×

(ကျမ်းတော်မြတ်ကုရ်အာန်မတိုင်မီ အရှင်မြတ်က ကျမ်းဂန်များကို ချမှတ်ပေးအပ်တော်မူခဲ့သော်လည်း ထိုကျမ်းဂန်များအား လက်ဝယ်ထားရှိသူတို့က ယင်းတို့ကို သူတို့၏စိတ်အလိုအတိုင်း ပြောင်းလဲစေခဲ့သည်။) ငါအရှင်မြတ်သည် တောင်ရဟ်နှင့်အိန်ဂျီးလ်ကျမ်းတို့ကို ထုတ်ပြန်ချမှတ်ပေးအပ်တော်မူခဲ့ပြီး 3:3 Burmese translation

Quran infoBurmeseSurah al-‘Imran ⮕ (3:3) ayat 3 in Burmese

3:3 Surah al-‘Imran ayat 3 in Burmese (البورمية)

Quran with Burmese translation - Surah al-‘Imran ayat 3 - آل عِمران - Page - Juz 3

﴿نَزَّلَ عَلَيۡكَ ٱلۡكِتَٰبَ بِٱلۡحَقِّ مُصَدِّقٗا لِّمَا بَيۡنَ يَدَيۡهِ وَأَنزَلَ ٱلتَّوۡرَىٰةَ وَٱلۡإِنجِيلَ ﴾
[آل عِمران: 3]

(ကျမ်းတော်မြတ်ကုရ်အာန်မတိုင်မီ အရှင်မြတ်က ကျမ်းဂန်များကို ချမှတ်ပေးအပ်တော်မူခဲ့သော်လည်း ထိုကျမ်းဂန်များအား လက်ဝယ်ထားရှိသူတို့က ယင်းတို့ကို သူတို့၏စိတ်အလိုအတိုင်း ပြောင်းလဲစေခဲ့သည်။) ငါအရှင်မြတ်သည် တောင်ရဟ်နှင့်အိန်ဂျီးလ်ကျမ်းတို့ကို ထုတ်ပြန်ချမှတ်ပေးအပ်တော်မူခဲ့ပြီး ယင်းကျမ်းများ လက်ဝယ်ထားရှိသူများနှင့်ကျမ်းတော်ကြား (မည်သည့်အရာက မှန်ကန်၍ မည်သည်က မှားနေကြောင်းကို ထောက်ပြလျက် ဖြောင့်မတ်မှန်ကန်စေမည့်) ဤကျမ်းတော် (ကုရ်အာန်) ကို အသင် (ရစူလ်တမန်တော်) အပေါ် (လူသား တို့အား အမှန်တရားဘက်သို့ ဖိတ်ခေါ်သည့်တာဝန်ပေးအပ်တော်မူ၍) အမှန်တရားသစ္စာအဖြစ် ထုတ်ပြန်ချမှတ် ပေးအပ်တော်မူခဲ့ပြီ။

❮ Previous Next ❯

ترجمة: نـزل عليك الكتاب بالحق مصدقا لما بين يديه وأنـزل التوراة والإنجيل, باللغة البورمية

﴿نـزل عليك الكتاب بالحق مصدقا لما بين يديه وأنـزل التوراة والإنجيل﴾ [آل عِمران: 3]

Ba Sein
၃။ အို - မုဟမ္မဒ် အလ္လာဟ်အရှင်မြတ်သည် လွန်လေပြီးသောအခါကာလ၌ လူသားတို့အား နည်းလမ်း ညွှန်ဖို့ရာ တောင်ရတ်ကျမ်းတော်နှင့် အင်ဂျီလ်ကျမ်းတော်ကို မုချဧကန် ပြဋ္ဌာန်းပေးသနားတော်မူ၏။ ထိုနည်းတူ ကုရ်အာန်ကျမ်းတော်ကို သင့်အား အမှန်ပင်ချပေးသနားတော်မူ၏။ ဤကျမ်းတော်သည် ရှေးကျသောကျမ်းတော်များကို ထောက်ခံအတည်ပြု၏။
Ghazi Mohammad Hashim
ထို(အလ္လာဟ်)အရှင်မြတ်သည် အသင်၏ အပေါ်ဝယ် ကျမ်းမြတ်(ကုရ်အာန်)ကို မှန်ကန် တိကျစွာဖြင့် ထုတ်ပြန်ပို့ချတော်မူလေပြီ။ (ယင်းကုရ်အာန်ကျမ်းတော်မြတ်သည်) မိမိထက်ရှေးဦးစွာ ကျရောက်ခဲ့သော ဒေသနာတော် ကျမ်းဂန်များကို ထောက်ခံလျက်ရှိပေသည်။ ထိုနည်းတူစွာ ထိုအရှင်မြတ်သည် ရှေးအထက်ကျော်ကာလ၌ လူခပင်းတို့ အဖို့တရားဓမ္မအဖြစ် တော်ရာတ် ကျမ်းမြတ်နှင့် အီန်ဂျီလ်ကျမ်းမြတ်ကိုလည်း ထုတ်ပြန်ပို့ချတော် မူခဲ့လေပြီ။
Hashim Tin Myint
အရှင်မြတ်သည် အသင်(တမန်‌တော်)၏အ‌ပေါ် ကျမ်း‌တော်(မြတ်ကုရ်အာန်)ကို မှန်ကန်စွာ ပို့ချ‌တော်မူခဲ့သည်။ (ဤကျမ်းသည်) ၎င်းမတိုင်မီကျ‌ရောက်ခဲ့‌သောကျမ်းများကို ‌ထောက်ခံလျက်ရှိသည်။ ၎င်းပြင် အရှင်မြတ်သည် ‌သောင်ရသ်ကျမ်းနှင့် အင်ဂျီလ်ကျမ်းကိုလည်း ချ‌ပေး‌တော်မူခဲ့သည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek