Quran with Burmese translation - Surah Al-‘Ankabut ayat 66 - العَنكبُوت - Page - Juz 21
﴿لِيَكۡفُرُواْ بِمَآ ءَاتَيۡنَٰهُمۡ وَلِيَتَمَتَّعُواْۚ فَسَوۡفَ يَعۡلَمُونَ ﴾
[العَنكبُوت: 66]
﴿ليكفروا بما آتيناهم وليتمتعوا فسوف يعلمون﴾ [العَنكبُوت: 66]
Ba Sein ၆၆။ ထိုသို့ဘုရားတုများဘုရားယောင်များကို ဝတ်ပြုခြင်းမှာ ငါ၏ကျေးဇူးတော်ကို မသိ၊ မယုံကြည်ဖို့ရာနှင့် လောကီ စည်းစိမ်ကာမဂုဏ်တွင် နစ်မွန်းနေဖို့ရာဖြစ်၏၊ သို့သော်သူတို့သည် အစစ်အမှန်ကို သိကြရမည်သာတည်း။ |
Ghazi Mohammad Hashim ၎င်းတို့သည် ငါအရှင်မြတ်မှ ၎င်းတို့အား ချီးမြှင့်ပေးသနားတော်မူခဲ့သော ကျေးဇူးတော်များကို ငြင်းပယ် ကျေးဇူးကန်းကြအံ့သောငှာ (တွဲဖက်ကိုးကွယ်မှုကို ပြုလုပ်ကြကုန်၏)။သို့ဖြစ်ပေရာ ၎င်းတို့သည် ခေတ္တခဏ အကျိုးခံစားကြပါစေ၊ထို့နောက်တွင်မူ မကြာမြင့်မီပင် ၎င်းတို့သည် သိရှိကြကုန်အံ့သတည်း။ |
Hashim Tin Myint သူတို့သည် ငါအရှင်မြတ်က သူတို့အား ပေးသနားတော်မူခဲ့သော ကျေးဇူးတော်များအား ငြင်းပယ်ကျေးဇူးကန်ရန်အတွက် (တွဲဖက် ကိုးကွယ်ကြခြင်းဖြစ်သည်)။ သို့ဖြစ်ရာ သူတို့သည် ခေတ္တအကျိုးခံစားကြရမည်၊ ထို့နောက် မကြာမီပင်(၎င်း၏အကျိုးဆက်ကို) သူတို့သည် သိရှိကြလိမ့်မည်။ |