Quran with Burmese translation - Surah Al-‘Ankabut ayat 41 - العَنكبُوت - Page - Juz 20
﴿مَثَلُ ٱلَّذِينَ ٱتَّخَذُواْ مِن دُونِ ٱللَّهِ أَوۡلِيَآءَ كَمَثَلِ ٱلۡعَنكَبُوتِ ٱتَّخَذَتۡ بَيۡتٗاۖ وَإِنَّ أَوۡهَنَ ٱلۡبُيُوتِ لَبَيۡتُ ٱلۡعَنكَبُوتِۚ لَوۡ كَانُواْ يَعۡلَمُونَ ﴾
[العَنكبُوت: 41]
﴿مثل الذين اتخذوا من دون الله أولياء كمثل العنكبوت اتخذت بيتا وإن﴾ [العَنكبُوت: 41]
Ba Sein ၄၁။ အလ္လာဟ်အရှင်မြတ်မှတပါး အခြားကိုးကွယ်သူရှာသောသူတို့၏ပမာကို ဆိုသော် ထိုသူတို့အတွက် မိမိအတွက် အိမ်ဆောက်သောပင့်ကူနှင့်တူ၏၊ မှတ်သားကြလော့၊ အိမ်အပေါင်းတို့တွင် အပျော့ဆုံး၊အပျက်လွယ်ဆုံးသောအိမ် သည်ကား ပင့်ကူအိမ်ဖြစ်၏၊ ဤအကြောင်းကို သူတို့သိလျှင် တော်လေစွ။ |
Ghazi Mohammad Hashim အလ္လာဟ်အရှင်မြတ်အားစွန့်၍ အခြားတစ်စုံတစ်ရာကို (မိမိတို့၏) ကိစ္စအဝဝကို ပြီးစီးအောင် ပြုလုပ်ဆောင်ရွက်ပေးသူများဟု ရွေးချယ်ပြုလုပ်ကြ ကုန်သောသူတို့၏ ဥပမာကား၊ ပင့်ကူ၏ဥပမာ အလားတူ၏။ ထိုပင့်ကူမှာ အိမ်တစ်ခုကိုပြုလုပ်၏။ သို့ရာတွင် ဧကန်မလွဲ နုန့်နဲ့ဆုံး(အားအနည်းဆုံး) သောအိမ်မှာ ပင့်ကူ၏အိမ်ပင်ဖြစ်ကြောင်း၊၎င်းတို့ သိရှိကြလျှင် ကောင်းလေစွ။ |
Hashim Tin Myint အလ္လာဟ်အရှင်မြတ်အားစွန့်ပြီး အခြားအရာကို အစစအရာရာ ပြုလုပ်ဆောင်ရွက်ပေးသော အုပ်ထိန်းသူအဖြစ် ပြုလုပ်ကြသည့်သူများ၏ဥပမာသည် အိမ်တစ်လုံးပြုလုပ်တည်ဆောက်ခဲ့သော ပင့်ကူကောင်နှင့်တူသည်။ ထို့ပြင် အမှန်စင်စစ် အချည့်နဲ့ဆုံးအိမ်သည် ပင့်ကူအိမ်ပင်ဖြစ်ကြောင်း သူတို့ သိရှိကြလျှင် ကောင်းလေစွ။ |