Quran with Burmese translation - Surah al-‘Imran ayat 178 - آل عِمران - Page - Juz 4
﴿وَلَا يَحۡسَبَنَّ ٱلَّذِينَ كَفَرُوٓاْ أَنَّمَا نُمۡلِي لَهُمۡ خَيۡرٞ لِّأَنفُسِهِمۡۚ إِنَّمَا نُمۡلِي لَهُمۡ لِيَزۡدَادُوٓاْ إِثۡمٗاۖ وَلَهُمۡ عَذَابٞ مُّهِينٞ ﴾
[آل عِمران: 178]
﴿ولا يحسبن الذين كفروا أنما نملي لهم خير لأنفسهم إنما نملي لهم﴾ [آل عِمران: 178]
Ba Sein ၁၇၈။ ငါအသျှင်သည် မယုံကြည်သူတို့အား ပေါက်လွှတ်ပဲစား လွှတ်ထားတော်မူခြင်းသည် သူတို့အတွက် နိမိတ်ကောင်းဟု သူတို့မထင်ထိုက်ချေ။ ငါအသျှင်သည် သူတို့အား အပြစ်ကျူးလွန်ခြင်း၌ ပိုမို ကျူးလွန်စေရန် လွှတ်ထားတော်မူ၏။ |
Ghazi Mohammad Hashim ထိုမှတစ်ပါးတုံ သွေဖည် ငြင်းပယ်ကြကုန် သောသူတို့သည် မိမိတို့အား ငါအရှင်မြတ်က (အပြစ်ဒဏ်ပေးတော်မူခြင်းမှ) ဆိုင်ငံ့ထားတော် မူသည်ကို မိမိတို့အဖို့ ကောင်းမြတ်လှပေသည်ဟု အလျင်းမထင်မှတ်ကြချေ။ငါအရှင်မြတ်သည် ယင်းသူတို့အား (အပြစ်ဒဏ်ပေးတော်မူခြင်းမှ) ဆိုင်းငံ့ထားတော်မူသည်မှာ စင်စစ် ယင်းသူတို့သည် အပြစ်ဒုစရိုက်မှုများ၌ ပိုမိုတိုးပွားစိမ့်သောငှာသာလျှင် ဖြစ်ချေသည်။ တဖန်(နောင်တမလွန်ဘဝတွင်လည်း)ထိုသူတို့အဖို့ ဂုဏ်အသရေပျက်စေသော အပြစ်ဒဏ်သည်(အသင့်ပြင်ဆင်ပြီး)ရှိပေ သတည်း။ |
Hashim Tin Myint ထို့ပြင် ကာဖိရ်ငြင်းပယ်သူများသည် ငါအရှင်မြတ်က (အပြစ်ဒဏ်)ဆိုင်းငံ့ထားတော်မူသည်ကို သူတို့အတွက် ကောင်းမြတ်လှသည်ဟု လုံးဝ မထင်လိုက်ကြနှင့်။ ငါအရှင်မြတ်သည် သူတို့အား ဆိုင်းငံ့ထားတော်မူသည်မှာ သူတို့(၏ သွေဖည်မှု များပြားခြင်းကြောင့်)အပြစ်များ ပိုတိုးပွားစေရန်အတွက် ဖြစ်သည်။ ထို့နောက် သူတို့အတွက် သိက္ခာကျစေသော အပြစ်ဒဏ်ရှိသည်။ |