Quran with Burmese translation - Surah al-‘Imran ayat 130 - آل عِمران - Page - Juz 4
﴿يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ لَا تَأۡكُلُواْ ٱلرِّبَوٰٓاْ أَضۡعَٰفٗا مُّضَٰعَفَةٗۖ وَٱتَّقُواْ ٱللَّهَ لَعَلَّكُمۡ تُفۡلِحُونَ ﴾
[آل عِمران: 130]
﴿ياأيها الذين آمنوا لا تأكلوا الربا أضعافا مضاعفة واتقوا الله لعلكم تفلحون﴾ [آل عِمران: 130]
Ba Sein ၁၃ဝ။ အို-ယုံကြည်သူတို့ သင်တို့သည် ငွေရင်းနှစ်ဆ လေးဆဖြစ်အောင် အတိုးငွေကို မစားကြလင့်။ သင်တို့သည် အောင်မြင်စေခြင်းငှား အလ္လာဟ်အသျှင်မြတ်၏ အမှုတော်ကို ထမ်းဆောင်ကြလော့။ |
Ghazi Mohammad Hashim အို- မုအ်မင်န် ယုံကြည်ခြင်းသဒ္ဓါတရား ထားရှိသူအပေါင်းတို့။ အသင်တို့သည် ဆထက်တိုးပြီးဖြစ်သော၊ဆပေါင်းများစွာသော အတိုးအညွန့်ကို မစားကြကုန်လင့်။4င်းပြင် အသင်တို့ သည် အလ္လာဟ်အရှင်မြတ်ကို ကြောက်ရွံ့ကြလေ ကုန်၊ သို့မှသာလျှင် အသင်တို့သည် အောင်မြင်ကြ ကုန်အံ့။ |
Hashim Tin Myint အို- အီမာန်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် အဆများစွားတိုးထားသော အတိုး(ဖြစ်စေ၊ အနည်းငယ်တိုးထားသော အတိုးဖြစ်စေ ၎င်းတို့)ကို* မစားကြနှင့်။ ထို့ပြင် အသင်တို့သည် အောင်မြင်မှုရရှိရန်အတွက် အလ္လာဟ်အရှင်မြတ်အား ကြောက်ကြပါ။ |