Quran with Burmese translation - Surah An-Naml ayat 63 - النَّمل - Page - Juz 20
﴿أَمَّن يَهۡدِيكُمۡ فِي ظُلُمَٰتِ ٱلۡبَرِّ وَٱلۡبَحۡرِ وَمَن يُرۡسِلُ ٱلرِّيَٰحَ بُشۡرَۢا بَيۡنَ يَدَيۡ رَحۡمَتِهِۦٓۗ أَءِلَٰهٞ مَّعَ ٱللَّهِۚ تَعَٰلَى ٱللَّهُ عَمَّا يُشۡرِكُونَ ﴾
[النَّمل: 63]
﴿أمن يهديكم في ظلمات البر والبحر ومن يرسل الرياح بشرا بين يدي﴾ [النَّمل: 63]
Ba Sein ၆၃။ သင်တို့အား ကမ္ဘာမြေပြင်မိုးကောင်းကင်တို့၏ အမှောင်ထုအတွင်းတွင် လမ်းပြသတော်မူထသောအရှင်၊ လေများ ကို အရှင်မြတ်၏ကောင်းကြီးမင်္ဂလာတော်ရှေ့ပြေးအဖြစ်ဖြင့် တိုက်ခတ်စေတော်မူထသောအရှင်၊ ကျေးဇူးတော် သခင်သည် အမြတ်ဆုံးမဟုတ်ချေလော၊ အလ္လာဟ်အရှင်မြတ်မှတပါး အခြားအရှင်သခင်ရှိသလော၊ အလ္လာဟ် အရှင်မြတ်သည် မိစ္ဆာမိုက်တို့တွဖက်စပ်ထားသောဘုရားတုဘုရားယောင်များထက် သာလွန်မြင့်မြတ်တော်မူ၏။ |
Ghazi Mohammad Hashim (ဤရုပ်တုများ မြင့်မြတ်သလော)။ သို့တည်းမဟုတ် အကြင်အရှင်မြတ်ပင်(မြင့်မြတ်တော်မူပါသလော။) ထိုအရှင်မြတ်သည် အသင်တို့အား ကုန်းမြေနှင့်သမုဒ္ဒရာပင်လယ်၏ အမှောင်ထုများ၌ လမ်းညွှန်တော်မူ၏။ ထိုမှတပါး အကြင်အရှင်မြတ်သည် မိမိကရုဏာတည်းဟူသော မိုးမရွာမီ လေများကို ရှေ့ပြေး သတင်းကောင်းအဖြစ် စေလွှတ်တော်မူ၏။ အလ္လာဟ်အရှင်မြတ်နှင့်အတူ(အခြား)ဆည်းကပ်ကိုးကွယ်ရာဟူ၍ ရှိပါသေးသလော။ အလ္လာဟ်အရှင်မြတ်သည်ကား ၎င်းတို့ နှိုင်းယှဉ်ကိုးကွယ်ကြသည်များထက် (အတိုင်းမရှိ) မြင့်မြတ်တော်မူဘိသတည်း။ |
Hashim Tin Myint (ထို ရုပ်တုများက မြင့်မြတ်သလော)။ သို့မဟုတ် အကြင်အရှင်မြတ်ကပင် (မြင့်မြတ်တော်မူပါသလော)။ ထိုအရှင်မြတ်သည် အသင်တို့အား ကုန်းမြေနှင့် ပင်လယ်၏အမှောင်ထုများတွင် လမ်းညွှန်ကြားပြသတော်မူသည်။ ထို့ပြင် ထိုအရှင်မြတ်သည် အရှင်မြတ်၏ကရုဏာမိုး မရွာမီ လေများကို ရှေ့ပြေးသတင်းကောင်းအဖြစ် စေလွှတ်တော်မူသည်။ အလ္လာဟ်အရှင်မြတ်နှင့်အတူ ကိုးကွယ်ခံထိုက်သောအရှင် ရှိပါသေးသလော။ အလ္လာဟ်အရှင်မြတ်သည် သူတို့ နှိုင်းယှဉ်ကိုးကွယ်ကြသည့် အရာများထက် အလွန်မြင့်မားတော်မူသည်။ |