Quran with Burmese translation - Surah Al-‘Ankabut ayat 42 - العَنكبُوت - Page - Juz 20
﴿إِنَّ ٱللَّهَ يَعۡلَمُ مَا يَدۡعُونَ مِن دُونِهِۦ مِن شَيۡءٖۚ وَهُوَ ٱلۡعَزِيزُ ٱلۡحَكِيمُ ﴾
[العَنكبُوت: 42]
﴿إن الله يعلم ما يدعون من دونه من شيء وهو العزيز الحكيم﴾ [العَنكبُوت: 42]
Ba Sein ၄၂။ မှတ်သားကြလော့၊ အလ္လာဟ်အရှင်မြတ်သည် မိမိအစား သူတို့သည် အဘယ်အရာကို ကိုးကွယ်သည်ကို အကြွင်းမဲ့သိတော်မူ၏၊ အရှင်မြတ်သည် အနန္တတန်းခိုးတော်သခင်၊ သဗ္ဗညုတဉာာဏ်တော်ရှင်ဖြစ်တော်မူ၏။ |
Ghazi Mohammad Hashim ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် မိမိအားစွန့်၍၊ ၎င်းတို့ ဟစ်ခေါ်လျက်ရှိကြသော မည်သည့်အရာကိုမဆို ကောင်းစွာသိရှိတော်မူ၏။ အမှန်သော်ကား ထိုအရှင်မြတ်သည် တန်ခိုးတော်ဖြင့် လွှမ်းမိုးတော်မူသော၊ ဆင်ခြင်တုံတရားနှင့်ပြည့်စုံတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။ |
Hashim Tin Myint အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်ကိုစွန့်ပြီး သူတို့ ဟစ်ခေါ်ကြသော မည်သည့်အရာကိုမဆို သိရှိတော်မူသည်။ ထို့ပြင် အရှင်မြတ်သည် တန်ခိုးတော်နှင့် အလွန်လွှမ်းမိုးတော်မူသောအရှင်၊ ပညာဉာဏ်အမြော်အမြင်နှင့် အလွန်ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူသည်။ |