×

(ထို ဗဒရ်စစ်ပွဲဖြစ်ပွားခဲ့စဉ်) အသင် (တမန်တော်) သည် ယုံကြည်သူတို့အား “သင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်က သင်တို့အား အားဖြည့်ပေးတော်မူရန် (စစ်ကူအဖြစ်) 3:124 Burmese translation

Quran infoBurmeseSurah al-‘Imran ⮕ (3:124) ayat 124 in Burmese

3:124 Surah al-‘Imran ayat 124 in Burmese (البورمية)

Quran with Burmese translation - Surah al-‘Imran ayat 124 - آل عِمران - Page - Juz 4

﴿إِذۡ تَقُولُ لِلۡمُؤۡمِنِينَ أَلَن يَكۡفِيَكُمۡ أَن يُمِدَّكُمۡ رَبُّكُم بِثَلَٰثَةِ ءَالَٰفٖ مِّنَ ٱلۡمَلَٰٓئِكَةِ مُنزَلِينَ ﴾
[آل عِمران: 124]

(ထို ဗဒရ်စစ်ပွဲဖြစ်ပွားခဲ့စဉ်) အသင် (တမန်တော်) သည် ယုံကြည်သူတို့အား “သင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်က သင်တို့အား အားဖြည့်ပေးတော်မူရန် (စစ်ကူအဖြစ်) မလာအီကာစေတမန် သုံးထောင်ကို ချပေးတော်မူခြင်းသည် သင်တို့ (၏လိုအပ်ချက်) အတွက် မလုံလောက် သလော။” ဟု မေးခဲ့၏။

❮ Previous Next ❯

ترجمة: إذ تقول للمؤمنين ألن يكفيكم أن يمدكم ربكم بثلاثة آلاف من الملائكة, باللغة البورمية

﴿إذ تقول للمؤمنين ألن يكفيكم أن يمدكم ربكم بثلاثة آلاف من الملائكة﴾ [آل عِمران: 124]

Ba Sein
၁၂၄။ ထိုအခါ သင်သည် ယုံကြည်သူ စစ်သည်တော်တို့အား ဟယ်-အချင်းတို့ သင်တို့၏အသျှင်သခင်သည် သင်တို့ထံ ကောင်းကင်တမန် စစ်သည်တော် သုံးထောင်ကို ချပေးခြင်းအားဖြင့် ကူညီမှိုင်းမခြင်းသည် သင်တို့အတွက် မလုံလောက်သေးဘူးလားဟု မေးမြန်း၏။
Ghazi Mohammad Hashim
(အို - နဗီတမန်တော်) ထိုအခါ သင်သည် (စစ်မြပြင်၌) မုအ်မင်န် သက်ဝင်ယုံကြည်သူတို့ အား (ဤသို့)ပြောကြားလျက် ရှိခဲ့လေသည်။ (ဟယ်-အချင်းတို့) အသင်တို့ကိုမွေးမြူတော်မူသော အရှင်မြတ်သည် အသင်တို့အား (ထိုအရှင်မြတ် အထံတော်မှ) ဆင်းသက်စေတော်မူခြင်း ခံရလေ သော’မလာအိကဟ်’အပါးတော်စေတမန်သုံးထောင်ဖြင့် ကူညီစောင်မတော်မူခြင်းသည် အသင်တို့အဖို့ မလုံလောက်ပါသလော။
Hashim Tin Myint
တစ်ခါက အသင်(တမန်‌တော်)သည် (စစ်‌မြေပြင်၌) အီမာန်ယုံကြည်သူများအား (ဤသို့)‌ပြောကြား‌နေခဲ့သည်၊ “အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်က ‌ကောင်းကင်တမန်သုံး‌ထောင်*ကို ဆင်းသက်‌စေ‌တော်မူပြီး အသင်တို့အား ကူညီ‌တော်မူခြင်းသည် အသင်တို့အတွက် လုံးဝ မလုံ‌လောက်‌လေသ‌လော။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek