﴿ذَٰلِكَ مِنۡ أَنۢبَآءِ ٱلۡغَيۡبِ نُوحِيهِ إِلَيۡكَۚ وَمَا كُنتَ لَدَيۡهِمۡ إِذۡ يُلۡقُونَ أَقۡلَٰمَهُمۡ أَيُّهُمۡ يَكۡفُلُ مَرۡيَمَ وَمَا كُنتَ لَدَيۡهِمۡ إِذۡ يَخۡتَصِمُونَ ﴾
[آل عِمران: 44]
ထိုအကြောင်းအရာများသည် (အတိတ်ကာလ၌ သင်တို့၏) မျက်ကွယ်တွင် ဖြစ်ပွားခဲ့သော သတင်းအချက်အလက်များအနက်မှ ဖြစ်ပြီး ငါအရှင်က ယင်းတို့ကို (အသင်၏အာရုံထဲသို့ ထည့်ပေးတော်မူလျက်) အသင် (တမန်တော်) ထံ ထုတ်ပြန်ဖွင့်ချစေတော်မူခြင်းပင် ဖြစ်၏။ မရ်ယမ်အား မည်သူတာဝန်ယူစောင့် ရှောက်သင့်သည်ကို (မဲခွဲဆုံးဖြတ်ရန်) သူတို့၏ကလောင်များကို ရေထဲပစ်ချခဲ့သည့်အချိန်တွင်လည်းကောင်း၊ (ထိုကိစ္စနှင့်စပ်လျဉ်း၍) သူတို့အငြင်းပွားခဲ့ကြသည့်အချိန်တွင်လည်းကောင်း၊ အသင် (တမန်တော်) သည် (ထိုအကြောင်းအရာအား သိနိုင်ရန်အလို့ငှာ) သူတို့နှင့်အတူ ရှိခဲ့သည်မဟုတ်ပေ။
ترجمة: ذلك من أنباء الغيب نوحيه إليك وما كنت لديهم إذ يلقون أقلامهم, باللغة البورمية
﴿ذلك من أنباء الغيب نوحيه إليك وما كنت لديهم إذ يلقون أقلامهم﴾ [آل عِمران: 44]