×

ခိုကိုးရာမဲ့လျက် စိတ်သောက (ဆင်းရဲဒုက္ခ) ရောက်နေသူက ထိုအရှင်အား ဟစ်ခေါ်ဆုတောင်းသည့် အခါ သူတို့ကို တုံ့ပြန်ဖြေကြားတော်မူသောအရှင် သူ၏အခက်အခဲဘေးဒုက္ခအန္တရာယ်ကို ဖယ်ရှားတော်မူပြီး သင်တို့ကို 27:62 Burmese translation

Quran infoBurmeseSurah An-Naml ⮕ (27:62) ayat 62 in Burmese

27:62 Surah An-Naml ayat 62 in Burmese (البورمية)

Quran with Burmese translation - Surah An-Naml ayat 62 - النَّمل - Page - Juz 20

﴿أَمَّن يُجِيبُ ٱلۡمُضۡطَرَّ إِذَا دَعَاهُ وَيَكۡشِفُ ٱلسُّوٓءَ وَيَجۡعَلُكُمۡ خُلَفَآءَ ٱلۡأَرۡضِۗ أَءِلَٰهٞ مَّعَ ٱللَّهِۚ قَلِيلٗا مَّا تَذَكَّرُونَ ﴾
[النَّمل: 62]

ခိုကိုးရာမဲ့လျက် စိတ်သောက (ဆင်းရဲဒုက္ခ) ရောက်နေသူက ထိုအရှင်အား ဟစ်ခေါ်ဆုတောင်းသည့် အခါ သူတို့ကို တုံ့ပြန်ဖြေကြားတော်မူသောအရှင် သူ၏အခက်အခဲဘေးဒုက္ခအန္တရာယ်ကို ဖယ်ရှားတော်မူပြီး သင်တို့ကို (အရှင့်ဂုဏ်တော်နာမတော်များအား ထင်ရှားစေသည့်) မြေကမ္ဘာ၏ကိုယ်စားလှယ်များအဖြစ် (ဂုဏ်သိက္ခာပေး အပ်၍) ဖြစ်စေတော်မူသောအရှင်မှာ မည်သူနည်း။ အလ္လာဟ်အရှင်မြတ်နှင့်အတူ (အခြား) ဆည်းကပ်ကိုးကွယ်ရာဟူ၍ ရှိသေးသလော။ သင်တို့အနက် လူနည်းစုသည်သာ အရှင်မြတ်ကို သတိရ တသ၍ ထုတ်ဖော် ဖွင့်ဟကြ၏။

❮ Previous Next ❯

ترجمة: أمن يجيب المضطر إذا دعاه ويكشف السوء ويجعلكم خلفاء الأرض أإله مع, باللغة البورمية

﴿أمن يجيب المضطر إذا دعاه ويكشف السوء ويجعلكم خلفاء الأرض أإله مع﴾ [النَّمل: 62]

Ba Sein
၆၂။ ညှင်းပန်းနှိပ်စက်၊ မတရားမှုကို ခံရသူဆုပန်သောအခါ ကြားတော်မူ၍ ထိုမတရားမှုကို ဖယ်ရှားပစ်တော်မူသော အရှင်၊ သင်လူသားတို့အား ကမ္ဘာမြေကြီးကို စိုးမိုးအုပ်ချုပ်ဖို့ရာ အရှင်မြတ်၏ ကိုယ်စားလှယ်တော်အဖြစ်ဖြင့် ချီးမြှောက်တော်မူသောအလ္လာဟ်အရှင်မြတ်သည် အမြတ်ဆုံးမဟုတ်ချေလော၊ အလ္လာဟ်အရှင်မြတ်မှတပါး အခြားအရှင်သခင်ရှိသလော၊ သူတို့သည် အနည်းငယ်မျှဆင်ခြင်စဉ်းစားသူများမဟုတ်ချေ။
Ghazi Mohammad Hashim
(ဤရုပ်တုများ မြင့်မြတ်သလော)။ သို့တည်းမဟုတ် အကြင်အရှင်မြတ်ပင်(မြင့်မြတ်တော်မူပါသလော။) ထိုအရှင်မြတ်သည် မိမိအား မလွှဲမရှောင်သာသောသူ (ဒုက္ခသည်)က ဟစ်ခေါ်(တမ်းတ)လေသောအခါ ၎င်းအားပြန်၍ ထူးတော်မူ၏။ ၎င်းပြင် ထိုအရှင်မြတ်သည် ဘေးဒုက္ခကိုလည်း ဖယ်ရှားတော်မူ၏။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် ကမ္ဘာမြေ၌ အသင်တို့အား ကိုယ်စားလှယ်များ ပြုလုပ်တော်မူ၏။ အလ္လာဟ်အရှင်မြတ်နှင့်အတူ (အခြား)ဆည်းကပ်ကိုးကွယ်ရာဟူ၍ ရှိပါသေးသလော။ အသင်တို့သည် အနည်းငယ်မျှသာလျှင် စဉ်းစားကြကုန်သတည်း။
Hashim Tin Myint
(ထို ရုပ်တုများက မြင့်မြတ်သ‌လော)။ သို့မဟုတ် အကြင်အရှင်မြတ်ကပင် (မြင့်မြတ်‌တော်မူပါသ‌လော)။ ထိုအရှင်မြတ်သည် အကျဉ်းအကျပ်ဖြစ်‌နေသည့်သူ(ဒုက္ခသည်)က အရှင်မြတ်ကို ဟစ်‌ခေါ်သည့်အခါ သူ့အား ပြန်‌ဖြေ‌တော်မူသည်။ ထို့ပြင် အရှင်မြတ်သည် ဆိုးရွားမှု(ဒုက္ခ)ကို ဖယ်ရှား‌တော်မူသည်။ ထိုအရှင်မြတ်သည် ကမာ္ဘ‌မြေတွင် အသင်တို့အား ကိုယ်စားလှယ်များ ပြုလုပ်‌တော်မူခဲ့သည်။ အလ္လာဟ်အရှင်မြတ်နှင့်အတူ ကိုးကွယ်ခံထိုက်‌သောအရှင် ရှိပါ‌သေးသ‌လော။ အသင်တို့သည် အနည်းငယ်သာ စဉ်းစားကြသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek