သင်တို့သည် အမြဲထာဝရ ရှင်သန်နေထိုင်ကြရမည့်အလား ကြီးကျယ်ခိုင်ခံ့သော အမာခံ ရဲတိုက်များကို ပြုလုပ်တည်ဆောက်ကြ၏။
وَإِذَا بَطَشْتُم بَطَشْتُمْ جَبَّارِينَ (130)
ထို့ပြင် သင်တို့သည် (သူတစ်ပါး၏အသက်အိုးအိမ်စည်းစိမ်များကို) ကျူးကျော်တိုက်ခိုက်၍ ဖမ်းဆီး သိမ်းပိုက်သောအခါ ညှာတာစိတ်ကင်းသော နိုင်လိုမင်းထက်ပြုသူကဲ့သို့ပင် (အတင်းအဓမ္မ) ကျူးကျော်သိမ်းပိုက်ကြ၏။
فَاتَّقُوا اللَّهَ وَأَطِيعُونِ (131)
သို့ဖြစ်ပေရာ အလ္လာဟ်အရှင်မြတ်ကို စိုးရွံ့ထိတ်လန့် (၍ အရှင့်စည်းမျဉ်းတော်များကို အရှင့်သိစိတ်ဖြင့် မြဲမြံစွာ လိုက်နာ) ပြီး ကျွန်ုပ်အား နာခံကြလော့။
وَاتَّقُوا الَّذِي أَمَدَّكُم بِمَا تَعْلَمُونَ (132)
ထို့ပြင် သင်တို့သည် သင်တို့သိထားကြပြီဖြစ်သော အရာဟူသမျှနှင့်စပ်လျဉ်း၍ သင်တို့အား အလျှံပယ် ထောက်ပံ့ပေးသနားတော်မူသော အရှင်မြတ်အား စိုးရွံ့ထိတ်လန့် (လျက် အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာ ကျင့်သုံး) ကြလော့။
أَمَدَّكُم بِأَنْعَامٍ وَبَنِينَ (133)
ထိုအရှင်မြတ်သည် သင်တို့အား (အသက်ရှင်ရပ်တည်ရေးဆိုင်ရာ လိုအပ်ချက်များဖြစ်သော သယံဇာတများ၊ ကြက်ဘဲ ကျွဲ၊ နွား၊ ကုလားအုတ် စသည့်) တိရစ္ဆာန်များနှင့်သားသမီး ရတနာများဖြင့် ထောက်ပံ့ပေးသနားတော်မူ၏။
وَجَنَّاتٍ وَعُيُونٍ (134)
ထို့ပြင် ဥယျာဉ်ခြံများနှင့် (မြစ်ချောင်းအင်းအိုင်အပါအဝင်) စိမ့်စမ်းရေများကိုလည်း (ထောက်ပံ့ပေးသနားတော်မူ၏)။
إِنِّي أَخَافُ عَلَيْكُمْ عَذَابَ يَوْمٍ عَظِيمٍ (135)
ဧကန်ပင်၊ ကျွန်ုပ်သည် သင်တို့အပေါ် ကြီးကျယ်သော ထိတ်လန့်ဖွယ်ရာ (ရှင်ပြန်ထမည့်) နေ့၏ပြစ်ဒဏ် ထိုက်တန်မည်ကို စိုးရိမ်မိသည်။
قَالُوا سَوَاءٌ عَلَيْنَا أَوَعَظْتَ أَمْ لَمْ تَكُن مِّنَ الْوَاعِظِينَ (136)
(တမန်တော်ဟူးဒ်၏လူမျိုးများဖြစ်ကြသော) သူတို့က “(အို၊ ဟူဒ်၊) အသင်သည် ကျွန်ုပ်တို့အား ဟော ပြောဆုံးမသည်ဖြစ်စေ၊ ဟောပြောဆုံးမသူများထဲတွင် မပါဝင်သည်ဖြစ်စေ၊ ကျွန်ုပ်တို့အတွက် အကြောင်းမထူးပေ အတူတူပင်ဖြစ်၏။
إِنْ هَٰذَا إِلَّا خُلُقُ الْأَوَّلِينَ (137)
အမှန်မှာ (ကျွန်ုပ်တို့၏ပြုမူချက်များဖြစ်သော) ဤသည် လွန်လေပြီးသော ရှေးခေတ်လူတို့၏ဓလေ့ထုံးစံမျှပင် ဖြစ်ပေ၏။
وَمَا نَحْنُ بِمُعَذَّبِينَ (138)
(သို့ဖြစ်ပေရာ) ကျွန်ုပ်တို့သည် ပြစ်ဒဏ်ပေးခြင်းခံကြရမည့်သူများ မဖြစ်နိုင်ကြပေ။
فَكَذَّبُوهُ فَأَهْلَكْنَاهُمْ ۗ إِنَّ فِي ذَٰلِكَ لَآيَةً ۖ وَمَا كَانَ أَكْثَرُهُم مُّؤْمِنِينَ (139)
ထို့နောက် သူတို့သည် (တမန်တော်) ဟူဒ်အား မဟုတ်မတရား မမှန်မကန် စွပ်စွဲ၍ ငြင်းပယ်ခဲ့ကြပေရာ (အကျိုးဆက်အဖြစ်) ငါအရှင်မြတ်သည် သူတို့ကို တိမ်ကောဖျက်ဆီးစေတော်မူခဲ့၏။ မလွဲဧကန်၊ ထို (ဖြစ်ရပ်) ၌ ကြီးကျယ်လှစွာသော သင်ခန်းစာနှင့်သက်သေလက္ခဏာ တစ်ရပ်ရှိသော်လည်း (မယုံကြည်သူများနှင့်အမှန်တရားကို ဖီဆန်ငြင်းပယ်သူများဖြစ်ကြသော) သူတို့အနက်မှ အများစု သက်ဝင် ယုံကြည်သူများ မဖြစ်ခဲ့ကြချေ။
وَإِنَّ رَبَّكَ لَهُوَ الْعَزِيزُ الرَّحِيمُ (140)
စင်စစ်သော်ကား အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်သည် ဧကန်ပင်၊ လူသားတို့အား ဂုဏ်ဩဇာများချီးမြှင့်တော်မူသကဲ့သို့ အားလုံးအပေါ်လည်း အရှင့်ဘုန်း တန်ခိုးဖြင့် နိုင်နင်းလွှမ်းမိုးတော်မူသောအရှင် အားလုံးအပေါ် အစဉ် သနားညှာတာတော်မူသော အကြင်နာရှင် မုချဧကန်၊ ဖြစ်တော်မူ၏။
كَذَّبَتْ ثَمُودُ الْمُرْسَلِينَ (141)
အားဒ်၏လူမျိုးတို့သည် (တမန်တော်) ဆွာလိဟ်အား မဟုတ်မတရား မမှန်မကန် လိမ်လည်စွပ်စွဲ၍ ငြင်းပယ်ခြင်းဖြင့်) အရှင့်မြတ်စေလွှတ်တော်မူသော ရစူလ်တမန်တော်များကို ငြင်းပယ်ကြ၏၊
إِذْ قَالَ لَهُمْ أَخُوهُمْ صَالِحٌ أَلَا تَتَّقُونَ (142)
(သတိရကြလော့။) သူတို့၏နောင်တော်ဖြစ်သော (တမန်တော်) ဆွာလိဟ်သည် သူတို့အား (သတိပေးနှိုး ဆော်သည့်အနေဖြင့်) သင်တို့သည် (အလ္လာဟ်အရှင်မြတ်အား) စိုးရွံ့ထိတ်လန့် (၍ အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံးခြင်း) မပြုကြသလော။” ဟု ဟောပြောခဲ့စဉ်။
إِنِّي لَكُمْ رَسُولٌ أَمِينٌ (143)
ဧကန်ပင်၊ ကျွန်ုပ်သည် သင်တို့အတွက် သစ္စာရှိပြီးယုံကြည်စိတ်ချအပ်သော ရစူလ်တမန်တော် တစ်ပါးပင် ဖြစ်၏။
فَاتَّقُوا اللَّهَ وَأَطِيعُونِ (144)
သို့ဖြစ်ရာ အလ္လာဟ်အရှင်မြတ်ကို စိုးရွံ့ထိတ်လန့် (၍ အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ် မြဲမြံစွာဖြင့် လိုက်နာ) ပြီး ကျွန်ုပ်အား နာခံကြလော့။
وَمَا أَسْأَلُكُمْ عَلَيْهِ مِنْ أَجْرٍ ۖ إِنْ أَجْرِيَ إِلَّا عَلَىٰ رَبِّ الْعَالَمِينَ (145)
စင်စစ် ကျွန်ုပ်သည် ထို (အရှင့်အမိန့်ဗျာဒိတ်တော်များအား သင်တို့ထံ ပို့ချပေးအပ်ခြင်း) အတွက် သင်တို့ထံမှ (မည်သည့်) အကျိုးအမြတ်၊ (အခကြေးငွေ) ကိုမျှ တောင်းဆိုသည်မဟုတ်။ ကျွန်ုပ်၏အကျိုးဆုလဒ်မှာ စကြဝဠာနှင့်လောကခပ်သိမ်းတို့ကို ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ဖွံ့ဖြိုးပျိုးထောင်စေတော်မူသောအရှင် မြတ်အပေါ်၌သာ မူတည်ပါ၏။
أَتُتْرَكُونَ فِي مَا هَاهُنَا آمِنِينَ (146)
သင်တို့သည် ဤလောကီဘဝ၌ရှိသောအရာဟူသမျှတွင် (မည်သည့် တိမ်ကောဖျက်ဆီးမှုမျှ မရှိစေဘဲ) ဘေးကင်းလုံခြုံစွာ ချန်ထားနိုင်လိမ့်မည်။” (ဟု ထင်မြင်ယူဆကြသ) လော။
فِي جَنَّاتٍ وَعُيُونٍ (147)
ဥယျာဉ်ခြံများနှင့် (မြစ်ချောင်းအင်းအိုင်အပါအဝင်) စိမ့်စမ်းရေများ၌လည်း (မည်သည့် အဟန့်အတားမျှ ရှိလိမ့်မည်မဟုတ်” ဟု ထင်မှတ်ကြသလော။)
وَزُرُوعٍ وَنَخْلٍ طَلْعُهَا هَضِيمٌ (148)
(ဂျုံပြောင်းအစရှိသည့်) လယ်ယာမြေများ၌လည်းကောင်း နူးညံ့သောအဖူးအညွန့်များနှင့်အပြွတ်အခိုင်များ လှိုင်လှိုင်သီးသော စွန်ပလွံခြံများ၌လည်းကောင်း (မည်သည့် အဟန့်အတားမျှ ရှိလိမ့်မည်မဟုတ်” ဟု ထင်မှတ်ကြသလော)
وَتَنْحِتُونَ مِنَ الْجِبَالِ بُيُوتًا فَارِهِينَ (149)
ထို့ပြင် သင်တို့သည် တောင်များ၌ လက်ရာပြောင်မြောက်အောင် ကျွမ်းကျင်စွာ ခုတ်ဖြတ်ထွင်း လုပ်ထားကြသော အိမ်များကိုလည်း (မည်သည့် တိမ်ကောဖျက်ဆီးမှုမျှ မရှိစေဘဲ ဘေးကင်းလုံခြုံစွာ ချန်ထားနိုင်လိမ့်မည်။” ဟု ထင်မြင်ယူဆကြသလော။)
فَاتَّقُوا اللَّهَ وَأَطِيعُونِ (150)
သို့ဖြစ်ပေရာ သင်တို့သည် အလ္လာဟ်အရှင်မြတ်အား စိုးရွံ့ထိတ်လန့်ကြလော့။ သူပြင် သင်တို့သည် ကျွန်ုပ်၏အမိန့်ကို လိုက်နာကြလော့။
وَلَا تُطِيعُوا أَمْرَ الْمُسْرِفِينَ (151)
သို့ရာတွင် သင်တို့သည် စည်းမျဉ်းဥပဒေကို ကျူးလွန်ဖောက်ဖျက်သူတို့၏အမိန့်စီမံချက်များအတိုင်း မလိုက်နာကြလေနှင့်။
الَّذِينَ يُفْسِدُونَ فِي الْأَرْضِ وَلَا يُصْلِحُونَ (152)
ထိုသူတို့သည် မြေကမ္ဘာ၏တိုင်းပြည်ဒေသများတွင် အဖျက်အမှောင့်နှင့်ပျက်စီးရာပျက်စီးကြောင်းကို ပြုလုပ်လျက် မတည်မငြိမ်ဖြစ်စေပြီး (ဖြောင့်မတ်မှန်ကန်သော ပြုမူကျင့်ကြံမှုများဖြင့် တိုင်းပြည်ကို သာယာဝပြောအောင်) ပြုပြင်စေခြင်း မရှိကြပေ။
قَالُوا إِنَّمَا أَنتَ مِنَ الْمُسَحَّرِينَ (153)
(ဆမူးဒ်လူမျိုးဖြစ်ကြသော) သူတို့က “(အို၊ ဆွာလိဟ်၊) အသင်သည် ပြင်းထန်စွာ စုန်းပြုစားခြင်းခံရသူ များအနက်မှသာလျှင် တစ်ဦးအပါအဝင် ဖြစ်၏။” ဟု စွပ်စွဲပြောဆိုခဲ့ကြ၏။
مَا أَنتَ إِلَّا بَشَرٌ مِّثْلُنَا فَأْتِ بِآيَةٍ إِن كُنتَ مِنَ الصَّادِقِينَ (154)
အသင်သည် ကျွန်ုပ်တို့ကဲ့သို့ပင် (သေမျိုးဖြစ်သော) လူသားတစ်ဦးမှတပါး အခြား မဟုတ်ပေ။ သို့ဖြစ်ပေရာ အကယ်၍ သင်သည် (သင့်ကြွေးကြော်ချက်အတိုင်း) ဖြောင့်မတ်မှန်ကန်သော သစ္စာဝါဒီများအနက်မှ တစ်ဦး အပါအဝင်ဖြစ်လျှင် အံ့ဖွယ်သက်သေလက္ခဏာတစ်စုံတစ်ရာကို ထုတ်ဖော်တင်ပြလော့။” ဟု တောင်းဆိုခဲ့ကြ၏။
قَالَ هَٰذِهِ نَاقَةٌ لَّهَا شِرْبٌ وَلَكُمْ شِرْبُ يَوْمٍ مَّعْلُومٍ (155)
(တမန်တော်) ဆွာလိဟ်က “ဤသည် ကုလားအုတ်မတစ်ကောင်ဖြစ်ပြီး ယင်းအတွက် ရေသောက်ရမည့်နေ့ (တစ်နေ့ အလှည့်တစ်လှည့်) နှင့်သင်တို့အတွက် သတ်မှတ်ပေးသော သင်သိနေသည့် နေ့တစ်နေ့ (အလှည့်တစ်လှည့်) သည် ရှိနေ၏။
وَلَا تَمَسُّوهَا بِسُوءٍ فَيَأْخُذَكُمْ عَذَابُ يَوْمٍ عَظِيمٍ (156)
သို့ရာတွင် သင်တို့သည် ထိုကုလားအုတ်မကို မကောင်း (သောအကြံအစည်စေတနာယုတ်နှင့်အကုသိုလ်) မှုဖြင့် မထိပါးကြလေနှင့်။ သို့ထိပါးခဲ့ကြလျှင် ကြီးကျယ်သော ထိတ်လန့်ဖွယ်ရာ (ရှင်ပြန်ထမည့်) နေ့၏ပြစ်ဒဏ်သည် သင်တို့ကို ဖမ်းဆီးအရေးယူလိမ့်မည်။
فَعَقَرُوهَا فَأَصْبَحُوا نَادِمِينَ (157)
သို့တစေလည်း ထိုဆမူဒ်လူမျိုးတို့သည် ယင်း (ကုလားအုတ်မ) ၏ခြေတံကောက်ကြောများကို (ရက်စက်စွာ) ဖြတ်တောက်ခဲ့ကြသောကြောင့် သူတို့သည် (ပြစ်ဒဏ်သင့်လျက်) နောင်တရရှိသူများ ဖြစ်လာကြလေ၏။
فَأَخَذَهُمُ الْعَذَابُ ۗ إِنَّ فِي ذَٰلِكَ لَآيَةً ۖ وَمَا كَانَ أَكْثَرُهُم مُّؤْمِنِينَ (158)
သို့ဖြစ်ပေရာ ပြစ်ဒဏ်သည် သူတို့အား ဖမ်းဆီးအရေးယူခဲ့၏။ မလွဲဧကန်၊ ထို (ဖြစ်ရပ်) ၌ ကြီးကျယ်လှစွာသော သင်ခန်းစာနှင့်သက်သေလက္ခဏာ တစ်ရပ်ရှိသော်လည်း (မယုံကြည်သူများနှင့်အမှန်တရားကို ဖီဆန်ငြင်းပယ်သူများဖြစ်ကြသော) သူတို့အနက်မှ အများစု သက်ဝင်ယုံကြည်သူများ မဖြစ်ခဲ့ကြချေ။
وَإِنَّ رَبَّكَ لَهُوَ الْعَزِيزُ الرَّحِيمُ (159)
စင်စစ်သော်ကား အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်သည် ဧကန်ပင်၊ လူသားတို့အား ဂုဏ်ဩဇာများချီးမြှင့်တော်မူသကဲ့သို့ အားလုံးအပေါ်လည်း အရှင့်ဘုန်း တန်ခိုးဖြင့် နိုင်နင်းလွှမ်းမိုးတော်မူသောအရှင်၊ အားလုံးအပေါ် အစဉ် သနားညှာတာတော်မူသော အကြင်နာရှင်၊ မုချဧကန် ဖြစ်တော်မူ၏။
كَذَّبَتْ قَوْمُ لُوطٍ الْمُرْسَلِينَ (160)
(တမန်တော်) လူးသ်၏လူမျိုးတို့သည် (တမန်တော်) လူးသ်အား မဟုတ်မတရား မမှန်မကန် လိမ်လည် စွပ်စွဲ၍ ငြင်းပယ်ခြင်းဖြင့်) အရှင့်မြတ်စေလွှတ်တော်မူသော ရစူလ်တမန်တော်များကို ငြင်းပယ်ကြ၏၊
إِذْ قَالَ لَهُمْ أَخُوهُمْ لُوطٌ أَلَا تَتَّقُونَ (161)
(သတိရကြလော့။) သူတို့၏နောင်တော်ဖြစ်သော (တမန်တော်) လူးသ်သည် သူတို့အား (သတိပေးနှိုး ဆော်သည့်အနေဖြင့်) သင်တို့သည် (အလ္လာဟ်အရှင်မြတ်အား) စိုးရွံ့ထိတ်လန့် (၍ အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံးခြင်း) မပြုကြသလော။” ဟု ဟောပြောခဲ့စဉ်။
إِنِّي لَكُمْ رَسُولٌ أَمِينٌ (162)
ဧကန်ပင်၊ ကျွန်ုပ်သည် သင်တို့အတွက် သစ္စာရှိပြီးယုံကြည်စိတ်ချအပ်သော ရစူလ်တမန်တော် တစ်ပါးပင် ဖြစ်၏။
فَاتَّقُوا اللَّهَ وَأَطِيعُونِ (163)
သို့ဖြစ်ပေရာ အလ္လာဟ်အရှင်မြတ်ကို စိုးရွံ့ထိတ်လန့် (၍ အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာ) ပြီး ကျွန်ုပ်အား နာခံကြလော့။
وَمَا أَسْأَلُكُمْ عَلَيْهِ مِنْ أَجْرٍ ۖ إِنْ أَجْرِيَ إِلَّا عَلَىٰ رَبِّ الْعَالَمِينَ (164)
စင်စစ် ကျွန်ုပ်သည် ထို (အရှင့်အမိန့်ဗျာဒိတ်တော်များအား သင်တို့ထံ ပို့ချပေးအပ်ခြင်း) အတွက် သင်တို့ထံမှ (မည်သည့်) အကျိုးအမြတ်၊ (အခကြေးငွေ) ကိုမျှ တောင်းဆိုသည် မဟုတ်ပေ။ ကျွန်ုပ်၏အကျိုး ဆုလဒ်မှာ စကြဝဠာနှင့်လောကခပ်သိမ်းတို့ကို ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ဖွံ့ဖြိုးပျိုးထောင်စေတော်မူသော အရှင်မြတ်အပေါ်၌သာ မူတည်ပါ၏။
أَتَأْتُونَ الذُّكْرَانَ مِنَ الْعَالَمِينَ (165)
သင်တို့သည် ကမ္ဘာသူကမ္ဘာသားတို့အနက်မှ ယောကျာ်းများထံသို့သာလျှင် (တဏှာရာဂစိတ်ပြင်း ထန်စွာဖြင့်) လာရောက်ချဉ်းကပ်ကြလေသလော။
وَتَذَرُونَ مَا خَلَقَ لَكُمْ رَبُّكُم مِّنْ أَزْوَاجِكُم ۚ بَلْ أَنتُمْ قَوْمٌ عَادُونَ (166)
သို့ရာတွင် သင်တို့သည် သင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်က သင်တို့အတွက် ဖွဲ့စည်းဖြစ်တည်စေတော်မူသော (တရားဝင်ခွင့်ပြုထားသည့်) ကြင်ဖော်ကြင် ဖက်တို့ကိုမူ စွန့်ပစ်ထား ကြလေသလော။ စင်စစ်မှာမူကား အသင်တို့သည် စည်းမျဉ်းဥပဒေ (နှင့်ထုံးတမ်းအစဉ် အလာ) များကို ဖောက်ဖျက် ကျူးလွန်သော လူမျိုးများပင် ဖြစ်ကြ၏။
قَالُوا لَئِن لَّمْ تَنتَهِ يَا لُوطُ لَتَكُونَنَّ مِنَ الْمُخْرَجِينَ (167)
(တမန်တော်လူးသ်၏လူမျိုးများဖြစ်ကြသော) သူတို့က “အို၊ လူးသ်၊ အကယ်၍ သင်သည် (ကျွန်ုပ်တို့အား ဆုံးမသြဝါဒပေးခြင်းကို) မရပ်တန့်ပါလျှင် ဧကန်မလွဲ၊ အသင်သည် (တိုင်းပြည်မှ) နှင်ထုတ်ခြင်းခံရမည့်သူများအနက်မှပင် တစ်ဦးအပါအဝင် ဖြစ်ချေလိမ့်မည်။” ဟု ဆိုခဲ့ကြ၏။
قَالَ إِنِّي لِعَمَلِكُم مِّنَ الْقَالِينَ (168)
(တမန်တော်) လူးသ်က “ဧကန်ပင်၊ ကျွန်ုပ်သည် သင်တို့၏ပြုမူကျင့်ကြံမူများကို လွန်စွာစက်ဆုပ်ရွံ့ ရှာသူများအနက်မှပင် တစ်ဦးအပါအဝင် ဖြစ်သည်။” ဟု ဟောပြောခဲ့၏။
رَبِّ نَجِّنِي وَأَهْلِي مِمَّا يَعْمَلُونَ (169)
(ထို့နောက် တမန်တော်လူးသ်က) အို၊ ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၊ အရှင်မြတ်သည် ကျွန်ုပ်အားလည်းကောင်း၊ ကျွန်ုပ်၏မိသားစုနှင့်နောက်လိုက်တို့အားလည်းကောင်း၊ သူတို့ ပြုမူကျင့်ကြံလျက်ရှိကြသော (ပြစ်ဒဏ်ထိုက်သည့်) လုပ်ရပ်များ (၏အကျိုးဆက်) မှ ကင်းလွတ်စေတော်မူပါ။” (ဟု လျှောက်ထားခဲ့၏)။
فَنَجَّيْنَاهُ وَأَهْلَهُ أَجْمَعِينَ (170)
သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် တမန်တော်လူးသ်နှင့်တကွ မိသားစုနှင့်နောက်လိုက်အားလုံးကိုပင် ကယ်တင်တော်မူခဲ့၏။
إِلَّا عَجُوزًا فِي الْغَابِرِينَ (171)
သို့ရာတွင် အမျိုးသမီးအိုတစ်ဦးမှာမူကား (သူမသည်) နောက်၌ကျန်ရစ်ခဲ့သူတို့တွင် ပါဝင်ကျန်ရစ်ခဲ့လေ၏။
ثُمَّ دَمَّرْنَا الْآخَرِينَ (172)
ထို့နောက် ငါအရှင်မြတ်သည် (တမန်တော်လူးသ်၏မိသားစုနှင့်ယုံကြည်သူနောက်လိုက်များမှအပ) ကျန်လူအားလုံးတို့ကို အမြစ်ဖြတ်သုတ်သင်စေတော်မူခဲ့၏။
وَأَمْطَرْنَا عَلَيْهِم مَّطَرًا ۖ فَسَاءَ مَطَرُ الْمُنذَرِينَ (173)
ထို့ပြင် ငါအရှင်မြတ်သည် သူတို့အပေါ်၌ မိုးကြီးတစ်မျိုး (ဖျက်ဆီးစေသောခဲမိုး) ကို ရွာသွန်းစေတော်မူခဲ့၏။ စင်စစ် သတိပေးနှိုးဆော်ခြင်းခံကြရသူတို့အပေါ်တွင် (ရွာသွန်းစေသော) ထိုမိုးမှာ အလွန်ပင် ယုတ်ညံ့ဆိုးရွားလှပေစွ။
إِنَّ فِي ذَٰلِكَ لَآيَةً ۖ وَمَا كَانَ أَكْثَرُهُم مُّؤْمِنِينَ (174)
ဧကန်စင်စစ်၊ ဤသည့်(ဖြစ်ရပ်)၌ (ကြီးကျယ် လှစွာသော) သင်ခန်းစာသည် ရှိပေ၏။ သို့ရာတွင် သူတို့အနက် (မက္ကာမြို့သား ကာဖိရ်များအနက်) အများဆုံးသော သူတို့မှာမူကား သက်ဝင်ယုံကြည်ကြမည့် သူများ မဟုတ်ကြချေ။
وَإِنَّ رَبَّكَ لَهُوَ الْعَزِيزُ الرَّحِيمُ (175)
စင်စစ်သော်ကား အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်သည် ဧကန်ပင်၊ လူသားတို့အား ဂုဏ်ဩဇာများချီးမြှင့်တော်မူသကဲ့သို့ အားလုံးအပေါ်လည်း အရှင့်ဘုန်း တန်ခိုးဖြင့် နိုင်နင်းလွှမ်းမိုးတော်မူသောအရှင် အားလုံးအပေါ် အစဉ် သနားညှာတာတော်မူသော အကြင်နာရှင် မုချဧကန်၊ ဖြစ်တော်မူ၏။
كَذَّبَ أَصْحَابُ الْأَيْكَةِ الْمُرْسَلِينَ (176)
(တောအုပ်၌နေထိုင်ကြကုန်သော) အိုက်ကသ်၏အပေါင်းအဖော်တို့သည်တို့သည် (တမန်တော် ရှုအိုက်ဗ်အား မဟုတ်မတရား မမှန်မကန် လိမ်လည်စွပ်စွဲ၍ ငြင်းပယ်ခြင်းဖြင့်) အရှင့်မြတ်က စေလွှတ်တော်မူသော ရစူလ်တမန်တော်များကို ငြင်းပယ်ကြ၏။
إِذْ قَالَ لَهُمْ شُعَيْبٌ أَلَا تَتَّقُونَ (177)
(သတိရကြလော့။ တမန်တော်) ရှုအိုက်ဗ်သည် (အိုက်ကသ်၏အပေါင်းအဖော်များဖြစ်ကြသော) သူတို့ အား (သတိပေးနှိုးဆော်သည့်အနေဖြင့်) သင်တို့သည် (အလ္လာဟ်အရှင်မြတ်အား) စိုးရွံ့ထိတ်လန့် (၍ အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံးခြင်း) မပြုကြသလော။” ဟု ဟောပြောခဲ့စဉ်။
إِنِّي لَكُمْ رَسُولٌ أَمِينٌ (178)
ဧကန်ပင်၊ ကျွန်ုပ်သည် သင်တို့အတွက် သစ္စာရှိပြီးယုံကြည်စိတ်ချအပ်သော ရစူလ်တမန်တော် တစ်ပါးပင် ဖြစ်၏။
فَاتَّقُوا اللَّهَ وَأَطِيعُونِ (179)
သို့ဖြစ်ပေရာ အလ္လာဟ်အရှင်မြတ်ကို စိုးရွံ့ထိတ်လန့် (၍ အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာ) ပြီး ကျွန်ုပ်အား နာခံကြလော့။
وَمَا أَسْأَلُكُمْ عَلَيْهِ مِنْ أَجْرٍ ۖ إِنْ أَجْرِيَ إِلَّا عَلَىٰ رَبِّ الْعَالَمِينَ (180)
စင်စစ် ကျွန်ုပ်သည် ထို (အရှင့်အမိန့်ဗျာဒိတ်တော်များအား သင်တို့ထံ ပို့ချပေးအပ်ခြင်း) အတွက် သင်တို့ထံမှ (မည်သည့်) အကျိုးအမြတ်၊ (အခကြေးငွေ) ကိုမျှ တောင်းဆိုသည် မဟုတ်ပေ။ ကျွန်ုပ်၏အကျိုးဆုလဒ်မှာ စကြဝဠာနှင့်လောကခပ်သိမ်းတို့ကို ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ဖွံ့ဖြိုးပျိုးထောင်စေတော်မူသော အရှင်မြတ်အပေါ်၌သာ မူတည်ပါ၏။
۞ أَوْفُوا الْكَيْلَ وَلَا تَكُونُوا مِنَ الْمُخْسِرِينَ (181)
သင်တို့သည် (ကုန်ဖလှယ်ရာတွင် စကေး၊ ခွက်၊ စလယ်၊ တင်းတောင်း၊ စသော) အချိန်အတွယ်များကို (မသာမာမှုကင်းစွာဖြင့်) အပြည့်အဝချိန်တွယ်ပေးကြလော့။ ထို့ပြင် သင်တို့သည် (သူတစ်ပါးအား) ဆုံးရှုံးနစ်နာစေသူများအနက်မှ မဖြစ်ကြလေနှင့်။
وَزِنُوا بِالْقِسْطَاسِ الْمُسْتَقِيمِ (182)
ထို့ပြင် အသင်တို့သည် (ကုန်ဖလှယ်ရာတွင် အသုံးပြုသော ချိန်ခွင်၊ စကေး ခွက်၊ စလယ်၊ တင်းတောင်း၊ စသည့်) ဖြောင့်မတ်မှန်ကန်တိကျမှု မြဲမြံသော ချိန်တွယ်မှုမျိုးဖြင့် ချိန်တွယ်တိုင်းတာ ပေးကြလော့။
وَلَا تَبْخَسُوا النَّاسَ أَشْيَاءَهُمْ وَلَا تَعْثَوْا فِي الْأَرْضِ مُفْسِدِينَ (183)
ထို့ပြင် သင်တို့သည် လူတို့အား သူတို့၏ရသင့်ရထိုက်သော ရပိုင်ခွင့် ခံစားခွင့်အစရှိသည့် အရေးကိစ္စများကို (ဆုံးရှုံးနစ်နာအောင် ရပိုင်ခွင့်နှင့်ခံစားခွင့်များကို အပြည့်အဝ မပေးဘဲ) စံချိန်ကို မလျှော့ကြလေနှင့်။ ထို့ပြင် သင်တို့သည် မြေကမ္ဘာ (၏တိုင်းပြည်မြို့ရွာဒေသများ) တွင် အဖျက်အမှောင့်နှင့်မတည်ငြိမ်မှုများကို ဖြစ် ပွားပျံ့နှံ့စေလျက် ကောက်ကျစ်ညစ်ညမ်းစွာ သွားလာလှုပ်ရှားခြင်း မပြုကြလေနှင့်။
وَاتَّقُوا الَّذِي خَلَقَكُمْ وَالْجِبِلَّةَ الْأَوَّلِينَ (184)
ထို့ပြင် သင်တို့သည် သင်တို့နှင့်လွန်လေသွားခဲ့ပြီဖြစ်သော ရှေးခေတ်မျိုးဆက်များကို ဖွဲ့စည်းဖြစ်တည်စေတော်မူသောအရှင်မြတ်အား စိုးရွံ့ထိတ်လန့် (၍ အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံး) ကြလော့။
قَالُوا إِنَّمَا أَنتَ مِنَ الْمُسَحَّرِينَ (185)
(အိုက်ကသ်၏အပေါင်းအဖော်များဖြစ်ကြသော) သူတို့က “(အို၊ ရှုအိုက်ဗ်၊) အသင်သည် စုန်းပြုစားခြင်း ခံရသူများအနက်မှသာလျှင် တစ်ဦးအပါအဝင် ဖြစ်လေ၏။”ဟု တုံ့ပြန်ပြောဆိုခဲ့ကြ၏။
وَمَا أَنتَ إِلَّا بَشَرٌ مِّثْلُنَا وَإِن نَّظُنُّكَ لَمِنَ الْكَاذِبِينَ (186)
စင်စစ် အသင်သည် ကျွန်ုပ်တို့ကဲ့သို့ပင် (သေမျိုးဖြစ်သော) လူသားတစ်ဦးမှအပ အခြားမဟုတ်ပေ။ ဧကန်စင်စစ်၊ ကျွန်ုပ်တို့သည် အသင့်အား မုသာဝါဒီများအနက်မှ တစ်ဦးပင် ဧကန်မုချ ဖြစ်သည်။”ဟု ထင် မှတ်ကြလေ၏။
فَأَسْقِطْ عَلَيْنَا كِسَفًا مِّنَ السَّمَاءِ إِن كُنتَ مِنَ الصَّادِقِينَ (187)
သို့ဖြစ်ပေရာ အကယ်၍ အသင်သည် ဖြောင့်မတ်မှန်ကန်သော သစ္စာဝါဒီတို့တွင် အပါအဝင်ဖြစ်လျှင် ကျွန်ုပ်တို့အပေါ်၌ ကောင်းကင်ယံမှ အစိုင်အခဲအပိုင်းအစများကို ကျိုးကျလာအောင် ဖြစ်စေလော့။
قَالَ رَبِّي أَعْلَمُ بِمَا تَعْمَلُونَ (188)
(တမန်တော်) ရှုအိုက်ဗ်က ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်သည် သင်တို့ ပြုမူကျင့်ကြံသမျှတို့ကို ကောင်းစွာ သိနေတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။” ဟု ဟောပြောခဲ့၏။
فَكَذَّبُوهُ فَأَخَذَهُمْ عَذَابُ يَوْمِ الظُّلَّةِ ۚ إِنَّهُ كَانَ عَذَابَ يَوْمٍ عَظِيمٍ (189)
ထို့နောက် သူတို့သည် တမန်တော် ရှုအိုက်ဗ်အား မဟုတ်မတရား မမှန်မကန်စွပ်စွဲ၍ ငြင်းပယ်ခဲ့ကြ​ရာ (အကျိုးဆက်အဖြစ်) လငပုပ်ဖမ်းသကဲ့သို့ လွှမ်းမိုးသွားသည့် ကြေကွဲဖွယ်ရာ အမှောင်နေ့၏ပြစ်ဒဏ်သည် သူတို့အား ဖမ်းဆီးအရေးယူခဲ့၏။ ဧကန်ပင်၊ ထိုနေ့သည် ကြီးကျယ်သော ထိတ်လန့်ဖွယ်ရာ ပြစ်ဒဏ်ပေးသည့်နေ့ပင် ဖြစ်၏။
إِنَّ فِي ذَٰلِكَ لَآيَةً ۖ وَمَا كَانَ أَكْثَرُهُم مُّؤْمِنِينَ (190)
မလွဲဧကန်၊ ထို (ဖြစ်ရပ်) ၌ ကြီးကျယ်လှစွာသော သင်ခန်းစာနှင့်သက်သေလက္ခဏာ တစ်ရပ်ရှိသော်လည်း (မယုံကြည်သူများနှင့်အမှန်တရားကို ဖီဆန်ငြင်းပယ်သူများဖြစ်ကြသော) သူတို့အနက်မှ အများစုက သက်ဝင်ယုံကြည်သူများ မဖြစ်ခဲ့ကြချေ။
وَإِنَّ رَبَّكَ لَهُوَ الْعَزِيزُ الرَّحِيمُ (191)
စင်စစ်သော်ကား အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်သည် ဧကန်ပင်၊ လူသားတို့အား ဂုဏ်ဩဇာများချီးမြှင့်တော်မူသကဲ့သို့ အားလုံးအပေါ်လည်း အရှင့်ဘုန်း တန်ခိုးဖြင့် နိုင်နင်းလွှမ်းမိုးတော်မူသောအရှင် အားလုံးအပေါ် အစဉ် သနားညှာတာတော်မူသော အကြင်နာရှင် မုချဧကန်၊ ဖြစ်တော်မူ၏။
وَإِنَّهُ لَتَنزِيلُ رَبِّ الْعَالَمِينَ (192)
ထို့ပြင် မုချဧကန်၊ ဤ (ကုရ်အာန်ကျမ်းတော်မြတ်) သည် စကြဝဠာလောကခပ်သိမ်းတို့ကို ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ဖွံ့ဖြိုးပျိုးထောင်စေတော်မူသော အရှင်မြတ်က ထုတ်ပြန်ချမှတ်ပေးအပ်တော်မူသော (ကျမ်းတော်ပင်) ဖြစ်၏။
نَزَلَ بِهِ الرُّوحُ الْأَمِينُ (193)
ရူဟုလ်အမီန် (ယုံကြည်စိတ်ချအပ်သော ဝိညာဉ်တော် ဖြစ်သည့် ကောင်းကင်တမန် ဂျိဗ်ရီးလ်) သည် ယင်း (ကုန်အာန်ကျမ်းတော်မြတ်) ကို ယူဆောင်ချမှတ်ပေးအပ်ခဲ့၏။
عَلَىٰ قَلْبِكَ لِتَكُونَ مِنَ الْمُنذِرِينَ (194)
အသင် (တမန်တော်) သည် သတိပေးနှိုးဆော်သူတို့တွင် အပါအဝင် ဖြစ်လာစေရန်အလို့ငှာ အသင်၏စိတ်နှလုံးပေါ်၌။
بِلِسَانٍ عَرَبِيٍّ مُّبِينٍ (195)
ရှင်းလင်းသော အရဗီစာပေဘာသာဖြင့် (ချမှတ်ပေးအပ်ခြင်းဖြစ်၏။)
وَإِنَّهُ لَفِي زُبُرِ الْأَوَّلِينَ (196)
ထို့ပြင် ဧကန်အမှန်၊ ထို (ကုရ်အာန်ကျမ်းတော်မြတ်) ၌ လွန်လေပြီးသော ရှေးခေတ်လူတို့၏ကျမ်းဂန်များ (အကြောင်း) လည်း ဧကန်မုချပင် ပါရှိ၏။
أَوَلَمْ يَكُن لَّهُمْ آيَةً أَن يَعْلَمَهُ عُلَمَاءُ بَنِي إِسْرَائِيلَ (197)
အစ္စရေးမျိုးနွယ်ဝင် ပညာရှင်များသည် ယင်း (ကုရ်အာန်ကျမ်းတော်မြတ်) ကို သိနားလည်ကြရန် သူတို့ အတွက် (လုံလောက်သော) သက်သေလက္ခဏာ (သာဓက) တစ်ရပ် မဖြစ်ခဲ့လေသလော။
وَلَوْ نَزَّلْنَاهُ عَلَىٰ بَعْضِ الْأَعْجَمِينَ (198)
အကယ်၍ ငါအရှင်မြတ်သည် ယင်း (ကုရ်အာန်ကျမ်းတော်မြတ်) ကို အာရဗ်အမျိုးသား မဟုတ်သူ တစ်ဦးတစ်ယောက်အပေါ်၌ ချမှတ်ပေးအပ်တော်မူခဲ့လျှင်ပင်။
فَقَرَأَهُ عَلَيْهِم مَّا كَانُوا بِهِ مُؤْمِنِينَ (199)
ထို့နောက် ထိုသူသည် သူတို့ရှေ့ဝယ် ယင်း (ကုရ်အာန်ကျမ်းတော်မြတ်) ကို ဖတ်ကြားခဲ့သော် သူတို့သည် ယင်းကို ယုံကြည်ကြမည့်သူများ မဟုတ်ပေ။
كَذَٰلِكَ سَلَكْنَاهُ فِي قُلُوبِ الْمُجْرِمِينَ (200)
(သူတို့သည် မယုံကြည်မှုနှင့်မတရားမှု၌ပင် ဇွဲရှိရှိ တစ်ဇွတ်ထိုး ရပ်တည်နေသောကြောင့်) ငါအရှင်မြတ်သည် ထိုရာဇဝတ်မှုကျူးလွန်သူတို့၏စိတ်နှလုံးတွင်းဝယ် ထိုနည်းအတိုင်းပင် ယင်းငြင်းပယ်မှုကို ထည့် သွင်းတော်မူခဲ့၏။
لَا يُؤْمِنُونَ بِهِ حَتَّىٰ يَرَوُا الْعَذَابَ الْأَلِيمَ (201)
(ထိုသို့ မငြင်းပယ်နိုင်သော သက်သေအထောက်အထားများဖြင့် ပြည့်စုံနေသော်လည်း) သူတို့သည် ပြင်းပြနာကြင်ဖွယ်ရာ စူးနစ်သော ပြစ်ဒဏ်ကို မျက်ဝါးထင်ထင် မမြင်ကြရလေသမျှ ကာလပတ်လုံး ယင်း (ကုရ်အာန်ကျမ်းတော်မြတ်) ကို ယုံကြည်ကြမည် မဟုတ်ပေ။
فَيَأْتِيَهُم بَغْتَةً وَهُمْ لَا يَشْعُرُونَ (202)
သို့ဖြစ်ပေရာ ထို (ပြစ်ဒဏ်) သည် သူတို့ထံသို့ သူတို့မသိရှိ (သတိမမူ) ကြစဉ် ရုတ်တရက် ရောက်ရှိလာပေမည်။
فَيَقُولُوا هَلْ نَحْنُ مُنظَرُونَ (203)
ထိုအခါ သူတို့က “ကျွန်ုပ်တို့သည် (မိမိတို့ကိုယ်ကို ပြုပြင်နိုင်ရန်အတွက်) ရွှေ့ဆိုင်းခွင့် ရရှိနိုင်ကြပါမည်လော။” ဟု တောင့်တပြောဆိုကြပေမည်။
أَفَبِعَذَابِنَا يَسْتَعْجِلُونَ (204)
သို့ပါလျက် သူတို့သည် ငါအရှင်မြတ်၏ပြစ်ဒဏ်ကို အလျင်စလို အဆောတလျင် တောင်းဆိုကြလေသလော။
أَفَرَأَيْتَ إِن مَّتَّعْنَاهُمْ سِنِينَ (205)
အသင်သည် အကယ်၍ ငါအရှင်မြတ်က သူတို့အား နှစ်ကာလကြာရှည်စွာ လောကီအကျိုးခံစားခွင့်များဖြင့် ပျော်မြူးစေတော်မူလျှင် (မည်သို့ဖြစ်လာနိုင်သည်ကို) တွေးတော ဆင်ခြင်သုံးသပ်မိလေသလော။
ثُمَّ جَاءَهُم مَّا كَانُوا يُوعَدُونَ (206)
ထို့နောက် သူတို့အား ကတိထားတော်မူခြင်းခံရသည့်အတိုင်း (ပြစ်ဒဏ်) သည် သူတို့ထံ ရောက်ရှိလာခဲ့သော်။
