Quran with Burmese translation - Surah Al-‘Ankabut ayat 67 - العَنكبُوت - Page - Juz 21
﴿أَوَلَمۡ يَرَوۡاْ أَنَّا جَعَلۡنَا حَرَمًا ءَامِنٗا وَيُتَخَطَّفُ ٱلنَّاسُ مِنۡ حَوۡلِهِمۡۚ أَفَبِٱلۡبَٰطِلِ يُؤۡمِنُونَ وَبِنِعۡمَةِ ٱللَّهِ يَكۡفُرُونَ ﴾
[العَنكبُوت: 67]
﴿أو لم يروا أنا جعلنا حرما آمنا ويتخطف الناس من حولهم أفبالباطل﴾ [العَنكبُوت: 67]
Ba Sein ၆၇။ သူတို့၏ပတ်ဝန်းကျင်အရပ်ဒေသများ၌ လူသားတို့ကို အနိုင်အထက်လုယက်သတ်ဖြတ်နေသော်လည်း အရှင် မြတ်သည် ဘေးမဲ့ပြည်နယ်တစ်ခုသတ်မှတ်ထားသည်ကို သူတို့မမြင်ကြသလော၊ သို့ပါလျက်သူတို့သည် မိစ္ဆာ အယူဝါဒကို ယုံကြည်ကြသလော၊ အလ္လာဟ်အရှင်မြတ်၏ ရက်ရောပေးကမ်းခြင်းကျေးဇူးတော်ကို မယုံကြည် ကြသလော။ |
Ghazi Mohammad Hashim ဧကန်မလွဲ ငါအရှင်မြတ်သည် (၎င်းတို့ နေထိုင်လျက်ရှိကြသော မက္ကဟ်မြို့တော်ကို) ဘေးရန်ကင်းငြိမ်း သော’ဟရမ်’ ပြုလုပ်တော်မူခဲ့သည်ကို ၎င်းတို့သည် မတွေ့မမြင်ခဲ့ကြလေသလော။ စင်စစ်သော်ကား ၎င်းတို့ ၏ပတ်ဝန်းကျင်၌ လူတို့သည် လုယက်တိုက်ခိုက် (သတ်ဖြတ်)ခြင်းကို ခံနေခဲ့ကြရကုန်၏။ သို့ပါလျက် ၎င်းတို့သည် အမှားကိုယုံကြည်လက်ခံ၍ အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်များကို ငြင်းပယ် ကျေးဇူးကန်းကြလေသလော။ |
Hashim Tin Myint အမှန်စင်စစ် ငါအရှင်မြတ်သည် (သူတို့နေထိုင်သော မက္ကဟ်မြို့တော်ကို) ဘေးရန်ကင်းငြိမ်းသော ဟရမ်ပြုလုပ်တော်မူခဲ့သည်ကို သူတု့ိသည် မတွေ့မမြင်ခဲ့ကြသလော။ ထို့ပြင် သူတို့၏ပတ်ဝန်းကျင်းတွင် လူများသည် လုယက်တိုက်ခိုက်ခြင်း ခံနေကြရသည်။ သို့ပါလျက် သူတို့သည် အမှားကို ယုံကြည်လက်ခံပြီး အလ္လာဟ်အရှင်မြတ်၏ကျေးဇူးတော်များအား ငြင်းပယ်ကြသလော။ |