Quran with Burmese translation - Surah An-Naml ayat 69 - النَّمل - Page - Juz 20
﴿قُلۡ سِيرُواْ فِي ٱلۡأَرۡضِ فَٱنظُرُواْ كَيۡفَ كَانَ عَٰقِبَةُ ٱلۡمُجۡرِمِينَ ﴾
[النَّمل: 69]
﴿قل سيروا في الأرض فانظروا كيف كان عاقبة المجرمين﴾ [النَّمل: 69]
Ba Sein ၆၉။ အို-မိုဟမ္မဒ်၊ သင်သည် သူတို့အား ဟောကြားလော့၊ ဟယ်-အချင်းတို့၊ ကမ္ဘာမြေပြင်ဝယ် လှည့်ပတ်သွားလာ၍ အပြစ်ကျူးလွန်သူအပေါင်းတို့သည် အဘယ်အဖြစ်သို့ ရောက်ကြသည်လေသည်ကို ကြည့်ရှုလော့။ |
Ghazi Mohammad Hashim (အို-နဗီတမန်တော်၊)အသင်သည် ပြောကြားပါလေ။ (အချင်းတို့၊)အသင်တို့သည် ကမ္ဘာမြေ၌ လှည့်လည်သွားလာကြပြီးလျှင်၊ အပြစ်ထင်ရှားသော သူတို့၏ နောက်ဆုံးအကျိုးဆက် မည်သို့ဖြစ်ခဲ့သည်ကို ကြည့်ရှုကြလေကုန်။ |
Hashim Tin Myint (အို- တမန်တော်)အသင်ပြောလိုက်ပါ- အသင်တို့သည် ကမာ္ဘမြေတွင် လှည့်လည်သွားလာကြပြီးလျှင် အပြစ်ကျူးလွန်သည့်သူများ၏ နောက်ဆုံးအကျိုးဆက်သည် မည်သို့ဖြစ်ခဲ့သနည်းဆိုသည်ကို ကြည့်ကြပါ။ |