مَا أَغْنَىٰ عَنْهُم مَّا كَانُوا يُمَتَّعُونَ (207)
ထိုအခါ သူတို့အား လောကီအကျိုးခံစားခွင့်များဖြင့် ပျော်မြူးစေခဲ့သမျှသည် သူတို့အတွက် မည်သို့မျှ အသုံးဝင် (အကျိုးပြု) လိမ့်မည်မဟုတ်ပေ။
وَمَا أَهْلَكْنَا مِن قَرْيَةٍ إِلَّا لَهَا مُنذِرُونَ (208)
စင်စစ် ငါအရှင်မြတ်သည် မည်သည့် မြို့ရွာနယ်မြေဒေသကိုမျှ ယင်းအတွက် သတိပေးနှိုးဆော်သူများ ရောက်ရှိစေခြင်းမရှိစေဘဲ တိမ်ကောဖျက်ဆီးစေတော်မမူချေ။
ذِكْرَىٰ وَمَا كُنَّا ظَالِمِينَ (209)
သတိရ တသ၍ ထုတ်ဖော်ဖွင့်ဟစရာ (ဖြစ်သော ကျမ်းတော်မြတ်ကုရ်အာန်၌ ရှင်းပြထားသည့်) အတိုင်း ငါအရှင်မြတ်သည် စည်းဘောင်ကျော်၍ မတော်မတရား မမှန်မကန် အရေးယူတော်မူသောအရှင် မဟုတ်ပေ။
وَمَا تَنَزَّلَتْ بِهِ الشَّيَاطِينُ (210)
စင်စစ် ထို (ကုရ်အာန်ကျမ်းတော်မြတ်) နှင့်စပ်လျဉ်း၍ စေတန်မကောင်းဆိုးဝါးက (မည်သည်ကိုမျှ) ချမှတ်ပေးနိုင်သည် မဟုတ်ပေ။
وَمَا يَنبَغِي لَهُمْ وَمَا يَسْتَطِيعُونَ (211)
စင်စစ် (ကျမ်းမြတ်ကုရ်အာန်အား ချမှတ်ပေးအပ်သည့်ကိစ္စ၌ စေတန်မကောင်းဆိုးဝါးများဖြစ်ကြသော) သူတို့အတွက် မည်သည့် ခွင့်ပြုချက်မျှ မရှိချေ (သူတို့နှင့် မအပ်စပ်ပေ)။ ထို့ပြင် သူတို့သည် (ထိုသို့ ချ မှတ်ပေး ရန်) တတ်စွမ်းနိုင်ကြသည်လည်း မဟုတ်ပေ။
إِنَّهُمْ عَنِ السَّمْعِ لَمَعْزُولُونَ (212)
ဧကန်ပင်၊ ထိုစေတန်မကောင်းဆိုးဝါးများသည် (ဝဟီအမိန့်တော်အား ချမှတ်ပေးအပ်ခြင်းခံရစဉ် ယင်းကို) ကြားနာခြင်းမှ အမှန်ပင် (ဥပဒေအရအပြီးအပိုင်) ထုတ်ပယ်တားမြစ်ခြင်း ခံခဲ့ကြရပြီး ဖြစ်၏။
فَلَا تَدْعُ مَعَ اللَّهِ إِلَٰهًا آخَرَ فَتَكُونَ مِنَ الْمُعَذَّبِينَ (213)
သို့ဖြစ်ပေရာ (အို၊ ရစူလ်တမန်တော်၊) အသင်သည် အလ္လာဟ်အရှင်မြတ်နှင့်တွဲဖက်၍ မည်သည့် ကိုးကွယ်ရာကိုမျှ ဟစ်ခေါ် တသလျက် ကိုးကွယ်ဆည်းကပ်ခြင်း မပြုလေနှင့်။ သို့ပြုခဲ့လျှင် အသင်သည်လည်း ပြစ်ဒဏ်ပေးခြင်းခံကြရသူတို့တွင် အပါအဝင် ဖြစ်သွားပေမည်။
وَأَنذِرْ عَشِيرَتَكَ الْأَقْرَبِينَ (214)
ထို့ပြင် အသင် (တမန်တော်) သည် နီးစပ်သော ဆွေမျိုးအရင်းအချာများကို သတိပေးနှိုးဆော်လော့။
وَاخْفِضْ جَنَاحَكَ لِمَنِ اتَّبَعَكَ مِنَ الْمُؤْمِنِينَ (215)
ထို့ပြင် အသင်သည် (အရှင့်အမိန့်တော်နှင့်အညီ ဘဝဆောက်တည်၍) သင်၏နောက်သို့ လိုက်ကြသော သက်ဝင်ယုံကြည်သူတို့၏ရှေ့ဝယ် (သင်၏ကရုဏာနှင့်မေတ္တာကို ကိုယ်စားပြုသည့် အတောင်ပျံများဖြင့်) ကျိုးနွံလော့။
فَإِنْ عَصَوْكَ فَقُلْ إِنِّي بَرِيءٌ مِّمَّا تَعْمَلُونَ (216)
သို့ရာတွင် အကယ်၍ သူတို့သည် အသင်၏ (ဖိတ်ခေါ်မှုကို ငြင်းပယ်၍ သူတို့၏ယခင်လမ်းစဉ် ဟောင်းအတိုင်းသာ ဆက်လက်လျှောက်လျက်) အမိန့်ကို ဖီဆန်ခဲ့ကြလျှင် အသင်သည် (သူတို့အား) ဧကန်ပင် ကျွန်ုပ်သည် သင်တို့၏ပြုမူကျင့်ကြံမှုတို့မှ (တာဝန်) လွတ်ကင်းသည်။” ဟု ဟောပြောလော့။
وَتَوَكَّلْ عَلَى الْعَزِيزِ الرَّحِيمِ (217)
ထိုမှတပါး အသင်သည် လူသားတို့အား ဂုဏ်ဩဇာများချီးမြှင့်တော်မူသကဲ့သို့ အားလုံးအပေါ်လည်း အရှင့်ဘုန်းတန်ခိုးဖြင့် နိုင်နင်းလွှမ်းမိုးတော်မူသောအရှင် အားလုံးအပေါ် အစဉ် သနားညှာတာတော်မူသော အကြင်နာရှင် အပေါ်၌ ယုံပုံကိုးစားလော့။
الَّذِي يَرَاكَ حِينَ تَقُومُ (218)
ထိုအရှင်မြတ်သည် အသင်က (သင်၏ရပ်တည်ချက် အရှင့်အမိန့်တော်နှင့်ဝတ်ပြုမှုတို့အတွက် မားမား မတ်မတ်ရပ်တည်သောအခါ အသင့်အား မြင်တော်မူ၏။)
وَتَقَلُّبَكَ فِي السَّاجِدِينَ (219)
ထို့ပြင် (အရှင်မြတ်ပင်သည် သင်က တမန်တော်တာဝန်အား အပြည့်အဝကျေပွန်သည့်အနေဖြင့် ယုံကြည်သူတို့၏ဘဝများကို ပြောင်းလဲပေးရန်ကြိုးစားခြင်းနှင်ုဝတ်ပြုဆုတောင်းခြင်းတို့ဖြင့်) နာခံဝပ်တွား ဦးချ သည့်အနေအထား၌ (ရှိနေသော) သင်၏လှုပ်ရှားမှုကိုလည်း (မြင်တော်မူ၏။)
إِنَّهُ هُوَ السَّمِيعُ الْعَلِيمُ (220)
ဧကန်ပင်၊ ထိုအရှင်မြတ်သည် အရာခပ်သိမ်းတို့၏အသံအလုံးစုံကို အကြွင်းမဲ့ ကြားနေတော်မူသောအရှင်၊ အရာခပ်သိမ်းကို သိနေတော်မူသောအရှင် ဖြစ်တော်မူ၏။
هَلْ أُنَبِّئُكُمْ عَلَىٰ مَن تَنَزَّلُ الشَّيَاطِينُ (221)
(အို၊ ရစူလ်တမန်တော် အသင်သည် သူတို့အား) “ကျွန်ုပ်သည် မည်သူ့အပေါ်၌ စေတန်မကောင်း ဆိုးဝါး များ ဆင်းသက်လာကြသည်ကို သင်တို့အား သတင်းပေးပြောပြရမည်လော။” (ဟု မေးမြန်းလော့။)
تَنَزَّلُ عَلَىٰ كُلِّ أَفَّاكٍ أَثِيمٍ (222)
(စေတန်မကောင်းဆိုးဝါးများသည်) မကောင်းမှုဒုစရိုက်ကို စွဲမြဲစွာ ကျူးလွန်သော မုသာဝါဒီတိုင်း၏အပေါ်၌ ဆင်းသက်လာကြ၏။
يُلْقُونَ السَّمْعَ وَأَكْثَرُهُمْ كَاذِبُونَ (223)
(စေတန်မကောင်းဆိုးဝါးများ ဆင်းသက်ခြင်းခံရသူများမှာ မကောင်းမှုညစ်ညမ်းမှုနှင့်အချည်းနှီးသော အပြောအဆိုများကို ထက်သန်စွာ) နားစိုက်လေ့ရှိကြပြီး သူတို့အနက် အများစုမှာ မုသာဝါဒီများပင် ဖြစ်ကြ၏။
وَالشُّعَرَاءُ يَتَّبِعُهُمُ الْغَاوُونَ (224)
သို့ရာတွင် ကဗျာလင်္ကာဆရာတို့မှာမူကား လမ်းလွဲသူတို့သာလျှင် သူတို့နောက်သို့ လိုက်ကြ၏။
أَلَمْ تَرَ أَنَّهُمْ فِي كُلِّ وَادٍ يَهِيمُونَ (225)
ဧကန်ပင်၊ သူတို့သည် တောင်ကြားတိုင်းတွင် (အကန်းလမ်းပျောက်ပမာ) ခြေဦးတည်ရာသို့ ထင်ရာစိုင်း သွားလာလျက်ရှိကြသည်ကို အသင် မတွေးတော မဆင်ခြင် မသုံးသပ်မိသလော။
وَأَنَّهُمْ يَقُولُونَ مَا لَا يَفْعَلُونَ (226)
ထို့ပြင် သူတို့သည် သူတို့ပြုမူကျင့်ကြံလေ့မရှိသည်ကို (ပြုလုပ်ကြသည်ဟု) ပြောဆိုလေ့ရှိကြ၏။
إِلَّا الَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ وَذَكَرُوا اللَّهَ كَثِيرًا وَانتَصَرُوا مِن بَعْدِ مَا ظُلِمُوا ۗ وَسَيَعْلَمُ الَّذِينَ ظَلَمُوا أَيَّ مُنقَلَبٍ يَنقَلِبُونَ (227)
သို့ရာတွင် (ထိုကဗျာလင်္ကာဆရာများ၌) သက်ဝင်ယုံကြည်ခဲ့ကြပြီးနောက် ဖြောင့်မတ်မှန်ကန်သော ပြုမူ ကျင့်ကြံမှုများဖြင့် ပြုပြင်ကြသည့်အပြင် အလ္လာဟ်အရှင်မြတ် အားလည်း များစွာ သတိရ တသ၍ ဖွင့်ဟကြသူများ မပါဝင်ပေ။ ထို့ပြင် သူတို့သည် မတော်မတရား ညှင်းပန်းနှိပ်စက်ခြင်းကို ခံခဲ့ကြရပြီး နောက်တွင် (မိမိတို့ကိုယ်ကို ကာကွယ်ရန်) အချင်းချင်းကူညီလျက် အမှန်တရားအတွက် သက်သေထူကြ ၏။ အရှင့်စည်း မျဉ်းတော်များကို ချိုးဖောက်ကျူးလွန်၍ မဟုတ်မတရား မမှန်မကန် ပြုမူကျင့်ကြံသူတို့သည် သူတို့အား မည်သို့ (သော ဇောက်ထိုး ပြောင်းပြန်လှန်ပစ်မှုဖြင့်) ဇောက်တိဇောက်ထိုး ပြောင်းပြန် လှန်ပစ်ခြင်းခံရမည်ကို မကြာမီ သိကြလိမ့်မည်။
❮ السورة السابقة السورة التـالية ❯

قراءة المزيد من سور القرآن الكريم :

1- الفاتحة2- البقرة3- آل عمران
4- النساء5- المائدة6- الأنعام
7- الأعراف8- الأنفال9- التوبة
10- يونس11- هود12- يوسف
13- الرعد14- إبراهيم15- الحجر
16- النحل17- الإسراء18- الكهف
19- مريم20- طه21- الأنبياء
22- الحج23- المؤمنون24- النور
25- الفرقان26- الشعراء27- النمل
28- القصص29- العنكبوت30- الروم
31- لقمان32- السجدة33- الأحزاب
34- سبأ35- فاطر36- يس
37- الصافات38- ص39- الزمر
40- غافر41- فصلت42- الشورى
43- الزخرف44- الدخان45- الجاثية
46- الأحقاف47- محمد48- الفتح
49- الحجرات50- ق51- الذاريات
52- الطور53- النجم54- القمر
55- الرحمن56- الواقعة57- الحديد
58- المجادلة59- الحشر60- الممتحنة
61- الصف62- الجمعة63- المنافقون
64- التغابن65- الطلاق66- التحريم
67- الملك68- القلم69- الحاقة
70- المعارج71- نوح72- الجن
73- المزمل74- المدثر75- القيامة
76- الإنسان77- المرسلات78- النبأ
79- النازعات80- عبس81- التكوير
82- الإنفطار83- المطففين84- الانشقاق
85- البروج86- الطارق87- الأعلى
88- الغاشية89- الفجر90- البلد
91- الشمس92- الليل93- الضحى
94- الشرح95- التين96- العلق
97- القدر98- البينة99- الزلزلة
100- العاديات101- القارعة102- التكاثر
103- العصر104- الهمزة105- الفيل
106- قريش107- الماعون108- الكوثر
109- الكافرون110- النصر111- المسد
112- الإخلاص113- الفلق114- الناس