Quran with Burmese translation - Surah al-‘Imran ayat 76 - آل عِمران - Page - Juz 3
﴿بَلَىٰۚ مَنۡ أَوۡفَىٰ بِعَهۡدِهِۦ وَٱتَّقَىٰ فَإِنَّ ٱللَّهَ يُحِبُّ ٱلۡمُتَّقِينَ ﴾
[آل عِمران: 76]
﴿بلى من أوفى بعهده واتقى فإن الله يحب المتقين﴾ [آل عِمران: 76]
Ba Sein ၇၆။ အမှန်မှာ အလ္လာဟ်အသျှင်မြတ်ရွေးကောက်တော်မူသောသူသည် မိမိ၏ဂတိသစ္စာကို စောင့်ထိန်း၍ ဒုစရိုက်မကောင်းမှုကို ရှောင်ရှားသောသူဖြစ်၏။ အကြောင်းမူကား အလ္လာဟ်အသျှင်မြတ်သည် ဒုစရိုက်မှုကို ရှောင်ကြဉ်သူအား မြတ်နိုးတော်မူ၏။ |
Ghazi Mohammad Hashim ထိုသို့အလျင်းမဟုတ်၊ စင်စစ်(ထိုသူတို့အပေါ်၌အပြစ်ရှိပေသည်၊ အဘယ်ကြောင့်ဟူမူ) အကြင်သူသည်မိမိထားရှိအပ်သောပဋိညာဉ်ကို အတည်ပြု၍ (အလ္လာဟ်အရှင်မြတ်အား) ကြောက်ရွံ့ရိုသေပါမူ အလ္လာဟ်အရျှှင်မြတ်သည် ကြောက်ရွံ့ရိုသေသော သူတော်စင်တို့အား မုချ နှစ်သက်တော်မူပေသည်။ |
Hashim Tin Myint (သူတို့ပြောသကဲ့သို့)လုံးဝမဟုတ်၊ အမှန်စင်စစ်တွင် (အပြစ်ရှိသည်) အကြင်သူသည် သူ၏ကတိကို ပြည့်ဝအောင်ပြုလုပ်ပြီး အရှင်မြတ်အား ကြောက်ရွံ့အပြစ်ရှောင် ကောင်းကျိုးဆောင်လျှင် အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် ကြောက်ရွံ့အပြစ်ရှောင် ကောင်းကျိုးဆောင်သူများကို ချစ်ခင်မြတ်နိုးတော်မူသည်။ |