Quran with Burmese translation - Surah al-‘Imran ayat 84 - آل عِمران - Page - Juz 3
﴿قُلۡ ءَامَنَّا بِٱللَّهِ وَمَآ أُنزِلَ عَلَيۡنَا وَمَآ أُنزِلَ عَلَىٰٓ إِبۡرَٰهِيمَ وَإِسۡمَٰعِيلَ وَإِسۡحَٰقَ وَيَعۡقُوبَ وَٱلۡأَسۡبَاطِ وَمَآ أُوتِيَ مُوسَىٰ وَعِيسَىٰ وَٱلنَّبِيُّونَ مِن رَّبِّهِمۡ لَا نُفَرِّقُ بَيۡنَ أَحَدٖ مِّنۡهُمۡ وَنَحۡنُ لَهُۥ مُسۡلِمُونَ ﴾
[آل عِمران: 84]
﴿قل آمنا بالله وما أنـزل علينا وما أنـزل على إبراهيم وإسماعيل وإسحاق﴾ [آل عِمران: 84]
Ba Sein ၈၄။ အို-မိုဟမ္မဒ် ဟောကြားလော့။ အကျွနု်ပ်တို့သည် အလ္လာဟ်အသျှင်မြတ်နှင့် အသျှင်က အကျွနု်ပ်တို့အား ချပေးသနားတော်မူသော ကုရ်အာန်ကျမ်းတော်မြတ်၊ တမန်တော်အီဗရာဟီမ်၊ တမန်တော် အစ္စလာအီလ်၊ တမန်တော်အစ္စဟတ်၊ တမန်တော်ရာကွတ်၊ တမန်တော်ရာကွတ်၏ သား,မြေး,မြစ် တို့အား ချပေးတော်မူသော ကျမ်းတော်များကို ယုံကြည်ကြပါ၏။ တမန်တော်မူဆာ၊ တမန်တော် အီဆာနှင့် အခြားတမန်တော်များကို သူတို့၏အသျှင်သည် ချပေးသနားတော်မူသော ကျမ်းတော် များကိုလည်း ယုံကြည်ကြ၏။ အကျွနု်ပ်တို့သည် တမန်တော်တို့စပ်ကြား၌ ခွဲခြားပြုကြပါ။ အကျွနု်ပ်တို့သည် မိမိကိုယ်ကို အလ္လာဟ်အသျှင်မြတ်အား ပုံအပ်ကြပါ၏။ ကျိုးနွံ့နာခံကြပါ၏။ |
Ghazi Mohammad Hashim (အို-နဗီတမန်တော် မုဟမ္မဒ်) အသင်သည် ပြောကြားပါလေ။ အကျွန်ုပ်တို့သည် အလ္လာဟ် အရှင်မြတ်ကိုလည်းကောင်း၊ အကျွန်ုပ်တို့အပေါ်ဝယ် ျရောက်လာသောဓမ္မဒေသနာ (ကုရ်အာန် ကျမ်းတော်မြတ်)ကိုလည်းကောင်း၊နဗီတမန်တော် အစ်ဗ်ရာဟီမ်၊ နဗီတမန်တော်အစ္စမာအီလ်၊နဗီ တမန်တော်အစ္စဟာက်၊ နဗီတမန်တော်ယအ်ကူဗ်နှင့် (နဗီတမန် တော်ယအ်ကူဗ်၏) သားမြေး၊ မြစ်တို့ အပေါ်၌ ကျရောက်လာသောဒေသနာတော်များကို လည်းကောင်း၊ယုံကြည်ကြပါသည်။ ထို့ပြင် နဗီတမန်တော်မူစာ၊ နဗီတမန်တော် အီစာနှင့် အခြား နဗီတမန်တော် အပေါင်းတို့အား၎င်းတို့၏ အရှင်မြတ်အထံတော်မှ ပေးသနားတော် မူသောဒေသနာတော်များကိုလည်း ကျွန်ုပ်တို့ ယုံကြည်ကြပါသည်။(တဖန် ယင်းကဲ့သို့ ယုံကြည်ရာ၌) ထိုနဗီတမန်တော် အပေါင်းတို့အနက် တပါးနှင့် တပါး ခွဲခြားခြင်း အလျင်း မပြုကြပါ။အမှန်သော်ကား အကျွန်ုပ်တို့သည် ထို (တစ်ဆူတည်းသော)(အလ္လာဟ်အရှင်မြတ်၏ ဒေသနာတော်များ)ကို လိုက်နာသောမုစ်လင်မ်များ ဖြစ်ကြပါသည်။ |
Hashim Tin Myint (အို-တမန်တော်) အသင်ပြောလိုက်ပါ၊ ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်နှင့် ကျွန်ုပ်တို့အပေါ်တွင် ကျလာသောအရာ(ကုရ်အာန်ကျမ်းတော်မြတ်)၊ (တမန်တော်)အိဗ်ရာဟီမ်၊ (တမန်တော်)အစ္စမာအီလ်၊ (တမန်တော်)အစ္စဟာက်၊ (တမန်တော်)ယအ်ကူဗ်နှင့် (၎င်း၏) သားမြေး၊မြစ်တို့အပေါ်တွင် ကျလာသောအရာ( တရားတော်များ)ကို ယုံကြည်ကြပါသည်။ပြင် (တမန်တော်)မူစာ၊ (တမန်တော်)အီစာနှင့် အခြားနဗီတမန်တော်များကို ၎င်းတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်ထံတော်မှ ပေးသနားတော်မူသောအရာ (တရားတော်များ)ကိုလည်း ကျွန်ုပ်တို့ ယုံကြည်ခဲ့ကြပါသည်။ ထို့ပြင် ကျွန်ုပ်တို့သည် နဗီတမန်တော်များ၏ကြားတွင် တစ်ပါးပါးကို သူတို့ထဲမှ ခွဲခြားမှု မပြုကြပါ။ ထို့ပြင် ကျွန်ုပ်တို့သည် ထိုအရှင်မြတ်၏အမိန့်ကို နာခံသော မွတ်စ်လင်မ်များသာ ဖြစ်ကြပါသည်။ |