Quran with Burmese translation - Surah al-‘Imran ayat 179 - آل عِمران - Page - Juz 4
﴿مَّا كَانَ ٱللَّهُ لِيَذَرَ ٱلۡمُؤۡمِنِينَ عَلَىٰ مَآ أَنتُمۡ عَلَيۡهِ حَتَّىٰ يَمِيزَ ٱلۡخَبِيثَ مِنَ ٱلطَّيِّبِۗ وَمَا كَانَ ٱللَّهُ لِيُطۡلِعَكُمۡ عَلَى ٱلۡغَيۡبِ وَلَٰكِنَّ ٱللَّهَ يَجۡتَبِي مِن رُّسُلِهِۦ مَن يَشَآءُۖ فَـَٔامِنُواْ بِٱللَّهِ وَرُسُلِهِۦۚ وَإِن تُؤۡمِنُواْ وَتَتَّقُواْ فَلَكُمۡ أَجۡرٌ عَظِيمٞ ﴾
[آل عِمران: 179]
﴿ما كان الله ليذر المؤمنين على ما أنتم عليه حتى يميز الخبيث﴾ [آل عِمران: 179]
Ba Sein ၁၇၉။ အလ္လာဟ်အသျှင်မြတ်သည် မသူတော်များကို သူတော်ကောင်းတို့ထံမှ ခွဲထုတ်သည့်အချိန်ကာလ တိုင်အောင် သင်တို့အား ဤအခြေအနေ၌ထားဖို့ရန် ကြံရွယ်တော်မမူပေ။ သင်တို့အား မမြင်စွမ်းနိုင် သောအရာများကို သိမြင်စေရန်လည်း ကြံရွယ်တော်မမူပေ။ ထိုအရာများကိုသိဖို့ရာ မိမိအလိုတော် ရှိသောသူတို့ကို မိမိ၏ တမန်တော်များထဲက ရွေးကောက်တော်မူ၏။ ထို့ကြောင့် အလ္လာဟ်နှင့် အသျှင်၏ တမန်တော်များအား ယုံကြည်ကြလော့။ သင်တို့သည် ယုံကြည်လျက် မကောင်းမှုကို ရှောင်ရှားလျှင် သင်တို့၏ဆုလာဘ်သည် အလွန်ကြီးကျယ်များပြား၏။ |
Ghazi Mohammad Hashim အလ္လာဟ်အရှင်မြတ်သည် မသန့်စင်သောသူ(မုနာဖစ်က်)ကို သန့်စင်သောသူ (မုစ်လင်မ်အစစ်အမှန်)နှင့်ခွဲခြားတော်မမူဘဲ မုအ်မင်န်သက်ဝင် ယုံကြည်သောသူအပေါင်းတို့အား (ယနေ့)အသင်တို့ (မုစ်လင်မ်အစစ်နှင့် မုနာဖစ်က်အယောင်ဆောင် မုစ်လင်မ် တို့သည် ရောနှောလျက်ရှိသော)အခြေအနေမျိုးတွင် လွှတ်ထားတော် မူမည်မဟုတ်ပေ။ ထိုနည်းတူစွာ အလ္လာဟ်အရှင်မြတ်သည်(အယောင်ဆောင် မုစ်လင်မ်တို့၏ အမည်နာမ တို့ကို ထုတ်ဖော်ပြသတော်မူခြင်းအားဖြင့်)အသင်တို့အား မျက်ကွယ်၌ရှိသော အကြောင်းအရာများနှင့်စပ်လျဉ်း၍ အသိပေးတော်မူမည်လည်းမဟုတ်ပေ။ သို့ရာတွင်မူကား အလ္လာဟ်အရှင်မြတ်သည် (ယင်းကဲ့သို့သော အကြောင်းကိစ္စများအတွက်) မိမိ၏ ရစူလ်တမန်တော်များအနက်မှအလိုရှိတော်မူသော ရစူလ်တမန်တော်အား ရွေးချယ်(တော်မူ၍ထုတ်ဖော်ပြသရန် လိုအပ်သော အကြောင်းအရာများကိုသာထုတ်ဖော် မိန့်ကြား)တော်မူလေသည်။ သို့ဖြစ်ပေရာ အသင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့် ထိုအရှင်မြတ်၏ ရစူလ်တမန်တော်(အပေါင်း) တို့ကို ယုံကြည်ကြလေကုန်။ တဖန် အကယ်၍သာ အသင်တို့သည် ယုံကြည်ခြင်း သဒ္ဓါတရားထားရှိ၍(ပြစ်မှုဒုစရိုက် တို့မှ) ကြဉ်ရှောင်ကြပါမူ (နောင်တမလွန်ဘဝတွင်) အသင်တို့အဖို့ ကြီးကျယ်လှစွာသော အကျိုး ဆုလာဘ်သည် (အသင့်) ရှိလတ္တံ့။ |
Hashim Tin Myint အလ္လာဟ်အရှင်မြတ်သည် မသန့်စင်သောသူကို သန့်စင်သောသူနှင့် ခွဲခြားတော်မမူဘဲ အီမာန်ယုံကြည်သူများအား အသင်တို့ လက်ရှိအခြေအနေမျိုးတွင် လွှတ်ထားတော်မူမည် မဟုတ်ပေ။* ၎င်းပြင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့ကို အကွယ်မှအရာများနှင့်စပ်လျဉ်း၍ အသိပေးတော်မူမည် မဟုတ်ပေ။* သို့ရာတွင် အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်၏တမန်တော်များထဲမှ အလိုရှိတော်မူသော တမန်တော်ကို ရွေးချယ်(၍ လိုအပ်သည်ကို ထုတ်ဖော်ပြသ)တော်မူသည်။ သို့ဖြစ်ရာ အသင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ ရစူလ်တမန်တော်များကို ယုံကြည်ကြပါ။ ထို့ပြင် အသင်တို့သည် ယုံကြည်ပြီး ကြောက်ရွံ့အပြစ်ရှောင် ကောင်းကျိုးဆောင်ကြမည်ဆိုလျှင် အသင်တို့အတွက် ကြီးမားသော အကျိုးရလာဒ်ရှိသည်။ |