×

ထိုအရှင်မြတ်၏သက်သေလက္ခဏာတော်များတွင် “ညနှင့်နေ့တို့တွင် သင်တို့အား အိပ်စက်နားစေခြင်း သည်လည်းကောင်း၊ (မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက် သယံဇတ၊ အရင်းအမြစ်နှင့်အသက်ရှင်ရပ် တည်နိုင်သော ရက်ရောစွာ ပေးအပ်တော်မူထားသည့်) 30:23 Burmese translation

Quran infoBurmeseSurah Ar-Rum ⮕ (30:23) ayat 23 in Burmese

30:23 Surah Ar-Rum ayat 23 in Burmese (البورمية)

Quran with Burmese translation - Surah Ar-Rum ayat 23 - الرُّوم - Page - Juz 21

﴿وَمِنۡ ءَايَٰتِهِۦ مَنَامُكُم بِٱلَّيۡلِ وَٱلنَّهَارِ وَٱبۡتِغَآؤُكُم مِّن فَضۡلِهِۦٓۚ إِنَّ فِي ذَٰلِكَ لَأٓيَٰتٖ لِّقَوۡمٖ يَسۡمَعُونَ ﴾
[الرُّوم: 23]

ထိုအရှင်မြတ်၏သက်သေလက္ခဏာတော်များတွင် “ညနှင့်နေ့တို့တွင် သင်တို့အား အိပ်စက်နားစေခြင်း သည်လည်းကောင်း၊ (မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက် သယံဇတ၊ အရင်းအမြစ်နှင့်အသက်ရှင်ရပ် တည်နိုင်သော ရက်ရောစွာ ပေးအပ်တော်မူထားသည့်) ထိုအရှင်မြတ်၏ကျေးဇူးတော်များမှ ရှာမှီးရယူခြင်းသည် လည်းကောင်း၊” ပါဝင်၏။ ဧကန်မုချ၊ ထို (သို့ အသက်ရှင်ရပ်တည်ရေးဆိုင်ရာ လိုအပ်ချက်များကို ဖြည့်ဆည်းစေတော်မူခြင်း) ၌ (အရှင့်အမိန့်တော်များနှင့်အမှန်တရားကို) နာယူကြသော လူမျိုးတို့အတွက် အမှန်ပင် အာယသ်သက်သေလက္ခဏာတော်များ ရှိနေ၏။

❮ Previous Next ❯

ترجمة: ومن آياته منامكم بالليل والنهار وابتغاؤكم من فضله إن في ذلك لآيات, باللغة البورمية

﴿ومن آياته منامكم بالليل والنهار وابتغاؤكم من فضله إن في ذلك لآيات﴾ [الرُّوم: 23]

Ba Sein
၂၃။ တဖန်အလ္လာဟ်အရှင်မြတ်၏ တန်ခိုးတော်အ့ံဖွယ်တော်များအနက် တစ်ပါးမှာ သင်တို့သည် နေ့နှင့် ညတွင် အိပ်စက်အမောအပန်းဖြေခြင်းနှင့် အရှင်မြတ်၏ ရိက္ခာကျေးဇူးတော်ကို ရှာမီးခြင်းတို့ဖြစ်ကြ၏၊ မှတ်သားကြလော့၊ ဤအချင်းအရာတွင် တရားတော်ကို လေးစားသူတို့အဖို့အရာ နိမိတ်လက္ခဏာတော်ကြီးများအမှန်ပါရှိ၏။
Ghazi Mohammad Hashim
၎င်းပြင် ထိုအရှင်မြတ်၏ သက်သေလက္ခဏာတော်များအနက်မှပင် ညနှင့်နေ့၌ အသင်တို့အိပ်စက်ခြင်းသည်လည်းကောင်း၊ ထိုအရှင်မြတ်၏ ကျေးဇူးတည်းဟူသော စားနပ်ရိက္ခာကို အသင်တို့ ဆည်းပူး ရှာဖွေခြင်းသည်လည်းကောင်း၊ ဧကန်မုချ ဤသည်၌ ကြားနာသူတို့အဖို့ အမှန်ပင် သက် သေလက္ခဏာများသည် ရှိကုန်သတည်း။
Hashim Tin Myint
ထို့ပြင် အရှင်မြတ်၏သက်‌သေလက္ခဏာများထဲတွင် ညနှင့်‌နေ့၌ အသင်တို့ အိပ်စက်မှုနှင့် အရှင်မြတ်၏‌ကျေးဇူး‌တော် စားနပ်ရိက္ခာကို အသင်တို့ ရှာ‌ဖွေမှု(လည်းပါဝင်သည်)။ အမှန်စင်စစ် ထိုအထဲတွင် ကြားနာသူများအတွက် အမှန်ပင် သက်‌သေလက္ခဏာများရှိသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek