×

ကျမ်းရပုဂ္ဂိုလ်များတွင် အကယ်၍ (သူတို့ထံ) ရွှေငွေရတနာသိုက်အား ယုံပုံ၍ အပ်နှံထားလျှင်ပင် (ထို ယုံ ကြည်အပ်နှံမှုကို မထိခိုက်စေဘဲ မူရင်းအတိုင်း) ပြန်လည်ပေးသူများရှိသကဲ့သို့ 3:75 Burmese translation

Quran infoBurmeseSurah al-‘Imran ⮕ (3:75) ayat 75 in Burmese

3:75 Surah al-‘Imran ayat 75 in Burmese (البورمية)

Quran with Burmese translation - Surah al-‘Imran ayat 75 - آل عِمران - Page - Juz 3

﴿۞ وَمِنۡ أَهۡلِ ٱلۡكِتَٰبِ مَنۡ إِن تَأۡمَنۡهُ بِقِنطَارٖ يُؤَدِّهِۦٓ إِلَيۡكَ وَمِنۡهُم مَّنۡ إِن تَأۡمَنۡهُ بِدِينَارٖ لَّا يُؤَدِّهِۦٓ إِلَيۡكَ إِلَّا مَا دُمۡتَ عَلَيۡهِ قَآئِمٗاۗ ذَٰلِكَ بِأَنَّهُمۡ قَالُواْ لَيۡسَ عَلَيۡنَا فِي ٱلۡأُمِّيِّـۧنَ سَبِيلٞ وَيَقُولُونَ عَلَى ٱللَّهِ ٱلۡكَذِبَ وَهُمۡ يَعۡلَمُونَ ﴾
[آل عِمران: 75]

ကျမ်းရပုဂ္ဂိုလ်များတွင် အကယ်၍ (သူတို့ထံ) ရွှေငွေရတနာသိုက်အား ယုံပုံ၍ အပ်နှံထားလျှင်ပင် (ထို ယုံ ကြည်အပ်နှံမှုကို မထိခိုက်စေဘဲ မူရင်းအတိုင်း) ပြန်လည်ပေးသူများရှိသကဲ့သို့ မပြောပလောက်သည့် ငွေဒင်္ဂါးပြား အပ်နှံလျှင်လည်း (ဇွဲရှိရှိ သည်းခံကြံ့ခိုင်စွာဖြင့်) မရမက တောင်းဆိုသည့်တိုင် ပြန်မပေးကြသော သူတို့လည်း ရှိကြလေ၏။ ထိုသို့ဖြစ်ရခြင်းမှာ သူတို့က “(ကျွန်ုပ်တို့နှင့်ဘာသာအယူဝါဒ မတူသူများနှင့်ကျွန်ုပ်တို့ကဲ့သို့ ကျမ်းပေးအပ်ခြင်းမခံရသော) စာပေမတတ်သူတို့၏ရပိုင်ခွင့်များနှင့်စပ်လျဉ်း၍ ကျွန်ုပ်တို့၏လမ်းစဉ်အရ (ပြန်ပေးရန်) တာဝန်မရှိပေ။” ဟု ပြောဆိုကြသောကြောင့်တည်း။ ထိုသို့ ပြုမူပြောနေခြင်းသည် (အရှင့်အမိန့်တော်အရ တားမြစ်ထားသည်ကို) သူတို့သိနေပါလျှက် (အရှင်မြတ်ခွင့်ပြုထားဟန်ဖြင့်) အလ္လာဟ်အရှင် မြတ်နှင့်ဆန့်ကျင်၍ လိမ်လည်ပြောဆိုနေခြင်းသာ ဖြစ်၏။

❮ Previous Next ❯

ترجمة: ومن أهل الكتاب من إن تأمنه بقنطار يؤده إليك ومنهم من إن, باللغة البورمية

﴿ومن أهل الكتاب من إن تأمنه بقنطار يؤده إليك ومنهم من إن﴾ [آل عِمران: 75]

Ba Sein
၇၅။ ရှေးကျမ်းတော်ရရှိသူများအနက် ယုံကြည်ရသူလည်းရှိ၏။ သူအား သင်ရွှေငွေရတနာ အမြောက် အများကို အပ်နှံလျှင် ထိုသူသည် သင်အား ထိုပစ္စည်းဥစ္စာကို ပြန်ပေးမည်။ သူတို့အနက် မယုံကြည် ရသူလည်းရှိ၏။ ထိုသူအား သင်သည် ရွှေစကလေးကို အပ်နှံထားသော် သူသည် ၎င်းအား သင် စောင့်ကြည့်မနေလျှင် ထိုရွှေကို သင့်အားပြန်ပေးမည်မဟုတ်ပေ။ သူတို့က ယင်းသို့ပြုကျင့်သည့် အကြောင်းကား ရဟူဒီလူမျိုးမဟုတ် သူတို့အပေါ်တွင် အကျွနု်ပ်တို့၏ ဝတ္တရားမရှိပေဟု ပြောဆိုခြင်း ကြောင့်ဖြစ်၏။ သူတို့သည်သိလျက်နှင့် အလ္လာဟ်အသျှင်မြတ်နှင့် စပ်လျဉ်း၍ မဟုတ်မလျား ပြောဆိုကြ၏။
Ghazi Mohammad Hashim
၎င်းပြင် ရှေးအထက်ကျမ်းဂန်ရရှိသူများ အနက်အကြင်သူများသည်လည်းရှိကြ၏။ အကယ်၍ အသင်သည်ထိုသူများအား ယုံကြည်စိတ်ချ၍ (ရွှေငွေ) အမြောက်အမြားကိုအပ်နှံထားခဲ့သည်ရှိသော် ထိုသူများသည် အသင့်အား ပြန်လည်ပေးဆပ်ကြ ကုန်အံ့။ ထို့ပြင် ထိုသူများအနက် အကြင်သူများလည်း ရှိကြသေး၏။ အကယ်၍ အသင်သည် ထိုသူတို့အား ယုံကြည်စိတ်ချကာ (ရွှေငွေအမြောက်အမြားကိုမဆိုထားဘိ) ဒီနာရ် ရွှေဒင်္ဂါးတစ်ပြားမျှကိုပင် အပ်နှံခဲ့သည်ရှိသော် အသင်သည် ထိုသူများထံ မတ်တတ်ရပ်၍ (ကြာရှည်စွာမနေမနား) မတောင်း ဆိုသမျှ ကာလပတ်လုံး ထိုသူများသည် ထိုရွှေဒင်္ဂါးကို အသင့်အား ပြန်လည်ပေးဆပ်ကြမည်မဟုတ်ပေ။ယင်းကဲ့သို့ မပေးဆပ်ခြင်းအကြောင်းမှာ ယင်းသူတို့ကစာပေမတတ်ကျွမ်းသောသူများ (ဝါ) ကျမ်းဂန်မရသောသူ များနှင့်စပ်လျဉ်း၍ ကျွန်ုပ်တို့အပေါ်၌ (ဘာသာတရားအရ အပြစ်ပေးသင့်ရန်) နည်းလမ်းမရှိ ဟု ပြောဆိုခြင်းကြောင့်ပင်တည်း။စင်စစ် ယင်းသူတို့သည် အလ္လာဟ်အရှင်မြတ်အား မဟုတ်မလျား စွပ်စွဲပြောဆိုကြကုန်၏၊ အမှန်သော်ကား ၎င်းတို့သည်(၎င်းတို့မတရား ကြောင်းကိုလည်း) ၎င်းတို့ကိုယ်တိုင် အသိပင်ဖြစ်ကြပေသည်။
Hashim Tin Myint
ထို့ပြင် ကျမ်းရသူများထဲတွင် ဤကဲ့သို့လူများလည်းရှိကြသည်၊ အကယ်၍ အသင်(တမန်‌တော်)သည် ထိုသူများကို စိတ်ချ(ယုံကြည်)ပြီး (‌ရွှေ‌ငွေ)အ‌မြောက်အမြား အပ်နှံထားခဲ့လျှင် သူတို့သည် ထိုအရာများအားလုံးကို အသင့်အား ပြန်‌ပေးဆပ်ကြလိမ့်မည်။ ထို့ပြင် သူတို့ထဲတွင် ဤကဲ့သို့လူများလည်းရှိကြသည်၊ အကယ်၍ အသင်(တမန်‌တော်)သည် ထိုသူများကို စိတ်ချ(ယုံကြည်)ပြီး ‌ရွှေဒဂင်္ါးတစ်ပြားမျှသာ အပ်နှံထားခဲ့လျှင် သူတို့သည် ထို‌ရွှေဒဂင်္ါးတစ်ပြားကိုပင် အသင့်အား ပြန်‌ပေးဆပ်ကြမည်မဟုတ်‌ပေ၊ သို့ရာတွင် အသင်သည် ၎င်းအ‌ပေါ် အမြဲမတ်တတ်ရပ် ‌တောင်း‌နေရမည်။ (အသင် ကြာ‌ညောင်းစွာ မတ်တတ်ရပ်၍ မ‌တောင်းသမျှ ‌ပေးမည်မဟုတ်‌ပေ)။ ထိုကဲ့သို့ မ‌ပေးဆပ်ခြင်းသည် သူတို့က(ဤသို့)‌ပြောဆိုမှု‌ကြောင့်ဖြစ်သည်၊ “စာ‌ပေမတတ်ကျွမ်း‌သောသူများ သို့မဟုတ် ကျမ်းဂန်မရရှိသူများနှင့် ပတ်သက်ပြီး ကျွန်ုပ်တို့အ‌ပေါ်တွင် (အ‌ရေးယူရန်)နည်းလမ်းမရှိ‌ပေ။ (သူတို့ပစ္စည်းများကို မတရားယူလျှင်လည်း အပြစ်မရှိ‌ပေ)။“ ၎င်းပြင် (ဤသို့ပင်) သူတို့သည် သိပါလျက်နှင့် အလ္လာဟ်အရှင်မြတ်အ‌ပေါ်တွင် လိမ်လည်‌ပြောဆိုကြသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek