Quran with Burmese translation - Surah Ash-Shu‘ara’ ayat 173 - الشعراء - Page - Juz 19
﴿وَأَمۡطَرۡنَا عَلَيۡهِم مَّطَرٗاۖ فَسَآءَ مَطَرُ ٱلۡمُنذَرِينَ ﴾
[الشعراء: 173]
﴿وأمطرنا عليهم مطرا فساء مطر المنذرين﴾ [الشعراء: 173]
Ba Sein ၁၇၃။ ထို့အပြင်သူတို့အပေါ်၌ မိုးရွာသွန်းစေတော်မူ၏၊ သတိပေးခံရသူတို့အပေါ်တွင် ရွာသွန်းသောမိုးသည် အလွန် ပြင်းထန်ကြောက်မက်ဖွယ်ဖြစ်၏။ |
Ghazi Mohammad Hashim ထို့ပြင် ငါအရှင်မြတ်သည် ၎င်းတို့အပေါ်၌ မိုးတစ်မျိုး(ခဲမိုး)ကို ရွာသွန်းစေတော်မူခဲ့၏။ စင်စစ် သတိပေးနှိုးဆော်ခြင်းခံကြရသူတို့ (အပေါ်၌ရွာသွန်းခဲ့သော)မိုးမှာ အဘယ်မျှ ဆိုးရွားလှဘိသနည်း။ |
Hashim Tin Myint ထို့ပြင် ငါအရှင်မြတ်သည် သူတို့အပေါ်တွင် မိုးတစ်မျိုး(ခဲမိုး)ကို ရွာသွန်းစေတော်မူခဲ့သည်။ ထို့နောက် သတိပေးနှိုးဆော်ခြင်းခံကြရသူများ၏(အပေါ်တွင် ရွာသွန်းချခဲ့သည့်)မိုးသည် အလွန်ဆိုးရွားလှသည်။ |