Quran with Burmese translation - Surah al-‘Imran ayat 45 - آل عِمران - Page - Juz 3
﴿إِذۡ قَالَتِ ٱلۡمَلَٰٓئِكَةُ يَٰمَرۡيَمُ إِنَّ ٱللَّهَ يُبَشِّرُكِ بِكَلِمَةٖ مِّنۡهُ ٱسۡمُهُ ٱلۡمَسِيحُ عِيسَى ٱبۡنُ مَرۡيَمَ وَجِيهٗا فِي ٱلدُّنۡيَا وَٱلۡأٓخِرَةِ وَمِنَ ٱلۡمُقَرَّبِينَ ﴾
[آل عِمران: 45]
﴿إذ قالت الملائكة يامريم إن الله يبشرك بكلمة منه اسمه المسيح عيسى﴾ [آل عِمران: 45]
Ba Sein ၄၅။ ကောင်းကင်တမန်များက မရယမ်အား ဤသို့ပြောသည်ကိုလည်း သတိပြုလော့။ အို-မရယမ် အလ္လာဟ်အသျှင်မြတ်က သင်မသည် သားရတနာတစ်ဦးရမည့် သတင်းကောင်းစကား ပေးကြား တော်မူ၏။ ထိုသား၏အမည်မှာ မစီဟာအီဆာဖြစ်၏။ ထိုသူသည် ဤဘဝ၊ နောင်ဘဝ နှစ်ဖြသော ဘဝ၌ ထင်ရှားကျော်စော၍ အသျှင်မြတ်ကို နီးကပ်စွာ ဖူးမြော်ရသောသူတို့၏ ဘောင်တွင် အပါအဝင်ဖြစ်ရမည်သာတည်း။ |
Ghazi Mohammad Hashim (ပြန်လည်အောက်မေ့ သတိရရှိကြကုန်)၊ အခါတစ်ပါး၌ မလာအိကဟ် ကောင်းကင်တမန်များ က (မရ်ယမ်အား) ဤသို့ပြောဆိုကြကုန်၏။ အို-မရ်ယမ်၊ အလ္လာဟ်အရှင်မြတ်သည် ဧကန်မလွဲ မိမိထံတော်မှ မုက္ခပါဌ်တော် [(ဝါ)အလ္လာဟ်၏ မုက္ခပါဌ်တော်ဟူသော ဘွဲ့နာမဖြင့် ကျော်ကြားမည့် သားတော်တပါး ရရှိမည့်အကြောင်း] နှင့် ပတ်သက်၍ဝမ်းမြောက်ဘွယ်ရာ မင်္ဂလာသတင်းကို အသင့်ထံသို့ပို့တော်မူ၏။ ယင်း(သားကောင်းရတနာ)၏ အမည် နာမ(နှင့်ဘွဲ့)မှာ မရ်ယမ်၏သား အီစာ၊ မစီဟ် ဟူ၍ဖြစ်အံ့၊ ယင်းအီစာသည် မျက်မှောက်ဘဝ၌၎င်း၊ နောင်တမလွန်ဘဝ၌လည်းကောင်း၊ ဂုဏ်အသရေ ရှိသူလည်းဖြစ်အံ့။ အလ္လာဟ် အရှင်မြတ်နှင့် ီးစပ်သောသူတို့ဘောင်တွင် အပါအဝင်လည်းဖြစ်အံ့။ |
Hashim Tin Myint တစ်ခါက ကောင်းကင်တမန်များသည် ပြောဆိုကြသည်၊ “အို- မရ်ယမ်၊ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်ထံတော်မှ ကလိမဟ်(“ဖြစ်စေ“ဆိုသော)စကားတစ်ခွန်း (ကြောင့်ဖြစ်ထွန်းလာမည့် သားရတနာ)နှင့် အသင်မအား သတင်းကောင်းပေးတော်မူသည်။ ၎င်း၏အမည်(နှင့်ဘွဲ့)သည် မရ်ယမ်၏သား အီစာ၊ မစီဟ်ဟုဖြစ်သည်။ ထိုအီစာသည် ဤဘဝ၌သာမက တမလွန်ဘဝ၌လည်း ဂုဏ်သိက္ခာရှိသူဖြစ်မည်။ အရှင်မြတ်နှင့် နီးစပ်သောသူများထဲမှလည်း ဖြစ်မည်။ |