Quran with Burmese translation - Surah An-Naml ayat 68 - النَّمل - Page - Juz 20
﴿لَقَدۡ وُعِدۡنَا هَٰذَا نَحۡنُ وَءَابَآؤُنَا مِن قَبۡلُ إِنۡ هَٰذَآ إِلَّآ أَسَٰطِيرُ ٱلۡأَوَّلِينَ ﴾
[النَّمل: 68]
﴿لقد وعدنا هذا نحن وآباؤنا من قبل إن هذا إلا أساطير الأولين﴾ [النَّمل: 68]
Ba Sein ၆၈။ ထိုသို့ရှင်ပြန်ထမြောက်ရမည်ဟု အကျွန်ုပ်တို့အား ကတိပေး၏၊ အကျွနု်ပ်တို့၏ မိဘဘိုးဘွားကိုလည်း ကတိ ပေးလေ၏၊ ဤဟောကြားချက်များသည် ရှေးလူဟောင်းတို့တီထွင်လိုက်သောဒဏ္ဍာရီဝထ္ထုမှတပါး အခြားတစ်စုံ တစ်ရာမျှမဖြစ်ချေ။ |
Ghazi Mohammad Hashim ဧကန်မလွဲ ဤသည်ကို ကျွန်ုပ်တို့သည်လည်းကောင်း၊ ကျွန်ုပ်တို့၏အဘ၊ ဘိုးဘေးတို့သည်လည်းကောင်း၊ ရှေးယခင်ကပင် ကတိပေး(ခြိမ်းခြောက်ပြောဆို)ခြင်းကို ခံခဲ့ကြရလေသည်။ ဤသည် ရှေးသူဟောင်းတို့၏ အခြေအမြစ်မရှိသော ပုံပြင်များသာ ဖြစ်ကြပေသည်။ |
Hashim Tin Myint အမှန်စင်စစ် ဤသည်ကို ကျွန်ုပ်တို့နှင့် ကျွန်ုပ်တို့၏ အဘ ဘိုး ဘေးတို့ကို ယခင်ကတည်းက ကတိပေးခြင်းကို ခံခဲ့ကြရသည်။ ဤသည် ယခင်ကသူများ၏ အခြေအမြစ်မရှိသော ပုံပြင်များပင်ဖြစ်သည်။ |