Quran with Burmese translation - Surah As-Sajdah ayat 14 - السَّجدة - Page - Juz 21
﴿فَذُوقُواْ بِمَا نَسِيتُمۡ لِقَآءَ يَوۡمِكُمۡ هَٰذَآ إِنَّا نَسِينَٰكُمۡۖ وَذُوقُواْ عَذَابَ ٱلۡخُلۡدِ بِمَا كُنتُمۡ تَعۡمَلُونَ ﴾
[السَّجدة: 14]
﴿فذوقوا بما نسيتم لقاء يومكم هذا إنا نسيناكم وذوقوا عذاب الخلد بما﴾ [السَّجدة: 14]
Ba Sein ၁၄။ အို-မိစ္ဆာမိုက်တို့၊ နင်တို့ကျုးလွန်ခဲ့သောအကုသိုလ်မကောင်းမှုများ၏ အပြစ်ဒုက္ခကို မြည်းကြလော့၊ အကြောင်း မူကား နင်တို့သည် ဤတရားစီရင်တော်မူသောနေ့တော်ကြီးကို ရင်ဆိုင်ရမည်ကို သတိမမူမေ့လျော့ခဲ့ကြ၏၊ ယခုမူကားငါသည် နင်တို့ကို မေ့လျော့၏၊ နင်တို့သည် ဒုစရိုက်မကောင်းမှုကို ပြုကျင့်ခဲ့သောကြောင့် ထာဝရ ခံစားရသည့်ငရဲအပြစ်ဒဏ်ကို မြည်းစမ်းကြလော့။ |
Ghazi Mohammad Hashim (သို့ဖြစ်ပေရာ ၎င်းတို့သည် ကိယာမတ် ရှင်ပြန်ထမည့်နေ့တွင် ဤသို့ပြောဆိုခြင်းကို ခံကြရပေမည်) ယခုသော်အသင်တို့သည် မိမိတို့၏ ဤနေ့ဤရက်နှင့် တွေ့ဆုံကြရမည်ကိုမေ့ပျောက်ခဲ့ခြင်း၏ အရသာကို မြည်းစမ်းကြကုန်လော့။ ငါအရှင်မြတ်သည်လည်း အသင်တို့အား မေ့ထားတော်မူပြီ။ ၎င်းပြင် အသင်တို့သည် မိမိတို့ကျင့်မူလျက်ရှိခဲ့ ကြကုန်သောအကျင့်အမူများကြောင့် ထာဝရပြစ်ဒဏ် ၏အရသာကို (မြိန်ရှက်စွာ) မြည်းစမ်းကြကုန်လော့။ |
Hashim Tin Myint “ယခုမူ အသင်တို့သည် အသင်တို့၏ ဤနေ့ဤရက်တွင် တွေ့ဆုံကြရမည်ကို မေ့နေခဲ့ခြင်း၏အရသာကို မြည်းစမ်းကြပါ။ ငါအရှင်မြတ်သည်လည်း အသင်တို့အား မေ့ထားတော်မူလိုက်ပြီဖြစ်သည်။ ထို့ပြင် အသင်တို့သည် အသင်တို့ပြုလုပ်ခဲ့ကြသော လုပ်ရပ်များကြောင့် ထာဝရ ပြစ်ဒဏ်၏အရသာကို မြည်းစမ်းလိုက်ကြပါ။“ |