Quran with Burmese translation - Surah al-‘Imran ayat 145 - آل عِمران - Page - Juz 4
﴿وَمَا كَانَ لِنَفۡسٍ أَن تَمُوتَ إِلَّا بِإِذۡنِ ٱللَّهِ كِتَٰبٗا مُّؤَجَّلٗاۗ وَمَن يُرِدۡ ثَوَابَ ٱلدُّنۡيَا نُؤۡتِهِۦ مِنۡهَا وَمَن يُرِدۡ ثَوَابَ ٱلۡأٓخِرَةِ نُؤۡتِهِۦ مِنۡهَاۚ وَسَنَجۡزِي ٱلشَّٰكِرِينَ ﴾
[آل عِمران: 145]
﴿وما كان لنفس أن تموت إلا بإذن الله كتابا مؤجلا ومن يرد﴾ [آل عِمران: 145]
Ba Sein ၁၄၅။ အလ္လာဟ်အသျှင်မြတ်၏အမိန့်တော်မရှိဘဲ သတ်မှတ်ထားသောအချိန်မစေ့ဘဲ မည်သူမှ အသက် မကုန်နိုင်ချေ။ အကြင်သူသည် လောကီဆုကို မက်မော၏။ ထိုသူအား ထိုဆုကို ပေးတော်မူ၏။ အကြင်သူသည် နောင်ဘဝဆုကိုလိုလား၏။ ထိုဆုကို ထိုသူအား ငါအသျှင်ပေးတော်မူ၏။ ငါသည် ကျေးဇူးတော်သိသူတို့အား ဆုပေးသနားတော်မူမည်။ |
Ghazi Mohammad Hashim ထိုမှတစ်ပါး မည်သူတစ်ဦးတစ်ယောက်၌မျှအလ္လာဟ်အရှင်မြတ်၏ အမိန့်တော်မရှိဘဲလျက် သေဆုံးနိုင်ခွင့်မရှိချေ။ (လူတိုင်းအဖို့သေဆုံးရန်အတွက်) တ်မှတ်ထားသော အချိန်တစ်ချိန်သည် ရေးသားပြီးဖြစ်၏။ တဖန်မည်သူမဆို လောကီအကျိုးကို အလိုရှိ ခဲ့ပါမူ၊ ငါအရှင်မြတ်သည်(အလိုတော်ရှိပါလျှင်) ထိုသူအား လောကီအကျိုးကို ပေးသနားတော်မူအံ့။ ထိုနည်းတူစွာ မည်သူမဆို နောင်တမလွန်ဘဝ၏အကျိုးကျေးဇူးကို အလိုရှိခဲ့ပါလျှင်၊ ငါအရှင်မြတ်သည် ထိုသူအား နောင်တမလွန်ဘဝ၏ အကျိုးကို ပေးသနားတော်မူအံ့။၎င်းပြင် ငါအရှင်မြတ်သည် ကျေးဇူးသိတတ်သော သူတို့အားမကြာမီ အကျိုးပေးဆပ်တော်မူအံ့။ |
Hashim Tin Myint ထို့ပြင် မည်သူမျှ အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်မရှိဘဲ မသေဆုံးနိုင်ပေ။* (လူတိုင်းအတွက် သေဆုံးရန်) သတ်မှတ်ချိန်ရေးသားပြီးဖြစ်သည်။ ၎င်းပြင် မည်သူမဆို လောကီအကျိုးကို အလိုရှိလျှင် ငါအရှင်မြတ်သည်(အလိုရှိတော်မူလျှင်) ထိုသူ့အား လောကီ၏အကျိုးကို ပေးတော်မူမည်။ ၎င်းပြင် မည်သူမဆို တမလွန်ဘဝ၏အကျိုးကျေးဇူးကို အလိုရှိလျှင် ငါအရှင်မြတ်သည် ထိုသူ့အား တမလွန်၏အကျိုးကို ပေးတော်မူမည်။ ၎င်းပြင် ငါအရှင်မြတ်သည် ကျေးဇူးသိတတ်သူများအား မကြာမီ အစားပေးတော်မူမည်။ |