×

(စိတ်ရင်းစေတနာဖြူစင်စွာဖြင့်) သက်ဝင်ယုံကြည်ကြသူများသည်သာ ငါအရှင်မြတ်၏အာယသ် သက်သေလက္ခဏာတောတော်များနှင့်စပ်လျဉ်း၍ (သူတို့အား) သတိရ တသ၍ ထုတ်ဖော်ဖွင့်ရန် သတိပေး တိုက်တွန်း ခြင်းခံရသောအခါ (ငိုကြွေး၍ 32:15 Burmese translation

Quran infoBurmeseSurah As-Sajdah ⮕ (32:15) ayat 15 in Burmese

32:15 Surah As-Sajdah ayat 15 in Burmese (البورمية)

Quran with Burmese translation - Surah As-Sajdah ayat 15 - السَّجدة - Page - Juz 21

﴿إِنَّمَا يُؤۡمِنُ بِـَٔايَٰتِنَا ٱلَّذِينَ إِذَا ذُكِّرُواْ بِهَا خَرُّواْۤ سُجَّدٗاۤ وَسَبَّحُواْ بِحَمۡدِ رَبِّهِمۡ وَهُمۡ لَا يَسۡتَكۡبِرُونَ۩ ﴾
[السَّجدة: 15]

(စိတ်ရင်းစေတနာဖြူစင်စွာဖြင့်) သက်ဝင်ယုံကြည်ကြသူများသည်သာ ငါအရှင်မြတ်၏အာယသ် သက်သေလက္ခဏာတောတော်များနှင့်စပ်လျဉ်း၍ (သူတို့အား) သတိရ တသ၍ ထုတ်ဖော်ဖွင့်ရန် သတိပေး တိုက်တွန်း ခြင်းခံရသောအခါ (ငိုကြွေး၍ ရိုကျိုးစွာ မှောက်ခုံလျက်) ဦးချပျပ်ဝပ်ကြလေ့ရှိ၏။ ထို့ပြင် သူတို့သည် (အရှင့် စည်းမျဉ်းတော်များကို နာခံလျက်) သူတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုး ထောင်စေတော်မူသော အရှင်မြတ်ကို ချီးမွမ်းခြင်းနှင့်ကျေးဇူးတင်ခြင်းအားဖြင့် (အရှင်မြတ်သည် ချို့တဲ့မှု လုံးဝ ကင်းရှင်းပြီး အနှိုင်းမဲ့ အရှင်ဖြစ်တော်မူကြောင်း မည်သည့်အရာကိုမျှ အကြောင်းမဲ့ ဖွဲ့စည်းဖြစ်တည် စေတော်မမူကြောင်းနှင့် ကိုးကွယ် ထိုက်သော ပကတိဂုဏ်တော်အားလုံးကိုပိုင် ဆိုင်တော်မူသော အရှင်ဖြစ်ကြောင်းကို ထင်ရှားစေလျက်) စင်ကြယ်သန့်ရှင်းတော်မူကြောင်းကို ဂုဏ်တင်ကြ၏။ ထို့ပြင် သူတို့သည် မာန်မာနထောင်လွှားကြသည် မဟုတ်ပေ။

❮ Previous Next ❯

ترجمة: إنما يؤمن بآياتنا الذين إذا ذكروا بها خروا سجدا وسبحوا بحمد ربهم, باللغة البورمية

﴿إنما يؤمن بآياتنا الذين إذا ذكروا بها خروا سجدا وسبحوا بحمد ربهم﴾ [السَّجدة: 15]

Ba Sein
၁၅။ ငါ၏တရားတော်များကို ယုံကြည်သူများသာလျှင် တရားတော်ကို ကြားနာရသောအခါ ဦးညွှတ်ချကြ၏၊ သူတို့ သည် သူတို့၏အရှင်သခင်၏ ဂုဏ်ကျေးဇူးတော်ကို ရင့်ကျုးကြ၏၊ ဤသူတို့သည် မာန်မာနခက်ထန်သူများ မဟုတ်ချေ။
Ghazi Mohammad Hashim
ငါအရှင်မြတ်၏ အာယတ်တော်များကို အကြင်သူတို့သည်သာလျှင် သက်ဝင်ယုံကြည်ကြကုန်၏။ ထိုသူတို့သည်ယင်းအာယတ်တော်များဖြင့် သတိပေးခြင်းကိုခံခဲ့ကြရသောအခါ ၎င်းတို့သည်(အလ္လာဟ်အရှင်မြတ်၏ရှေ့တော်မှောက်ဝယ်) စဂျ်ဒဟ် ပျပ်ဝပ် ဦးချလျက်ကျလာကြကုန်၏။ ထို့ပြင်၎င်းတို့သည် မိမိတို့၏အရှင်မြတ်အား ချီးမွမ်းခြင်းနှင့်တကွ(ထိုအရှင်မြတ်) စင်ကြယ်သန့်ရှင်းတော်မူကြောင်းကို မြွက်ဆိုကြသည့်ပြင် ၎င်းတို့သည် မာနထောင်လွှားခြင်း လည်း မရှိကြပေ။(စဂျ်ဒဟ်)
Hashim Tin Myint
ငါအရှင်မြတ်၏အာယသ်‌တော်များကို အကြင်သူများပင် ယုံကြည်ကြသည်။ ထိုသူများသည် ထိုအာယသ်‌တော်များနှင့် သတိ‌ပေးခြင်းခံခဲ့ကြရသည့်အခါ သူတို့သည် မာန‌ထောင်လွှားခြင်းမရှိကြဘဲလျက် စဂျ်ဒဟ်ဦးချကာ ကျလာခဲ့ကြသည်။ ထို့ပြင် သူတို့သည် သူတို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်အား ချီးမွမ်းမှုနှင့်တကွ သန့်ပြန့်စင်ကြယ်‌တော်မူ‌ကြောင်းကို ရွတ်ဆိုခဲ့ကြသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek