×

ရစူလ်တမန်တော်အား (အရှင်မြတ်စေလွှတ်တော်မူသည့် တမန်တော်ဖြစ်သည်မှာ) မှန်ကန်ကြောင်း သက်သေခံကြပြီး (အမှန်တရားကို ကွက်ကွက်ကွင်းကွင်း မြင်သာထင်ရှားစေသည့်) ရှင်းလင်းချက်များ သူတို့ထံ ရောက်လာ၍ လက်ခံယုံကြည်ပြီးနောက်တွင်မှ 3:86 Burmese translation

Quran infoBurmeseSurah al-‘Imran ⮕ (3:86) ayat 86 in Burmese

3:86 Surah al-‘Imran ayat 86 in Burmese (البورمية)

Quran with Burmese translation - Surah al-‘Imran ayat 86 - آل عِمران - Page - Juz 3

﴿كَيۡفَ يَهۡدِي ٱللَّهُ قَوۡمٗا كَفَرُواْ بَعۡدَ إِيمَٰنِهِمۡ وَشَهِدُوٓاْ أَنَّ ٱلرَّسُولَ حَقّٞ وَجَآءَهُمُ ٱلۡبَيِّنَٰتُۚ وَٱللَّهُ لَا يَهۡدِي ٱلۡقَوۡمَ ٱلظَّٰلِمِينَ ﴾
[آل عِمران: 86]

ရစူလ်တမန်တော်အား (အရှင်မြတ်စေလွှတ်တော်မူသည့် တမန်တော်ဖြစ်သည်မှာ) မှန်ကန်ကြောင်း သက်သေခံကြပြီး (အမှန်တရားကို ကွက်ကွက်ကွင်းကွင်း မြင်သာထင်ရှားစေသည့်) ရှင်းလင်းချက်များ သူတို့ထံ ရောက်လာ၍ လက်ခံယုံကြည်ပြီးနောက်တွင်မှ အမှန်တရားကို ဖီဆန်ငြင်းပယ်ကြသောလူမျိုးကို အလ္လာဟ်အရှင်မြတ်က မည်သို့ လမ်းညွှန်တော်မူမည်နည်း။ မှတ်သားသင့်သည်မှာ အလ္လာဟ်အရှင်မြတ်သည် အရှင့်စည်းမျဉ်းတော်များကို ချိုးဖောက်ကျူးလွန်၍ မဟုတ်မတရား မမှန်မကန်ပြုမူကျင့်ကြံသောလူမျိုးအား တရားလမ်းမှန် ညွှန်ပြတော်မမူချေ။

❮ Previous Next ❯

ترجمة: كيف يهدي الله قوما كفروا بعد إيمانهم وشهدوا أن الرسول حق وجاءهم, باللغة البورمية

﴿كيف يهدي الله قوما كفروا بعد إيمانهم وشهدوا أن الرسول حق وجاءهم﴾ [آل عِمران: 86]

Ba Sein
၈၆။ အကြင်လူမျိုးတစ်မျိုးသည် မှန်သောတရားတော်ကို ယုံကြည်ပြီးသော်လည်းကောင်း၊ တမန်တော် မိုဟမ္မဒ်သည် တမန်တော်အစစ်ဖြစ်ကြောင်းကို သက်သေခံပြီးမှသော်လည်းကောင်း၊ အလ္လာဟ်အသျှင်မြတ်သည် အချုပ်အခြာအာဏာပိုင်သတော်မူခြင်းကို ထင်ရှားသော သက်သေ သာဓကများရပြီးမှသော်လည်းကောင်း၊ မိစ္ဆာအယူဝါဒဘက်သို့ လွှဲပြောင်းသွားကြ၏။ ထိုသူတို့ကို အလ္လာဟ်အသျှင်မြတ်သည် အဘယ်သို့ လမ်းညွှန်တော်မူမည်နည်း။ အလ္လာဟ်အသျှင်မြတ်သည် မတရားမှုပြုကျင့်သည့်လူစုကို လမ်းပြတော်မမူပေ။
Ghazi Mohammad Hashim
ယုံကြည်ခြင်း သဒ္ဓါတရား ထားရှိပြီးနောက် ၎င်း၊ရစူလ်တမန်တော်[မုဟမ္မဒ် (ဆွ) ] သည် နဗီတမန်တော် အစစ်အမှန်ဖြစ်ကြောင်း သက်သေခံပြီးနောက်လည်းကောင်း၊ မိမိတို့ထံဝယ်(အစ္စလာမ် သာသနာတော်သည် မှန်ကန်သော သာသနာဖြစ်ကြောင်းနှင့်စပ်လျဉ်း၍) ထင်ရှားလှစွာသော သက်သေသာဓကများလည်း ရောက်ရှိခဲ့ပြီးနောက် လည်းကောင်းမယုံမကြည်သွေဖည် ငြင်းပယ်ကြကုန်သောလူစုကို အလ္လာဟ်အရှင်မြတ်သည် မည်သည့်နည်းဖြင့် တရားလမ်းမှန်ကို ညွှန်ကြားတော်မူပါအံ့နည်း။ အကြောင်းသော်ကား အလ္လာဟ်အရှင်မြတ်သည် မတော်မတရား ပြစ်မှုကျူးလွန်သူတို့အားတရားလမ်းမှန်ကို ညွှန်ကြားတော်မူမည်မဟုတ်ချေ။
Hashim Tin Myint
အလ္လာဟ်အရှင်မြတ်သည် ဤသို့‌သောလူမျိုးကို မည်သည့်နည်းဖြင့် လမ်းမှန်‌ပေးမည်နည်း။ ထိုလူမျိုးသည် အီမာန်ယုံကြည်ကြသည်၊ ၎င်းပြင် ရစူလ်တမန်‌တော် အမှန်ဖြစ်‌ကြောင်းကိုလည်း သက်‌သေခံကြသည်၊ ၎င်းပြင် သူတို့ထံသို့ ထင်ရှား‌သော သက်‌သေလက္ခဏာများလည်း ‌ရောက်ရှိခဲ့ပြီး ဖြစ်သည်၊ ထို့‌နောက်တွင်မှ သူတို့သည် ‌သွေဖည်ငြင်းပယ်လိုက်ကြသည်။ (ထိုသူများကို အရှင်မြတ်က မည်သည့်နည်းဖြင့် ဟိဒါယသ် ‌ပေးမည်နည်း)။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် မတရားကျူးလွန်သူများကို လမ်းမှန်သို့ ပို့‌ဆောင်‌တော်မူမည် မဟုတ်‌ပေ။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek