Quran with Burmese translation - Surah Ar-Rum ayat 44 - الرُّوم - Page - Juz 21
﴿مَن كَفَرَ فَعَلَيۡهِ كُفۡرُهُۥۖ وَمَنۡ عَمِلَ صَٰلِحٗا فَلِأَنفُسِهِمۡ يَمۡهَدُونَ ﴾
[الرُّوم: 44]
﴿من كفر فعليه كفره ومن عمل صالحا فلأنفسهم يمهدون﴾ [الرُّوم: 44]
Ba Sein ၄၄။ အကြင်သူသည် အယူမှားအ့ံ၊ ထိုသူသည် ထိုနေ့တော်ကြီး၌ မိမိ၏ မိစ္ဆာဝါဒ၏ အကျိုးဆက်များကို ခံစားရ၏၊ သို့သော်မှန်ကန်မှုကို ပြုကျင့်သူတို့မူကား မိမိတို့အတွက် ရိက္ခာစုဆောင်းထားကြ၏။ |
Ghazi Mohammad Hashim မည်သူမဆို သွေဖည်ငြင်းပယ်ခဲ့မူ ၎င်း၏သွေဖည်မှုသည် ၎င်း၏အပေါ်၌သာ ကျရောက်ပေမည်။ ထိုနည်းတူစွာ မည်သူမဆို ကောင်းမြတ်သော အကျင့်သီလကို ဆောက်တည်ခဲ့မူ ၎င်းတို့သည် မိမိတို့အကျိုးငှာ စီမံဆောင်ရွက်နေကြခြင်းသာ ဖြစ်သည်။ |
Hashim Tin Myint မည်သူမဆို ငြင်းပယ်ခဲ့လျှင် သူ၏ငြင်းပယ်မှု(၏ဆိုးကျိုးများ)သည် သူ၏အပေါ်၌ပင် ကျရောက်မည်ဖြစ်သည်။ ထို့ပြင် မည်သူမဆို ကောင်းမြတ်သည့်လုပ်ရပ်ကို ပြုလုပ်ခဲ့လျှင် သူတို့သည် သူတို့၏အကျိုးအတွက်ပင် စီမံပြုလုပ်နေကြခြင်းဖြစ်သည်။ |