Quran with Burmese translation - Surah An-Naml ayat 60 - النَّمل - Page - Juz 20
﴿أَمَّنۡ خَلَقَ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضَ وَأَنزَلَ لَكُم مِّنَ ٱلسَّمَآءِ مَآءٗ فَأَنۢبَتۡنَا بِهِۦ حَدَآئِقَ ذَاتَ بَهۡجَةٖ مَّا كَانَ لَكُمۡ أَن تُنۢبِتُواْ شَجَرَهَآۗ أَءِلَٰهٞ مَّعَ ٱللَّهِۚ بَلۡ هُمۡ قَوۡمٞ يَعۡدِلُونَ ﴾
[النَّمل: 60]
﴿أمن خلق السموات والأرض وأنـزل لكم من السماء ماء فأنبتنا به حدائق﴾ [النَّمل: 60]
Ba Sein ၆ဝ။ မိုးမြေကို ဖန်ဆင်းတော်မူသောမိုးကောင်းကင်မှ မိုးရေချပေးသနားတော်မူသောအရှင်မြတ်သည် အမြတ်ဆုံး မဟုတ်လော၊ ထိုမိုးရေအားဖြင့် ငါသည် လှပတင့်တယ်ပျော်ရွှင်ဖွယ်သောဥယျာဉ်ပန်းမန်တို့ကို ပေါက်ရောက် စေတော်မူ၏၊ သင်တို့သည် ထိုဥယျာဉ်များရှိ အသီးသီးသောအပင်တို့ကို ပေါက်ရောက်စေနိုင်ကြသည်မဟုတ်ချေ။ အလ္လာဟ်အရှင်မြတ်မှတပါး အခြားအရှင်သခင်ရှိတော်မူသလော၊ မရှိချေ၊ သို့သော်ထိုသူတို့သည် ဘုရားတုများကို အလ္လာဟ်အရှင်မြတ်နှင့် တန်းတူထားသူတို့ဖြစ်ကြ၏။ |
Ghazi Mohammad Hashim (ဤရုပ်တုများ မြင့်မြတ်သလော)။ သို့တည်းမဟုတ် အကြင်အရှင်မြတ်ပင် (မြင့်မြတ်တော်မူပါသလော)။ ထိုအရှင်မြတ်သည် မိုးကောင်းကင်များကိုလည်းကောင်း၊ ပထဝီမြေကိုလည်းကောင်း ဖန်ဆင်းတော်ခဲ့၏။ ထိုမှတပါး ထိုအရှင်မြတ်သည် အသင်တို့အကျိုးငှာ မိုးကောင်းကင်မှ (မိုး)ရေကိုချပေးသနားတော်မူခဲ့၏။တစ်ဖန် ငါအရှင်မြတ်သည် ထိုရေဖြင့် စိုပြည်သာယာသော ခြံဥယျာဉ်များကို ပေါက်ရောက်စေတော်မူခဲ့၏။ အသင်တို့၌မူကား ထိုခြံဥယျာဉ်များ၏ သစ်ပင်များကို ပေါက်ရောက်စေနိုင်စွမ်း မရှိပြီ။ အလ္လာဟ်အရှင်မြတ်နှင့်အတူ (အခြား) ဆည်းကပ်ကိုးကွယ်ရာ ဟူ၍ ရှိပါသေးသလော။ ထိုသို့ အလျှင်းမဟုတ်။စင်စစ်မှာကား (၎င်းတို့သည် အမှန်တရားမှ သွေဖည်သူများပင်ဖြစ်ကြကုန်သတည်း။) [(တစ်နည်း) ၎င်းတို့ သည်(အခြားအရာများကို အလ္လာဟ်အရှင်မြတ်နှင့်) ဂုဏ်ရည်တူပြုလုပ်သူများပင် ဖြစ်ကြကုန်သတည်း၊ |
Hashim Tin Myint (ထို ရုပ်တုများက မြင့်မြတ်သလော)။ သို့မဟုတ် အကြင်အရှင်မြတ်ကပင် (မြင့်မြတ်တော်မူပါသလော)။ ထိုအရှင်မြတ်သည် မိုးကောင်းကင်များနှင့် မြေပထဝီကို ဖန်ဆင်းတော်မူခဲ့သည်။ ထို့ပြင် အရှင်မြတ်သည် အသင်တို့အတွက် မိုးကောင်းကင်မှ (မိုး)ရေကို ချပေးတော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် ထိုရေနှင့် စိမ်းလန်းစိုပြေသော ခြံဥယျာဉ်များကို ပေါက်ရောက်စေတော်မူခဲ့သည်။ အသင်တို့သည် ထိုခြံဥယျာဉ်များ၏ သစ်ပင်များကို ပေါက်ရောက်စေနိုင်သည် မဟုတ်ပေ။ အလ္လာဟ်အရှင်မြတ်နှင့်အတူ ကိုးကွယ်ခံထိုက်သောအရှင် ရှိပါသေးသလော။ ထိုသို့မဟုတ်ပေ၊ အမှန်စင်စစ် (သူတို့သည် အမှန်စင်စစ် သွေဖည်သွားကြသည့်အတွက်) သူတို့သည် အလ္လာဟ်အရှင်မြတ်နှင့် အခြားအရာများကို ဂုဏ်ရည်တူ ပြုလုပ်သည့်သူများ ဖြစ်ကြတော့သည်။ |