×

နဗီတမန်တော်တစ်ပါး၊ ထိုတမန်တော်နှင့်အတူ ဘဝကိုနစ်မြှုပ်ထားသော နောက်လိုက်သူတော်စင်များ အနက်မှ မြောက်မြားစွာသောသူတို့သည် အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ အကြိမ်ပေါင်းများစွာ တိုက်ပွဲဝင်ခဲ့ကြသည့်အတွက်ကြောင့် ဘေးဒုက္ခ၊ အခက်အခဲနှင့်အကျပ်အတည်း ပေါင်းများစွာကို 3:146 Burmese translation

Quran infoBurmeseSurah al-‘Imran ⮕ (3:146) ayat 146 in Burmese

3:146 Surah al-‘Imran ayat 146 in Burmese (البورمية)

Quran with Burmese translation - Surah al-‘Imran ayat 146 - آل عِمران - Page - Juz 4

﴿وَكَأَيِّن مِّن نَّبِيّٖ قَٰتَلَ مَعَهُۥ رِبِّيُّونَ كَثِيرٞ فَمَا وَهَنُواْ لِمَآ أَصَابَهُمۡ فِي سَبِيلِ ٱللَّهِ وَمَا ضَعُفُواْ وَمَا ٱسۡتَكَانُواْۗ وَٱللَّهُ يُحِبُّ ٱلصَّٰبِرِينَ ﴾
[آل عِمران: 146]

နဗီတမန်တော်တစ်ပါး၊ ထိုတမန်တော်နှင့်အတူ ဘဝကိုနစ်မြှုပ်ထားသော နောက်လိုက်သူတော်စင်များ အနက်မှ မြောက်မြားစွာသောသူတို့သည် အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ အကြိမ်ပေါင်းများစွာ တိုက်ပွဲဝင်ခဲ့ကြသည့်အတွက်ကြောင့် ဘေးဒုက္ခ၊ အခက်အခဲနှင့်အကျပ်အတည်း ပေါင်းများစွာကို သူတို့ရင်ဆိုင်ကြုံတွေ့ခဲ့ရသော်လည်း အားလျော့အားငယ်ခဲ့ခြင်းလည်းမရှိ၊ အလျှော့ပေး အရှုံးပေးခဲ့သည်လည်း မရှိပေ။ အလ္လာဟ်အရှင်မြတ်သည် (ထိုကဲ့သို့သော) ခန္တီသည်းခံကြံ့ခိုင်မှု မြဲမြံသောပုဂ္ဂိုလ်တို့ကို နှစ်သက်တော်မူ၏။

❮ Previous Next ❯

ترجمة: وكأين من نبي قاتل معه ربيون كثير فما وهنوا لما أصابهم في, باللغة البورمية

﴿وكأين من نبي قاتل معه ربيون كثير فما وهنوا لما أصابهم في﴾ [آل عِمران: 146]

Ba Sein
၁၄၆။ များပြားလှစွာသောတမန်တော်တို့နှင့်အတူတကွ စစ်ဆင်နွှဲသော သစ္စာရှိသူတို့ များစွာရှိကြ၏။ သူတို့သည် အလ္လာဟ်အသျှင်မြတ်၏လမ်းတော်တွင် ရင်ဆိုင်ရသော ဘေးဥပါဒ်ကို မကြောက်ရွံ့ကြ ချေ။ သူတို့သည် အားမပျော့ကြချေ။ သူတို့ကို ဖိနှိပ်၍မရချေ။ အလ္လာဟ်အသျှင်မြတ်သည် သည်းခံသောသူတို့ကို မြတ်နိုးတော်မူ၏။
Ghazi Mohammad Hashim
၎င်းပြင် မြောက်မြားစွာသော နဗီတမန်တော်များနှင့် အတူတကွ အလ္လာဟ်အရှင်မြတ်အား ကြည်ညိုမြတ်နိုးကြကုန်သော သူတော်ကောင်းများ သည် စစ်မက်ပြိုင်ဆိုင်တိုက်ခိုက်ခဲ့ကြလေသည်။ သို့ပါလျက် ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်၏လမ်းတော်တွင် မိမိတို့၌ဆိုက်ရောက်ခဲ့သော ဘေးအန္တရာယ်ဆင်းရဲဒုက္ခများကြောင့် စိတ်အား လျော့ခြင်းသည်လည်းကောင်း၊ အင်အားလျော့နည်းခြင်းသည်လည်းကောင်း၊ကြို့ငဲ့ နိမ့်ကျခြင်းသည်လည်းကောင်း၊ မရှိခဲ့ကြချေ။အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည် (ဇွဲသတ္တိနှင့်ပြည့်စုံ၍) ခန္တီတရားထားရှိသူတို့ကို ချစ်ကြည်မြတ်နိုးတော်မူပေသည်။
Hashim Tin Myint
ထို့ပြင် နဗီတမန်‌တော် အ‌မြောက်အမြားနှင့် အလ္လာဟ်အရှင်မြတ်အား မြတ်နိုး‌သောသူများသည် အတူတကွ စစ်တိုက်ခဲ့ကြသည်။ ၎င်းပြင် သူတို့သည် အလ္လာဟ်အရှင်မြတ်၏လမ်း‌တော်တွင် သူတို့အ‌ပေါ် ဆိုက်‌ရောက်လာ‌သော ‌ဘေးဒုက္ခများ‌ကြောင့် စိတ်ဓာတ်ကျခြင်း၊ အင်အား‌လျော့နည်းခြင်း၊ ‌သေးသိမ်နိမ့်ကျခြင်းများ မရှိခဲ့ကြ‌ပေ။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် သည်းခံ‌သောသူများကို ချစ်မြတ်နိုး‌တော်မူသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek