Quran with Burmese translation - Surah al-‘Imran ayat 147 - آل عِمران - Page - Juz 4
﴿وَمَا كَانَ قَوۡلَهُمۡ إِلَّآ أَن قَالُواْ رَبَّنَا ٱغۡفِرۡ لَنَا ذُنُوبَنَا وَإِسۡرَافَنَا فِيٓ أَمۡرِنَا وَثَبِّتۡ أَقۡدَامَنَا وَٱنصُرۡنَا عَلَى ٱلۡقَوۡمِ ٱلۡكَٰفِرِينَ ﴾
[آل عِمران: 147]
﴿وما كان قولهم إلا أن قالوا ربنا اغفر لنا ذنوبنا وإسرافنا في﴾ [آل عِمران: 147]
Ba Sein ၁၄၇။ သူတို့၏ကြွေးကြော်သံမှာ အို-အကျွနု်ပ်တို့၏အသျှင်သခင် အကျွနု်ပ်တို့အား မိမိတို့၏အပြစ်များနှင့် အကျိုးမရှိသော ကြိုးပမ်းမှုများကို ခွင့်လွှတ်တော်မူပါ။ အကျွနု်ပ်တို့အား ခြေလှမ်းမှန်ကန် ခိုင်မြဲစေ တော်မူပါဟု ဆုတောင်းခြင်းသာဖြစ်၏။ |
Ghazi Mohammad Hashim ၎င်းပြင် ထိုသူတို့သည် (ယင်းကဲ့သို့ ဘေးအတန်တန်၊ ရန်အဖုံဖုံ၊ ဆင်းရဲဒုက္ခ အမျိုးမျိုး ရောက်နေကြသောအခါတစ်စုံတစ်ရာ ငြီးငြူခြင်း မပြုဘဲ) ဤသို့သာလျှင် လျှောက်ထားကြကုန်သည်။အို-ကျွန်တော်မျိုးတို့အား မွေးမြူတော်မူသောအရှင်မြတ်၊ အရှင်မြတ်သည် ကျွန်တော်မျိုးတို့၏ အပြစ်များကိုလည်းကောင်း၊ ကျွန်တော်မျိုးတို့၏ အရေးကိစ္စတွင် ကျွန်တော်မျိုးတို့၏ အလွန်အကျွန် ပြုမူခဲ့ခြင်းများကိုလည်းကောင်း၊ ချမ်းသာခွင့်ပေးသနားတော်မူပါ။ ထိုမှတပါး အသျှင်မြတ်သည်ကျွန်တော်မျိုး တို့၏ခြေများကို (ဖြောင့်မတ်မှန်ကန်သောတရားလမ်းစဉ်အပေါ်၌) တည်တံ့ခိုင်မြဲစေတော်မူပါ။ ၎င်းပြင် ကျွန်တော်မျိုးတို့အား ကာဖိရ် ယုံကြည်ခြင်းသဒ္ဓါတရားကင်းမဲ့သော သူတို့အပေါ်၌ အောင်မြင် ခြင်းကို ပေးသနားတော်မူပါ |
Hashim Tin Myint ထို့ပြင် သူတို့သည် ဤသို့ပြောဆိုသည်မှလွဲ၍ အခြားစကားပြောဆိုခြင်း မရှိခဲ့ပေ၊ “အို- ကျွန်ုပ်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ ကျွန်ုပ်တို့၏အပြစ်များနှင့် ကျွန်ုပ်တို့၏ အရေးကိစ္စ၌ ကျွန်ုပ်တို့၏ လွန်ကျွံမှုများအား ခွင့်လွှတ်တော်မူပါ။ ၎င်းပြင် ကျွန်ုပ်တို့၏ ခြေများကိုလည်း တည်တံ့ခိုင်မြဲစေတော်မူပါ။ ၎င်းပြင် ကျွန်ုပ်တို့အား ကာဖိရ်ငြင်းပယ်သူများအပေါ်တွင် အောင်နိုင်မှုကို ပေးသနားတော်မူပါ။“ |