×

ထို့ပြင် မိုးကောင်းကင်များနှင့်ကမ္ဘာဂြိုဟ်များသည် အလ္လာဟ်အရှင်မြတ် (၏အချုပ်အခြာအောက်၌သာ ရှိ၍ အရှင်မြတ်) ပိုင်ဆိုင်တော်မူသောအရာများ ဖြစ်၏။ ထိုအရှင်မြတ်သည် (အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ) အလိုရှိတော်မူသောသူအား လွတ်ငြိမ်းချမ်းသာခွင့်ပေးတော်မူပြီး 3:129 Burmese translation

Quran infoBurmeseSurah al-‘Imran ⮕ (3:129) ayat 129 in Burmese

3:129 Surah al-‘Imran ayat 129 in Burmese (البورمية)

Quran with Burmese translation - Surah al-‘Imran ayat 129 - آل عِمران - Page - Juz 4

﴿وَلِلَّهِ مَا فِي ٱلسَّمَٰوَٰتِ وَمَا فِي ٱلۡأَرۡضِۚ يَغۡفِرُ لِمَن يَشَآءُ وَيُعَذِّبُ مَن يَشَآءُۚ وَٱللَّهُ غَفُورٞ رَّحِيمٞ ﴾
[آل عِمران: 129]

ထို့ပြင် မိုးကောင်းကင်များနှင့်ကမ္ဘာဂြိုဟ်များသည် အလ္လာဟ်အရှင်မြတ် (၏အချုပ်အခြာအောက်၌သာ ရှိ၍ အရှင်မြတ်) ပိုင်ဆိုင်တော်မူသောအရာများ ဖြစ်၏။ ထိုအရှင်မြတ်သည် (အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ) အလိုရှိတော်မူသောသူအား လွတ်ငြိမ်းချမ်းသာခွင့်ပေးတော်မူပြီး အလိုရှိတော်မူသောသူအား ပြစ် ဒဏ်ပေးတော်မူမည်။ အလ္လာဟ်အရှင်မြတ်သည် (လူ့စွမ်းရည်မတိမ်ကောရလေအောင် စည်းမျဉ်းတော်များကို ချမှတ်ပေးတော်မူပြီး ယင်းတို့ကို မတော်တဆ ချိုးဖောက်မိသူတို့အား) အလွန်ပင် လွှတ်ငြိမ်းချမ်းသာခွင့် ပေးတော်မူသောအရှင်၊ အားလုံးအပေါ် အစဉ် သနား ညှာတာတော်မူသော အကြင်နာရှင် ဖြစ်တော်မူ၏။

❮ Previous Next ❯

ترجمة: ولله ما في السموات وما في الأرض يغفر لمن يشاء ويعذب من, باللغة البورمية

﴿ولله ما في السموات وما في الأرض يغفر لمن يشاء ويعذب من﴾ [آل عِمران: 129]

Ba Sein
၁၂၉။ အလ္လာဟ်အသျှင်မြတ်သည် မိုးကောင်းကင်နှင့် ကမ္ဘာမြေပေါ်၌ ရှိရှိသမျှအပေါင်းတို့ကို အစိုးရတော် မူ၏။ အသျှင်မြတ်သည် အလိုတော်ရှိသူအား အပြစ်လွှတ်တော်မူ၏။ အပြစ်ပေးလိုတော်မူသော သူအား အပြစ်ပေးတော်မူ၏။ အသျှင်မြတ်သည် အပြစ်လွှတ်တော်မူသောအသျှင်၊ ကောင်းကြီးမင်္ဂလာပေးသနားတော်မူသောအသျှင် ဖြစ်တော်မူ၏။
Ghazi Mohammad Hashim
ထို့ပြင်တဝ အာကာသကောင်းကင်များ၌ ရှိရှိသမျှသော (သက်ရှိသက်မဲ့) အရာများသည်လည်းကောင်း၊ပထဝီမြေ၌ ရှိရှိသမျှသော (သက်ရှိသက်မဲ့) အရာများသည်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ် ပိုင်ဆိုင်တော်မူသောအရာများချည်းသာတည်း။ ထိုအရှင်မြတ်သည် မိမိအလိုရှိတော်မူသောသူကို အပြစ်မှချမ်းသာပေးသနားတော်မူသည်။၎င်းပြင် ထိုအရှင်မြတ်သည် မိမိအလိုရှိတော်မူသော သူကိုအပြစ်ပေးတော်မူလေသည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အပြစ်များမှ အလွန်ချမ်းသာခွင့် ပေးသနားတော်မူထသောအရှင်၊ အစဉ်သနားကြင်နာ ညှာတာတော်မူထသောအရှင် ဖြစ်တော်မူပေသတည်း။
Hashim Tin Myint
ထို့ပြင် ‌ကောင်းကင်များတွင်ရှိသမျှအရာများနှင့် ကမာ္ဘ‌မြေတွင်ရှိသမျှအရာများသည် အလ္လာဟ်အရှင်မြတ် ပိုင်ဆိုင်‌တော်မူ‌သော အရာများချည်းဖြစ်သည်။ အရှင်မြတ်သည် အရှင်မြတ် အလိုရှိ‌တော်မူ‌သောသူကို လွတ်ငြိမ်းချမ်းသာခွင့် ‌ပေး‌တော်မူသည်။ ၎င်းပြင် အရှင်မြတ် အလိုရှိ‌တော်မူ‌သောသူကို အပြစ်‌ပေး‌တော်မူသည်။ ထို့ပြင် အရှင်မြတ်သည် အလွန်လွတ်ငြိမ်းချမ်းသာခွင့် ‌ပေး‌တော်မူ‌သောအရှင်၊ အလွန်သနားကြင်နာ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek