Quran with Burmese translation - Surah Ar-Rum ayat 43 - الرُّوم - Page - Juz 21
﴿فَأَقِمۡ وَجۡهَكَ لِلدِّينِ ٱلۡقَيِّمِ مِن قَبۡلِ أَن يَأۡتِيَ يَوۡمٞ لَّا مَرَدَّ لَهُۥ مِنَ ٱللَّهِۖ يَوۡمَئِذٖ يَصَّدَّعُونَ ﴾
[الرُّوم: 43]
﴿فأقم وجهك للدين القيم من قبل أن يأتي يوم لا مرد له﴾ [الرُّوم: 43]
Ba Sein ၄၃။ ထို့ကြောင့်ရှောင်တိမ်း၍မရနိုင်သောနေ့တော်ကြီးသည် အလ္လာဟ်အရှင်မြတ်အထံတော်မှ မကျရောက်မီ သင်သည် သာသနာအစစ်အမှန်ကို စိတ်အားထက်သန်စွာနှင့် ယုံကြည်အားထုတ်လော့၊ ထိုနေ့တော်ကြီး၌ လူသားအပေါင်း တို့ကို နှစ်မျိုးနှစ်စားခွဲခြားထားလိမ့်မည်။ |
Ghazi Mohammad Hashim သို့ဖြစ်ပေရာ အသင်သည် မိမိ၏မျက်နှာကို(ဤသို့) ဖြောင့်မတ်သော ‘ဒီန်’ သာသနာပေါ် မြဲမြံတည်တံ့စွာ ထားရှိလော့၊ အလ္လာဟ်အရှင်မြတ်အထံတော်မှ ရွှေ့ပြောင်းမှုအလျှင်းရှိမည် မဟုတ်သောနေ့ ဆိုက်ရောက်မလာမီ ထိုနေ့တွင်လူတို့သည် တကွဲစီရှိ ကြပေမည်။ |
Hashim Tin Myint ထို့နောက် အလ္လာဟ်အရှင်မြတ်ထံတော်မှ ပြောင်းရွှေ့ပေးမှု လုံးဝမရှိမည့်နေ့၊ လူများသည် တကွဲတပြားစီဖြစ်ကြမည့်နေ့ မတိုင်မီတွင် အသင်သည် အသင်၏မျက်နှာ(ဦးတည်ရာ)ကို ဖြောင့်မတ်သော သာသနာပေါ်တွင် တည်တံ့ခိုင်မြဲစွာထားပါ။ |