×

သို့တည်းမဟုတ် မြေကမ္ဘာကို အခြေချ မှီတင်းနေထိုင်စရာ ဖြစ်စေ၍ ယင်း၌ ဖြတ်သန်းစီးဆင်းသည့် မြစ်ချောင်းများကို ဖြစ်ပေါ်စေရုံသာမက ယင်းကို (ထိန်းချုပ်စေရန်) အတွက် 27:61 Burmese translation

Quran infoBurmeseSurah An-Naml ⮕ (27:61) ayat 61 in Burmese

27:61 Surah An-Naml ayat 61 in Burmese (البورمية)

Quran with Burmese translation - Surah An-Naml ayat 61 - النَّمل - Page - Juz 20

﴿أَمَّن جَعَلَ ٱلۡأَرۡضَ قَرَارٗا وَجَعَلَ خِلَٰلَهَآ أَنۡهَٰرٗا وَجَعَلَ لَهَا رَوَٰسِيَ وَجَعَلَ بَيۡنَ ٱلۡبَحۡرَيۡنِ حَاجِزًاۗ أَءِلَٰهٞ مَّعَ ٱللَّهِۚ بَلۡ أَكۡثَرُهُمۡ لَا يَعۡلَمُونَ ﴾
[النَّمل: 61]

သို့တည်းမဟုတ် မြေကမ္ဘာကို အခြေချ မှီတင်းနေထိုင်စရာ ဖြစ်စေ၍ ယင်း၌ ဖြတ်သန်းစီးဆင်းသည့် မြစ်ချောင်းများကို ဖြစ်ပေါ်စေရုံသာမက ယင်းကို (ထိန်းချုပ်စေရန်) အတွက် ခိုင်မာသောတောင်းများကိုလည်း ဖြစ်ထွန်းစေတော်မူသည့်အပြင် ပင်လယ်နှစ်ခုကြားတွင်လည် (ရေချိုနှင့်ရေငန်ကို မမြင်ရသော အကာအရံဖြင့် ပိုင်းခြားကန့်သတ်၍) စည်းခြားစေသော အတားအဆီးတစ်ခု ဖြစ်ပေါ်စေတော်မူသော အရှင်မှာ မည်သူနည်း။ အလ္လာဟ်အရှင်မြတ်နှင့်အတူ (အခြား) ဆည်းကပ်ကိုးကွယ်ရာ ဟူ၍ ရှိသေးသလော။ စင်စစ်မှာကား သူတို့အနက် အများစုမှာ မသိနားမလည်ကြပေ။

❮ Previous Next ❯

ترجمة: أمن جعل الأرض قرارا وجعل خلالها أنهارا وجعل لها رواسي وجعل بين, باللغة البورمية

﴿أمن جعل الأرض قرارا وجعل خلالها أنهارا وجعل لها رواسي وجعل بين﴾ [النَّمل: 61]

Ba Sein
၆၁။ မဟာပထဝီမြေကြီးကို လူသားတို့နေထိုင်ဖို့ရာ မြဲမြံခိုင်ခန့်စွာတည်နေစေတော်မူသောအရှင်၊ မြစ်ချောင်းအင်းအိုင် အသွယ်သွယ်၊ တောင်ကြီးတောင်ငယ်အသီးသီးတို့ကို ဖန်ဆင်းထားတော်မူသောအရှင်၊ ပင်လယ်နှစ်ခုတို့၏ အလယ်ကြား၌ အဆီးအကာကို စီရင်ထားတော်မူသောအရှင်၊ ထိုအရှင်သည် အမြတ်ဆုံးမဟုတ်ချေလော၊ အရှင်မြတ်မှတပါး အခြားအရှင်သခင်ရှိတော်မူသလော၊ မရှိချေ၊ သို့သော်သူတို့အနက် အများအပြားတို့သည် မသိကြချေ။
Ghazi Mohammad Hashim
(ဤရုပ်တုများ မြင့်မြတ်သလော)။ သို့တည်းမဟုတ် အကြင်အရှင်မြတ်ပင်(မြင့်မြတ်တော်မူပါသလော)။ ထိုအရှင်မြတ်သည် ပထဝီမြေကို မှီတင်းနေထိုင်ရာ ပြုလုပ်တော်မူခဲ့၏။ ၎င်းပြင် ထိုအရှင်မြတ်သည် ယင်းပထဝီမြေ၏အကြား၌ ရေချောင်းများကို ဖန်ဆင်းတော်မူခဲ့၏။၎င်းပြင် ထိုအရှင်မြတ်သည် ထိုပထဝီမြေ(တည်ငြိမ်စေရန်)အလို့ငှာ တောင်များက(ကျောက်ဆူးများအဖြစ်) ဖန်ဆင်းတော်မူခဲ့၏။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် မြစ်နှစ်ခု၏ အကြားဝယ် အတားအဆီးကို ပြုလုပ်တော်မူခဲ့၏။ အလ္လာဟ်အရှင်မြတ်နှင့်အတူ(အခြား)ဆည်းကပ် ကိုးကွယ်ရာဟူ၍ ရှိပါသေးသလော။ ထိုသို့ အလျှင်း မဟုတ်။ စင်စစ်မှာကား ၎င်းတို့အနက် မြောက်မြားစွာသောသူတို့သည် မသိနားမလည်ကြပေ။
Hashim Tin Myint
(ထို ရုပ်တုများက မြင့်မြတ်သ‌လော)။ သို့မဟုတ် အကြင်အရှင်မြတ်ကပင် (မြင့်မြတ်‌တော်မူပါသ‌လော)။ ထိုအရှင်မြတ်သည် ‌မြေပထဝီကို တည်တံ့‌နေထိုင်ရာ အဖြစ်ပြုလုပ်‌တော်မူခဲ့သည်။ ထို့ပြင် အရှင်မြတ်သည် ထို‌မြေပထဝီ၏အကြားတွင် စမ်း‌ရေ‌ချောင်းများကို ဖန်ဆင်း‌တော်မူခဲ့သည်။ ထို့ပြင် အရှင်မြတ်သည် ‌မြေပထဝီကို (တည်ငြိမ်‌စေရန်)အတွက် ‌တောင်များကို (‌ကျောက်ဆူးများအဖြစ်) ဖန်ဆင်း‌တော်မူခဲ့သည်။ ထို့ပြင် အရှင်မြတ်သည် ပင်လယ်နှစ်ခု၏အကြား၌ အတားအဆီးကို ပြုလုပ်‌တော်မူခဲ့သည်။ အလ္လာဟ်အရှင်မြတ်နှင့်အတူ ကိုးကွယ်ခံထိုက်‌သောအရှင် ရှိပါ‌သေးသ‌လော။ ထိုသို့မဟုတ်‌ပေ၊ အမှန်စင်စစ် သူတို့ထဲမှ အ‌မြောက်အမြားသည် မသိနားမလည်ကြ‌ပေ။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek